Wednesday, January 2, 2008

နှာစေးနေလား ဒီဆေးသောက်

အခုတလော ဆောင်းက ပြန်အေးလာတယ်နော်။ ကျတော့ မာမီ(မေမေ) လည်း နှာစေး၊ နှာခေါင်းပိတ် ပြီးနေမကောင်းဖြစ်တာပေါ့။ အရမ်းကြီးဖြစ်တာ မဟုတ်တော့ ဆေးခန်းလည်းမသွားဘူး။ ဟိုဆေးသောက် ဒီဆေးသောက် ပေါ့။ သက်သာလိုက် ပြန်ဖြစ်လိုက်ပေါ့။ ဒါနဲ့ အိမ်က ဒရိုင်ဘာ မိန်းမက အိမ်မှာ လာဝိုင်လုပ်ပေးရင်း မာမီနှာစေးတာ တွေတော့ ဘာဆေးသောက်လဲ ပြောရင်း သူနှာစေးရင်တော့ ကုလားလေးကောင် သောက်တယ်။ ကောင်းတယ်ပေါ့ ။ ဒါနဲ့မာမီက ဘယ်ဆိုင်မှာဝယ်ရလဲပေါ့။ ကုလားလေးကောင် ဆိုတာသူလည်းမကြားဖူးဘူးပေါ့။ သူကဆေးဆိုင်မှာ ကုလားလေးကောင် ဆိုပြီးဝယ်ရင်ရတယ်ဆိုတယ်။ အဲဒါနဲ့ အိမ်ကကောင်မလေးကို ၀ယ်ခိုင်းလိုက်တာပေါ့။ ကုလားလေးကောင်ဆိုတော့ ကျတော်တို့ထင်တာက ဗမာဆေး၊ ထင်တာပေါ. ။ ၀ယ်ခိုင်းတဲ့သူ အိမ်ပြန်ရောက်တော့မှ ကြည်တော့ ကုလားလေးကောင် ဆိုတာ MIXA GRIP ဗျ။ ကုလားလေးကောင်တော့ မဟုတ်ဘူး။ကုလားတကောင် နှပ်ညစ်နေတဲ့ပုံ လေးပုံ ပါတော့ ကုလားလေးကောင် ဖြစ်သွားကောဗျာ။
Technorati Tags: rel="tag">mylife, rel="tag">myanmarfamily

0 comments: