Thursday, February 28, 2008

မီးလောင်ပြီးတော့

မန္ကလေးမှာ မီးလောင်တာ အားလုံးလဲသိပြီးကြမှာပါ။ မီးလောင်တာကို ဒီအတိုင်းထိုင်ကြည်နေကြရတာတဲ့။ မီသတ်ကားအလုံအလောက် မရှိတော့ ဘာမှမတက်နိုင်ဘူးပေါ့။ တီဗီတွေထဲ မှာတော မီးလောင်ရင် ကယ်ဖို့ တိုက်တွေပေါ်က နေ တွယ်တက် တွယ်ဆင်း နေတာတွေတွေပါတယ်။ အဲဒါတွေ ဘယ်နားသွားထားလဲ မသိပါဘူး။ ကျတော်တို့ နိုင်ငံမှာက for show တွေသိပ်များတာပဲ။ တကယ်တတယ်တော့ဘာမှသုံးမရဘူး။ မီးသတ်သမားတွေ အများစုကလည်း စေတနာ့ ၀န်ထမ်းတွေများပါတယ်။ မီးသတ်ကားတွေ ကလည်း အိုဟောင်းနေပါပြီ။ မီးလောင်ရင်ကာကွယ်ဖို့ planတွေ project တွေလည်းရှိပုံမရပါဘူး။
ကျတော်တို့ နိုင်ငံက လမ်းတွေတော်တော်များကလည်း ယာဉ်တစီး ၀င်ဖို့တောင် တော်တော်ခက်တော့ အရေးအကြောင်းဆို ဘယ်လိုလုပ်မလဲ။ ကျတော်ပါးစပ်ပုပ်နဲ့ ပြောတာတော့ဟုတ်ပါဘူး။ ကျတော်တို့ လှည်းတန်း က ဦးထွန်းလင်း ခြံလမ်းတို့။ဇေယျာသီရိလမ်းတို့ ဆို ကားတစ်စီးတောင်ဝင်ဖို့ မလွယ်ဘူးဗျ။ အရေးအကြောင်းရယ်ဆို ဘယ်လိုလုပ်မလဲ။

အပေါ်က ပုံလေးက ကျတော်မန္ကလေး ကိုရောက်တုန်းက ကျတော့ဖုန်း samsung d520 က ကင်မရာ လေးနဲ့ရိုက်ထားတာပါ။ ရတနာပုံဈေး အမှတ်တရပေါဗျာ။။။

0 comments: