Thursday, November 29, 2007

သင်ရိုးသစ်တဲ့လား

တနေ့က သတင်းထဲမှာ အခြေခံပညာ အထက်တန်းသင်ရိုးတွေ ဆက်ပြီးအဆင့် မြှင့်အုံးမယ်တဲ့။ ကျတော်သိသလောက် ကျတော်တို ၁၀တန်းတုန်းက တစ်ခါ (1998က) ။ နောက်တခါက 2001 လို့ထင်ပါတယ်။ အခုတခါ 2008-2009 ပညာသင်နှစ်က စမှာပါ။ သင်ရိုးသစ် တွေပြောင်းလဲ ဘာမှမထူးလာပါဘူး။ အဲ့ဒီလိုပြောင်းတော့ကော ကျတော်တို့ နိုင်ငံတကာ အဆင့်မီလာသလား။ ပိုနိပ်ကျလာသလားလို့ပါ။ ဘာကြောင့်လဲ။
ကျတော့အထင် သင်နည်းစနစ်ပါ။ သင်နည်းစနစ်မပြောင်းသ၍ တိုးတက်လာဖို့ မရှိပါဘူး။ သင်နည်းစနစ်တွေကိုလည်း စမ်းတော့စမ်းနေကြတာပါပဲ။ ဥပမာတစ်ခုအနေနဲ့ ကျတော်တို့ အင်္ဂလိပ်စာကို သူငယ်တန်းထဲကနေ သင်လာတာ ၁၀တန်းအောင် တစ်ယောက်ဆို ၁၁ နှစ်တိတိပါ။ အဲဒီ ၁၀တန်းအောင်တစ်ယောက် ဟာ အင်္ဂလိပ်စကားကော ကောင်းကောင်းပြောတက်လား။ မပြောတက်ပါဘူး။ ကောင်းကောင်း ရေးတက်လား ဆိုတော့လည်း နိုးပါပဲ။
ကိုရီးယားတွေဟာ အင်္ဂလိပ်စာကို ရ တန်းရောက်မှသင်ရတာပါ။ ဒါပေမဲ့ ကျတော်တို့ထက် ပြောတက်ရေးတက်ပါတယ်။ ဘာတွေမှားနေလဲဆိုတာ စဉ်းစားဖို့တော့ ကောင်းပါတယ်။

0 comments: