Monday, November 19, 2007

Electricity in Myanmar

မိုးကုန်ပြီဆိုတာ နဲ့ကျတော်တို့ဆီမှာ မီးပြသာနာနဲ့ အမြဲရင်ဆိုင်နေရတယ်။ ရေမရှိလို့မီးမလာတာလား။ မီးမလာလို့ ရေမရှိတာလား ကျတော်လည်းမသိပါဘူး။ ဒါပေမဲ့ ဆောက်လိုက်တဲ့ ဆည်တွေ၊ရေကာတာတွေက တစ်နှစ်တစ်နှစ်ကိုမနည်းဘူး။ ပေါင်းလောင်းမပြီးခင်တုန်းကတော့ ပေါင်းလောင်းပြီးရင် တစ်နိုင်ငံလုံးမီးမှန်မယ်။ဘာနဲ့ညာနဲ့။ ဟော ပေါင်းလောင်းပြီးတော့ မီးမှန်မယ် ဘာသံညာသံတွေတိတ်သွားပြန်ကော။ ကျတော်မှတ်မီသေးတာက ပေါင်းလောင်း ဖွင့်ပွဲတစ်ခုမှာ မိန့်ခွန်းပြောသွားတာက
Hydroelectric power က သဘာဝကိုမှီခိုနေရတယ်။ ရေမရှိရင် အလုပ်မဖြစ်ဘူးပါဘူး ညာဘူးပြောပြန်ကော။ အလုပ်မဖြစ်ရင် အစကတဲက မလုပ်ပါနဲ့လား။ အခုတော့ ငွေတွေကုန် သယံဇာတတွေ ပျက်စီးနဲ့။
ဒီနေ့ထွက်တဲဂျာနယ်ထဲမှာ ကျတော်တို့ နိုင်ငံဟာ ကမ္ဘာမှာ သဘာဝဓါတ်ငွေ့အများဆုံး ထွက်တဲ့နိုင်ငံထဲမှာ အဆင် ၁၀ ထက်ကိုတိုးတက် လာဘို့ရှိတယ်လို့ပါပါ တယ်လို့ဆိုပါတယ်။ ဒါဆို သဘာဝဓါတ်ငွေ့နဲ့ လျှပ်စစ်တိုးထုတ်ပါလား။ အခုအခြေအနေမှာတောင် သဘာဝဓါတ်ငွေ စက်ရုံတွေစက်စွမ်းအားပြည့် မလည်နိုင်ရှာဘူး။ ဓါတ်ငွေ အလုံအလောက်မရှိလို့ လို့သိရပါတယ်။ ဓါတ်ငွေလုံလောက်အောင် ရရင်လည်း စက်ရုံထက်ဆောက်ဖို့ စက်တွေဝယ်ဖို့ အတွက်အဆင်မပြေပါဘူး။ နိုင်ငံကို စက်တွေမရောင်းဖို့ အားလုံးကပိတ်ထားပါတယ်။
အဲဒိတော့ မီးမလာ။ မီးမလာတော့ မီးစက်တွေဝယ်။ မီးစက်အတွက် ဒေါ်လာကုန်။ ဆီမရှိတော့ ဆီဝယ် ဆီအတွက်ဒေါ်လာကုန်။ သဘာဝဓါတ်ငွေရောင်းရတဲ့ငွေလေး ဟာ အဲဒီလို နဲ့ပဲကုန်သွားပါတော့တယ်။ ကုလားခပ်တဲ့ရေ ကုလားခြေ ဆေးတာနဲ့ကုန် သလိုပေါ့။နောက်ဆုံး ဘယ်သူတွေ ချမ်းသာသွားလဲဆိုတော့ ဆီပါမစ်ချပေးတဲ့သူ၊ဆီသွင်းခွင့် ရတဲ့သူ။ စက်သွင်းခွင့်ပါမစ်ချပေးတဲ့သူ၊ စက်သွင်းတဲ့သူတွေပဲပေါ့။ တိုင်းပြည်ကတော့ ဒုံရင်းက ဒုံရင်းပါပဲ။
တဆက်ထဲ Nuclear energy အကြောင်းဆက်ပြေခြင်ပါသေးတယ်။ nuclear energy အတွက်ဆို ပြီး အစိုးရအကုန်အကျများစွာ ခံပြီး ကကောင်တွေကို Russia ကိုလွှတ်ပါတယ်။ သူတို့ပြန်လာတော့ ဘာတက်လာလည်းဆိုတော့ တတ်တာတစ်ခုပဲရှိပါတယ်။ ရေခဲကျုံးတက်တာတစ်ခုပါပဲ။ ကျောင်းမတက်ပဲ ရေခဲကျုံးပြီး အိမ်ကိုငွေပြန်ပို့နေလို့ပါ။ master thesis ဆိုပြီ 10 မျက်နှာလောက်ရှိတဲ့ project ရေးခိုင်းပြီး master ပေးပြီးပြန်လွှတ် လိုက်တာပါ။ nuclear နည်းပညာကို ဘယ်နိုင်ငံက တော်ရုံနဲ့ပေးမလဲ။ ပညာတော်သင်ဖို့ လွှတ်တာကလည်း ဘာမတက်ညာမတက်ကောင်တွေ။

0 comments: