Thursday, June 28, 2007

ဝှက်ဖဲ (သို့) ကြိုးဆွဲရုပ်

မနေ့က အတန်းထဲမှာ ဆရာကပြောတယ်။ နိုင်ငံခြားထွက်မဲ့ သူတွေလည်းနိုင်ငံခြား ကို မြန်မြန်ထွက်ကြဖို့။ မထွက်သေးမဲ့လူတွေလည်း အခြေအနေကိုဆောင့်ကြည့်ဖို့ပြောပါတယ်။ မကြာခင်မှာ နောက်ဆုံးအကြိမ်အဖြစ် အမျိုးသားညီလာခံကြီးစတော့မှာတဲ့။ ညီလာခံမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးပြီးရင် မင်းတို့မဲ(၂)ကြိမ်ပေးကမယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကိုအတည်ပြုတာက တစ်ကြိမ်၊ ရွေးကောက်ပွဲက မဲပေးတာက တစ်ကြိမ်တဲ့။
အဲ့ဒါတွေပြီးရင် ဘယ်အစိုးရတက်မလဲ မသိသေးဘူး။ အစိုးရသစ်တက်ရင်ပေါ်လစီ အပြောင်းအလဲ၊ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနှောက်နှေးနေမှာစိုးလို့ လို့ပြောပါတယ်။ ကျတော်ကတော့ ဒီအတိုင်းကြီးမြောနေတာနဲ့စာရင် အပြောင်းအလဲတစ်ခုခုဖြစ်ပါစေလို့ မျှော်နေရတာပဲ။
နောက်တစ်ခုတွေးမိတာက တော့ နောက်အစိုးရမှာ ခေါင်ဆောင်က ဘယ်သူဖြစ်မလဲ။ သူတို့က တော့သူတို့ရှေ့ရေးကို ကြည်မှာပဲ။ အဲဒီတော့ ဟိုအရင်တုန်းကလိုပဲ ယူနီဖောင်းချွတ်ပြီး အရပ်ဖက်ပြောင်းမလား။ အဲ့ဒါတော့မဖြစ်လောက်ဖူးထင်တယ်။ထိပ်ပိုင်းနှစ်ယောက်ပေါ့။ မှန်မှန်ကန်ကန် ရွေးကောက်ပွဲလုပ်မယ်ဆိုရင်တော့ သူတို့မရမှာသေချာပါတယ်။ ဒါမှမဟုတ် သူတို့ ကြိုးဆွဲရာ ကမဲ့ အရုပ်နဲပါတီဟာ ဘယ်သူဖြစ်မလဲ။ကျတော်စဉ်းစားမိတာကတော့ ၁.ဦးခင်ရွှေ ၂.ဆရာကျောင်း ၃.ဦးတေဇ ………ဘယ်သူဖြစ်မလဲ။ ဒါမမဟုတ် သူရရွှေမန်းကို အငြိမ်းစားပေးပြီးတော့ သူတို့ရဲ့ ကြိုးဆွဲရုပ်လုပ်ထားမလား။ သူရရွှေမန်းကိုတော့ တော်တော်နေရာပေးထားပါတယ်။ ကျတော် စဉ်းစာမိသလောက်ပေါ့လေ။
အဲဒါတွေ တစ်ခုမှမဟုတ်ပဲ “အရှင်ထွက်တော့မထွက်ဘူး၊ အသေထွက်ပဲထွက်မယ်” ဆိုပြီ သေမှပဲအာဏာစွန့်ရင့်တော့ သေပြီဆရာ လို့ပဲအော်ကတော့မှာပေါ့။

0 comments: