Thursday, January 24, 2008

တရားပွဲများ မပိတ်ပါ သို့သော်

ပြီးခဲ့တဲ့ အပတ်က the voice ဂျာနယ်မှာ ဦးကောဝိဒ။ဖြူးဆရာတော်တို့ ကို တရားပွဲများ ပိတ်ထားတာ မဟုတ်ကြောင်း ဆရာတောဦးကောဝိဒရဲ့ အဖြေနဲ့ပါလာပါတယ်။ တကယ်လည်းမပိတ်ပါဘူး။ သို့သော် ….. ဒီလိုခင်ဗျား ….
ဟိုတလောက ပဲခူးနားက ရွာတစ်ရွာမှာ ဆရာတော်ကောဝိဒ တရားပွဲရှိတယ်။ သူတို့ အမေနှစ်ပတ်လည် အတွက်တရားပွဲကျင်းပပေး တာပါ။ တရားပွဲအတွက် ပါမစ်ကို မယက ရုံးမှာသွားလျောက်ရတယ်။ သွားလျောက်တော့ ဘာအတွက်ကျင်းပတာလဲ။ ဘာဖြစ်လို့ ဒီဆရာတော်နဲ့ကျင်းပတာလဲ လို့မေးပါတယ်။ ပြီတော့ ဆရာတော်ကို နိုင်ငံရေးအကြောင်း တွေမဟောပါနဲ့ လို့ လျောက်ပါမယ်ဆိုတဲ့ အကြောင်း ကတိခံဝန်ချက်ရေး၇ပါတယ်။ ပြီးတော့ လည်း ပွဲပြီးရင် သူတို့ဆီကို တိပ်(သို့) vcd ပို့ပေးပါမယ်လို့ ခံဝန်ေ၇း၇ပါတယ်။
ဒါတွေကြောင့် တရားပွဲများ မပိတ်ပါ သို့သော်
စာကြွင်း ။။ တရားပွဲမှာ ငြိစွန်းတာ တခွန်းမှ မဟောပါ။ ဆရာတော်လည်း ဘာခံဝန်တွေ လက်မှက်ထိုးထားရလည်းမသိပါ။

0 comments: