Thursday, February 28, 2008

ကျတော် ဘလော့ နာမည်

ကျတော့ ဘလော့နာမည် kookgyi ကို သူငယ်ချင်းတစ်ယောက် ကမေးပါတယ်။ မင်းနာမည်ကြီးက ဘယ်လိုကြီးလဲတဲ့။ ဘာအဓိပ္ပါယ်လည်း တဲ့။ ကျတော်က နောက်တော့ရှင်းပြမယ်ဆို ပြီးမရှင်းပြဖြစ်ပါဘူး။
ကျတော် ဘလော့ စလုပ်မယ်ဆိုတော့ နာမည်
ဘယ်လိုပေးရင်ကောင်းမလဲ စဉ်းစားတာပေါ့။ စာအုပ်ထဲက နာမည်လှလှလေးတွေ ကိုလည်းစိတ်ကူးကြည်။ အဆုံပါပဲ။ နောက်ဆုံးတော့ ကျတော့ ကြီးမေ(ကျတော့ အမေရဲ့အမ) က ကျတော့ကို ခေါ်တဲ့ ကွတ်ကြီး ဆိုတဲ့နာမည်ပဲပေးဖြစ် သွါးတယ်။ ကွတ်ကြီးဆိုတာ ကျတောတို့ငယ်ငယ်က အမီနာ၊ရာကွတ် ရုပ်ရှင်က အရမ်းနာမည်ကြီတယ်တဲ. အခုခေတ် ပေါင်ချိန်၊ကျန်ကျောင်းတို့လိုပဲထင်ပါတယ်။ (အိမ်က အဖေအမေတွေကို မေးကြည့်နော် နာမည်ကြီးလားလို့) ဒါနဲ့ ကျတော့ ကို ချစ်စနိုးနဲ ရာကွတ် လို့ခေါ်ရာကနေ နောက်ပိုင်း ကွတ်ကြီး လို့ခေါ်လာပါတယ်။ အခုထိတော့ ကျတော့ အမေဖက်က အမျိုးတွေက ခေါ်တုန်းပဲ။
နောက် ပုလုကွေးဆိုတဲ့ နာမည်-- ကျတော်ဒီနာမည်ကို ဆရာဦးဝင်းငြိမ်းရဲ့ ရွှေ ၆၁ ထဲက လွန်းထားထားရဲ့ ၀တ္ထုထဲ ကပါ။နာမည်လေး ကို ကြိုက်လိုပါ။ တောင်ပုလုမြို့ ကပုလုကွေးမဟုတ်ပါဘူးဗျာ။ ....

မီးလောင်ပြီးတော့

မန္ကလေးမှာ မီးလောင်တာ အားလုံးလဲသိပြီးကြမှာပါ။ မီးလောင်တာကို ဒီအတိုင်းထိုင်ကြည်နေကြရတာတဲ့။ မီသတ်ကားအလုံအလောက် မရှိတော့ ဘာမှမတက်နိုင်ဘူးပေါ့။ တီဗီတွေထဲ မှာတော မီးလောင်ရင် ကယ်ဖို့ တိုက်တွေပေါ်က နေ တွယ်တက် တွယ်ဆင်း နေတာတွေတွေပါတယ်။ အဲဒါတွေ ဘယ်နားသွားထားလဲ မသိပါဘူး။ ကျတော်တို့ နိုင်ငံမှာက for show တွေသိပ်များတာပဲ။ တကယ်တတယ်တော့ဘာမှသုံးမရဘူး။ မီးသတ်သမားတွေ အများစုကလည်း စေတနာ့ ၀န်ထမ်းတွေများပါတယ်။ မီးသတ်ကားတွေ ကလည်း အိုဟောင်းနေပါပြီ။ မီးလောင်ရင်ကာကွယ်ဖို့ planတွေ project တွေလည်းရှိပုံမရပါဘူး။
ကျတော်တို့ နိုင်ငံက လမ်းတွေတော်တော်များကလည်း ယာဉ်တစီး ၀င်ဖို့တောင် တော်တော်ခက်တော့ အရေးအကြောင်းဆို ဘယ်လိုလုပ်မလဲ။ ကျတော်ပါးစပ်ပုပ်နဲ့ ပြောတာတော့ဟုတ်ပါဘူး။ ကျတော်တို့ လှည်းတန်း က ဦးထွန်းလင်း ခြံလမ်းတို့။ဇေယျာသီရိလမ်းတို့ ဆို ကားတစ်စီးတောင်ဝင်ဖို့ မလွယ်ဘူးဗျ။ အရေးအကြောင်းရယ်ဆို ဘယ်လိုလုပ်မလဲ။

အပေါ်က ပုံလေးက ကျတော်မန္ကလေး ကိုရောက်တုန်းက ကျတော့ဖုန်း samsung d520 က ကင်မရာ လေးနဲ့ရိုက်ထားတာပါ။ ရတနာပုံဈေး အမှတ်တရပေါဗျာ။။။

Tuesday, February 26, 2008

List of the teachers from Yangon Technological University (Mechanical Department)

ရန်ကုန်နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာဌာနမှ ဆရာ/ မ များ
ကျတော် ဒီပို့လေးကို ရေးထားတာတော်တော်ကြာပါပြီ။ အကြောင်းကြောင့် မတင်ဖြစ်တာပါ။ အခုတော့ အမှတ်တရ အနေနဲ့ တင်လိုက်ပါတယ်. ကိုရန်အောင်ရဲ့ scrollbox လုပ်နည်းလေးနဲ့ပါ.
ကျတော်တို့ တတိယနှစ် ကျောင်းရောက်တော့ မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ ပေးတဲ့ စာရွက်ကလေးကနေ ကူးပြီးဖော်ပြလိုက်တာပါ။ 22.2.2002 ၊ ဗုဒ္ဓဟူးနေ့က စာရင်းပါ။ ဆရာ/မ တော်တော်များများက တော့ ကျောင်းတော်ကြီးမှာ မရှိကြတော့ပါဘူး။ တချို့ကလည်း အလုပ်ထွက်။ နိုင်ငံခြားကျောင်းတက်။ တချို့ကလည်း အဘမောင်သောင်းရဲ့ လက်ချက်နဲ့ GTC တွေကိုရောက်။ တချို့ကလည်း GTC လည်းမရောက်၊ကျောင်းကလည်းပျောက်။ တချို့ကလည်း GTC ကျောင်းအုပ်ကြီးတွေဖြစ်။ တချို့ကလည်း ကျောင်းတော်ကြီးမှာ မြဲအောင် စာသင်ရေးမှ တခြားဌာနကို ပြောင်းပြီးကုပ်ကပ်တွဲမြဲအောင် နေကြရပါတယ်။
ကျတော်တို့ သုံးတန်းစတက်တုန်းက ပါမောက္ခဌာနမှုးက ဒေါက်တာကျော်စိန် ပါ။နောက်တော့ တီချယ် ဒေါ်ယဉ်ယဉ်ထွန်းပါ။ ကျောင်းပြီးတဲ့အထိ။ နောက်ကျောင်းပြီး တော်တော်ကြာတော့ ဒေါ်မိစန္ဒာမွန်ပါ။ ဆရာဦးစိန်းဝင်းက တော့ အလုပ်ကထွက်သွားပါတယ်(စိတ်နာလို့လို့ ထင်ပါတယ်)။

၁။ ဒေါက်တာကျော်စိန် (ပါမောက္ခဌာနမှုး)
၂။ဦးစိန်ဝင်း (ကထိက) ၃။ဒေါ်ယဉ်ယဉ်ထွန်း ၄။ ဦးခင်မောင်အေး ၅။ဒေါ်ဥမ္မာမြင့် ၆။ဒေါ်သီတာဦး ၇။ဒေါ်စန္ဒာအောင် ၈။ ဒေါ်မြမြခိုင် ၉။ဒေါ်ခင်ဝါဦး ၁၀။ဒေါ်မြင့်မြင်လွင် ၁၁။ ဦးလှသွင်
၁၂။ ဒေါ်ခင်ခင်ထား ၁၃။ဒေါ်သန်းသန်းထိုက် ၁၄။ ဦကျော်မြတ်မိုး ၁၅။ ဦးခင်အောင်လင်း ၁၆။ဒေါ်မြင့်မြင်းအေး ၁၇။ဒေါ်နီနီခင် ၁၈။ဒေါ်မေဖြိုးသူ ၁၉။ဒေါ်ခင်တင့်တင့် ၂၀။ဒေါ်စုစုဟန် ၂၁။ ဒေါ်ယုဇနခင် ၂၂။ ဒေါ်အေးအေးခိုင် ၂၃။ ဦဥာဏ်နိုင်စိုး ၂၄။ဦးမျိုးသူရ ၂၅။ ဒေါ်နွယ်လင်းမင်း ၂၆။ ဒေါ်စိုးစိုးနု ၂၇။ ဒေါ်သက်သက်မွန် ၂၈။ ဒေါ်မိစန္ဒာမွန် ၂၉။ ဒေါ်သိင်္ဂီ
၃၀။ ဒေါ်ခင်ခင်ဦး ၃၁။ ဒေါ်သီတာအောင် ၃၂။ ဒေါ်မိုးမိုးကြိုင် ၃၃။ ဒေါ်ဥမ္မာကြည် ၃၄။ ဒေါ်မျိုးသန်းလှ ၃၅။ ဒေါ်သီသီိခိုင် ၃၆။ ဒေါ်ခင်နွဲ့ကြူ ၃၇။ဒေါ်သန္တာအောင် ၃၈။ ဒေါ်ခင်ဆွေဆွေလတ် ၃၉။ဦးထွန်းမြတ် ၄၀။ ဒေါ်အေးစုသွယ် ၄၁။ ဒေါ်အေးအေးခိုင်(သုတေသနအရာရှိ)
မှတ်ချက်။
၂ မှ ၁၀ ထိ --ကထိက ၁၁ မှ ၂၉ထိ --- လက်ထောက်ကထိက ၃၀ မှ ၄၀ ထိ သင်/ပြ

Saturday, February 23, 2008

ဂျာနယ်များနှင့် ကျတော်

ကျတော် စလုံးကို ရောက်တော့ ကျတော် မြန်မာပြည်မှာတုန်းက အပတ်စဉ်ဖတ်နေကျ voice ကို အရမ်းဖတ်ချင်တယ်။ ကျတော် အရမ်းကြိုက်တဲ့ ဂျာနယ်တစောင်ပါ။ ကျတော်တို့မိသားစုက စာတော်တော်ဖတ်တဲ့မိသားစု လို့ပြောလို့ရတယ်။ အပတ်စဉ်ကျတော်တို့ ဖတ်တာက ကျတော့ပါးကြီး(ရခိုင်လိုပါ =ဗမာလို အဖေ) အကြိုက် sportlight,eleven 2 စောင်,weekly eleven, ကျတော့အကြိုက် voice,internet, ပြုတ်သွားပြီဖြစိတဲ့ ခေတ်မြန်မာ, မာမီ အကြိုက်က ပေါ်ပြူလာ, ကုမုဒြာ, လျပ်တပြတ် တို့ ကို အမြဲဖတ်ဖြစ်ပါတယ်။
ဒီရောက်တော့ အင်တာနက်ဖတ်လို့ရတဲ့ ဂျာနယ်တွေကို အားရင်တိုင်ဖတ်ဖြစ်ပါတယ်။ ဒီအပတ် တုတ် weekly eleven ဂျာနယ်ပါ ဆရာလူထုစိန်ဝင်းရဲ့ဆောင်းပါး ကို အရမ်းကြိုက်ပါတယ်။
ခေါင်းစဉ်ကို ကိုယ်ညံနေတာ ကိုယ်ရှက်ကြစမ်းပါ။
အရင်တုန်းက ကျတော်နိုင်ငံ ဟာ အာရှတိုက်မှာ အချမ်းသာဆုံးပါတဲ့။ အခုတော့ ဒီခေတ်ရောက်မှ ချိုချဉ်နဲ့ ရှောက်သီးဆေးပြားကအစ သူများနိင်ငံက မှောင်ခို သွင်းနေရတာ ရှက်စရာကောင်းလှပါတယ်။ရှက်တက်ကြပါ။'

Wednesday, February 20, 2008

စိတ်ညစ်နေတယ်

ကျတော် ဒီနေ့တော်တော်စိတ်ညစ်နေတယ်။ ဒါကြောင်ဘာမှရေးချင် စိတ်မရှိဘူး။ လာလည်တဲ့သူ တွေကိုအားနာပါတယ်။ ခွင့်လွတ်ပါလို့မပြောချင်ပါဘူး။
အိမ်ကို မာမီဆီဖုန်းဆက်မလို့ လုပ်တော့ အရင်လက်ကျန်ဖုန်းကတ် ကရှာမရဘူး။ ဖုန်းကတ်အဟောင်းကို ရှာရင်း အသစ်၂ကတ်ပါ ပျောက်သွါးပါအုံးမယ်ဆိုပြီး အသစ်တွေကိုသီမ်းထားလိုက်တယ်။ နောက်ဆုံး အဟောင်းရှာ မတွေ့တော့ အသစ်နဲ့ပဲဆက်မယ် ဆိုတော့ အသစ်ကို ဘယ်နားသီမ်းထားမိမှန်း မသိပြန်ဘူး။ စိတ်နဲ့ ငါနဲ့ညစ်ပါတယ်။
ညနေရောက်မှ သူငယ်ချင်းတွေ ပြန်လာမှ နည်းနည်းစိတ်ကကြည် သွားတယ်။ မနက်ဖြန်တော့ ပို့အသစ်ရေးပါမယ်။

Sunday, February 17, 2008

ချစ်လိုက်ပုံများ

ကျတော့ စလုံးကသူငယ်ချင်းကပြေပြတာပါ။ သူ့သူငယ်ချင်း ကောင်မလေးတယောက် အကြောင်းပါ။ အဲဒီကောင်မလေးက ကုပ္မဏီတခုမှာ အလုပ်လုပ်ပါတယ်။ သူ အလုပ်ရှင်က အပေါက်လည်းဆိုး ရစ်လည်းရစ်တယ်တဲ့ခင်ဗျား။ တနေ့တော့ သူဌေး ကအ၇မ်းရစ်တာ မခံနိုင်တော့ ကောင်မလေးက ပြန်ဆဲမလို့ပြင်တယ်တဲ့။ သူမခင်ဗျာ မိန်းကလေးလည်း ဖြစ်ပြန် အရုတ်တ အနတ်တ တွေဆဲဖို့က လည်းစကားလုံး ကလည်းမထွက် နော်ဆုံးတော့ သန်းရွှေလို့ ဆဲလိုက်တယ်တဲ့ဗျာ။ ဆဲတဲ့ စာလုးံအသစ်တစ်ခုပေါဗျား။ အဲဒီလူကြီးကိုဘယ်လောက်များ ချစ်သလဲဆိုရင်ပြောတာပါ။။

Wednesday, February 6, 2008

လျော့မှပဲ

ဟိုတနေ့က ကျတော်ညီလေးကပြောတယ်။ ကိုကြီး သတိထားရေးအုံး။ ကိုယ်ဖြစ်ရင် ကိုယ်ပဲခံကမှာ။ ဘယ်သူမှ လာပြီးမကူဘူး။ ကျတော်ညီက gtalk မှာ ကျတော့ကို ပြောတာပါ။ ဟုတ်လည်းဟုတ်ပါတယ်။ ကျတော်တို့ ဆီမှာက မှန်တာပြောရင်လည်း အမှန်တွေကို ပြောလို့ဆိုပြီး အဖမ်းခံရနိုင်ပါတယ်။ မမှန်တာပြောတော့လည်း မမှန်တာတွေကို ပြောတယ်ဆိုပြီး အဖမ်းခံရနိုင်ပါတယ်။ ဘာမှမပြောပဲ ရေငုံနှုတ်ပိတ်နေရမယ်ထင်ပါတယ်။
ဒါနဲ့ စကားမစပ် ဟိုလွန်ခဲ့တဲ့ နှစ် 2004 လောက်ကနဲ့တူပါတယ်။ သူတို့ ကတိပေးထားတဲ 2008မှာ တစ်နိုင်ငံလုံးမီးလင်းရေးဆိုတာကြီးက မဖြစ်နိုင်တောပါဘူးလို့ဆိုပါတယ်။ “သယ်ယူပို့ဆောင်းရေး အတွက်သဘာဝ ဓါတ်ငွေ့ကို တစ်နေ့ ကုဗပေသနး 14သန်းခန့် သုံးစွဲနေရသဖြင့် 2008မှာ တစ်နိုင်ငံလုံးမီးလင်းရေးဟာ မဖြစ်နိုင်တော့ကြောင်း” January 12 ၇က်နေ့ ရန်ကုန်မြို့တော် လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အဆောက်အအုံတွင် ကျင်းပတဲ့ အစည်းအဝေမှာ ကာကွယ်ရေးဝန်းကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေက ပြောကြားခဲ့ပါသည်။
ကြုံလို့ပြောတာပါ။သယ်ယူပို့ဆောင်းရေးကယ်ပေလို့နော်။
ကိုးကား။ ။ voice weekly