Saturday, April 5, 2008

န၀ရူပ နဲ့ ပဉ္စရူပ

ကျတော် ကိုညီလင်းဆက် ဘလော့ကို ဖက်တော့ ပဉ္စရူပ အကြောင်းကိုဖက်ရပါတယ်။ ပဉ္စရူပအကြောင်း ကိုလည်း သူငယ်ချင်းတွေကို ပြောပြတာပေါ့။ ဒါလေးဟာ ကျတော်တို့ရဲ့ မြန်မာမှုစစ်စစ် ဆိုတာကို ကျတော်သူတို့ကို ပြောပြတာပါ။ Toa payah ဘုန်းကြီးကျောင်းသွားတော့ လည်း ကျတော်က သူတို့ကို ပဉ္စရူပ ကို တွေ့တာနဲ့ ပြလိုက်ပါတယ်။



ဟိုတလောက ကျတော် ရခိုင်သီချင်းတွေ နားထောင်ချင်လို့ youtube ကနေ ဒေါင်းလုပ်ဆွဲ နားထောင်နေရင်း နဲ့ ရခိုင် တို့ရဲလက်ကောင် ဗျာလ ခေါ် န၀ရူပ အကြောင်းကိုသိရပါတယ်။ ကျတော် အရင်က ဒီအကောင်အကြောင်းကို လုံးဝ မသိပါဘူး။ ကျတော့ ပါပါး ကလည်းကျတော့ ကို မပြောပြဖူးတော့ ရခိုင်ဗမာ ကပြားလေး ကျတော် မသိတာ မဆန်းပါဘူးနော်။




န၀ရူပ ခေါ်ဗျာလ ဟာ သတ္တ၀ါ ၉ကောင်ကို အခြေခံပြီ တွင်းထုထားတာဖြစ်ပါတယ်။ သူကို လောကီ ရေးရာ အောင်မြင်မှု အဆောင်လက်ဖွဲ့ အနေနဲသုံးပါတယ်။ စေတီ၊ ပုထိုး၊လှိုဏ်ဂူ အစမြို့ရိုးတွေမှာပါ အဆောင်အနေ နဲ့သုံးခဲ့ကြပါတယ်။ ဘေးအပေါင်း၊ ရန်အပေါင်းမှ ကာကွယ်ကာ လာဘ်လာဘ ပေါကြွယ်ဝ စေ တယ်လို့ ယုံကြည်ပါတယ်။ ပါဝင်တဲ့ သတ္တ၀ါတွေက တော့ ခြူး-မြင်း-ကျား-ဆင်-စာမရီ-ကြံ-သမင်-ခြင်္သေ့-ကြက်တူရွေး တိုကိုသုံးထားပါတယ်။
ခြင်္သေ့ ရဲ့ လည်ဆံမွှေး၊ ဦးခေါင်း နဲ့ ခြေလက်
နှာမောင်းမှာ ဆင်
သမင် ရဲ့ မျက်စိ
မြင်း ရဲ့ နားရွက်
ကြက်တူရွေး ရဲ့ လျှာ
စာမရီ ရဲ့ ပုဒုံး(အမြီး)
ကျားရဲ့ ပါးစပ်
ကိုယ်ထည်မှာ ခြူး
ဦးဂျို မှာ ကြံ တို့ဖြစ်ပါတယ်။




ကျတော့ စိတ်ထဲတွေးနေ မိတာက မြန်မာတွေ ရဲ့ ပဉ္စ ရူပနဲ့ ကျတော်တို့ ရခိုင်တွေရဲ့ န၀ရူပ ဘယ်သူက အရင်လဲ။ ဘယ်သူဆီက နေ ဘယ်သူ့ဆီကို ကူးစက်လာတာလဲ။ ရောက်ရှိလာတာလဲ ဆိုတာကိုပါ။ ဒါနဲ့ ဆက်စပ်ပြီး မြန်မာအက္ခရာ ဟာ ဘယ်ကနေ ရောက်ရှိကူးပြောင်းလာသလဲဆိုတာတွေကိုပါ။။။



4 comments:

NLS said...

ဗျာလအကြောင်း သိရလို့ ၀မ်းသာမိပါတယ်။ ခြူးကောင်၊ ပဉ္စရူပနဲ့ မကားရ် အကြောင်းကို အလျင်းသင့်ရင် ရေးပါဦးမယ်။ မြန်မာအက္ခရာ အများစုကတော့ အိန္ဒိယရဲ့ ဒေဝနာဂရီက ဆင်းသက်တယ်လို့ လေ့လာမိပါတယ် ခင်ဗျ။

Anonymous said...

tramadol online tramadol online topix - online apotheke holland tramadol

Anonymous said...

where to buy phentermine 37.5mg order phentermine 15 mg - buy phentermine herbal

Anonymous said...

[url=http://www.formspring.me/hmarket]buy lorazepam 0.5 mg[/url]
[url=http://www.formspring.me/fshop]buy nitrazepam 5mg[/url]
[url=http://www.formspring.me/nmarket]should i buy prozac online[/url]