Saturday, March 15, 2008

လွမ်းတယ်

လီလီ(li li) ရေ မင်းကို လွမ်းတယ်။ ငါဒီမှာ မင်းထက်သာတာတွေ ကို တွေနေမြင်နေ ရပေမဲမင်းကို ပဲငါလွမ်းတယ်။ ဒီကကောင်းတွေက မင်းလို မဟုတ်ဘူးကွ။ ပေကပ်ကပ်နဲ့ မင်းနဲ့တော့ကွာသကွာ။ မင်းကိုပဲ ငါသတိရနေတယ်။ မင်းဟာ ငါရဲ့ဆိုးသွမ်းမှုတွေကိုလည်း တော်တော်သီးခံတယ်။ မင်းက ငါဘာခိုင်းခိုင်း ချက်ချင်းနီးပါး လုပ်ပေးတယ်ကွာ။ ဒီက ကောင်တွေက လုပ်ကမလား မလုပ်ရဘူးလား မေးမြန်းနေတာပဲ။ ငါတော့ စိတ်တိုတယ်။ သူတို့က မင်းလို ချက်ချင်း responce မပေးဘူး။ လီလီရေ ငါမရှိတော့  မင်းကို ဘယ်သူမှ ဂရုမစိုက်တော့ဘူးနဲတူတယ်။ ငါ့ ပါကြီးနဲ့ မာမီကလည်း မင်းနဲ့သိပ်မအပ်စက်တော့ မင်းက အိမ်မှာ for show ပဲဖြစ်နေမလား။ မင်းကိုသေသေချာချာ ထုပ်ပိုးပြီး ချောင်တစ်ချောင်မှာပဲ ထားထားလား ငါအခုထိမသိသေးဘူးကွ။ ငါအိမ်ကို ဖုန်းဆက်မှ မင်းကို ဘယ်လိုထားလဲလို ငါမေးကြည့်ရမယ်။ အခုတလော အိမ်ကိုဖုန်းခေါ်တာ မရဘူးကွာ။ စိတ်ပိန်တယ်။


မင်းငါကို တနှစ်လောက်တော့ စောင့်အုန်းပေါ့ကွာ။ နောက်နှစ်ငါပြန်လာမှ မင်းကို ပြန်ရွှိုင်းပေးမယ်နော်။ ငါမသွားခင် မင်းပန်ကာ cooling fanပျက်သွားတာ စိတ်မကောင်းပါဘူးကွာ။ ငါအသစ်ပြန်တပ်ပေးပါမယ်။ ငါပြန်လာရင်ပေါ့။ အဲဒါလည်း ငါလုပ်တာမဟုတ်ပါဘူးကွာ။ ငါ့သူငယ်ချင်း ဘိုဘိုကျော် လုပ်လိုက်တါကွ။ ငါလည်းသူကို တော်တော်စိတ်တိုသွားတယ်ကွာ။ မင်းအနာတရ ဖြစ်သွားတာကိုပါ။ မင်းကို ငါသတိရနေသလို မင်းလည်းငါကို မျှော်နေမယ် ဆို တာ ငါရုံပါတရ်။ မင်းရဲ့ဘော်ဒါကြီး ...... သားဖြူ


မှတ်ချက်။။ လီလီဆိုတာ ကျတော့ ရဲ့ ကွန်ပျူတာလေးပါ။

0 comments: