Saturday, April 12, 2008

သင်္ကြန် နဲကျတော်


ကျတော် က သူများတွေလို သင်္ကြန်မှာ ထူးထူးခြားခြားပျော်လေ့ မရှိဘူး။ ရွဲ့တာမဟုတ်ပါဘူး။ တကယ်ပါ။ ပြောမယ်ဆိုရင် သင်္ကြန်ပတ်ဝန်းကျင်ဟာ ကျတော် အတွက်တော့ ကံကောင်းလေ့ မရှိဘူး။ သူများတွေ ပျော်တာကို ကြည်နေရတာပဲ ကျေနပ်တယ်။ သူများလိုလဲ အရက်မသောက်တက်တော့(ချွင်းချက် - ဘီယာမပါ) မူးပြီးလဲ မပျော်တက်ဖူး။ သင်္ကြန်ရေ စိုအောင်တော့ တရက်လောက်ပဲ သူငယ်ချင်းတွေနဲ ရေပတ်ခံထွက်တယ်။
နောက်ပြီး ကျတော် ပိတောက်ပန်းကို လည်း မနှစ်သက်ဘူး။(မုန်းတာ မဟုတ်ဘူးနော်) ။ ဒါပေမဲ ပိတောက်ပန်းကြွေတွေ နဲ့ခင်းထားတဲ့ လမ်းကိုလျှောက်ရတာ ဖီးတစ်မျိုးပဲ။ သင်္ကြန်သီချင်းလေးတွေ ကို တော်တော်များများ ကြိုက်တယ်။ သီချင်းလေးဖွင့် ပြီး သူများတွေပျော်နေတာကို ဘီယာလေးစုပ်ပြီး ထိုင်ကြည်နေချင်တယ်။ ဒါပေမဲ ကျတော့ အိမ်မှာက အဲဒါတွေသောက်ခွင့်မရှိဘူး။ ကျတော် ဘီယာသောက်တာ အီမ်ကမသိဘူး။ သူငယ်ချင်းအိမ်မှာ သောက်ရတာပေါ့။
အားလုံးသင်္ကြန်မှာ အန္တရာယ်ကင်းကင်း ပျော်ရွှင်နိုင်ပါစေ။။
မှတ်ချက်။။ အောက်က ပုံလေးတွေကို sandarlamin.multiply.com
နဲ့ ဘလော့တွေထဲမှ ရယူထားပါတယ်။

0 comments: