Wednesday, April 23, 2008

ရွှေစစ် မစစ်

ရွှေစစ် မစစ် ကို ဘယ်လိုစမ်းမလဲ။ ငရဲ မီးနဲ့တော့ မစမ်းနဲ့နော်။ ထွက်ပြေးသွားမယ်။
ဟိုတနေ့က city hall ကအပြန်သူငယ်ချင်းနဲ့ နေရာ မရတာနဲ့ mrt တီ တွဲ ၂တွဲကြား နေရာလေးမှာ ကျတော်တို့ ၂ ယောက် မှီပြီထိုင်လာခဲ့တယ်။ ခဏနေတော့ ကျတော့ receiver က ဒေတာတွေလက်ခံရရှိ လိုက်တယ်။ ဟဲဟဲ -- ကျတော့ ရှေက ကောင်မလေးက ချောသားဗျ။ ဒါနဲ့ ကျတော့ ဘော်ဘော်ကို ဟေကောင် ရွှေလေးလားမသိဘူးကွလို့ ကျတော်က ပြောတော့ ဘယ်လို့လုပ်သိမလဲကွ။ ၀တ်ထားတာတော့ စလုံးမ စတိုင်ပဲတဲ့။ ဟုတ်တယ်ဗျ။ ၀တ်ထားတာက စလုံးမလေးတွေလို့ စကပ်တိုတိုလေး။ မျက်နှာကို ကြည့်တော့ ရွှေဖြစ်ဖို့ ၅၀ရာနှုန်း ကြိမ်းသေတယ်။ ကျတော်တို့ ရွှေတွေရဲ့ မျက်နှာ က မလေး။စလုံး။ ဖထုပ်တို့လိုမဟုတ်ဘူးဗျ။ သတိထားကြည့်၇င် သိသာတယ်။
ကျတော်စုံစမ်းရေးထပ်လုပ်ရတာပေါ။ နားကပ်ကို ကြည်တယ်ဗျ။ နားကပ်ပန်မထားဘူးဗျ။ ရွှေတွေဝတ်တဲ့ နားကပ်နဲ့ ကျန်တဲနားကပ်တွေ မတူဘူး။
နောက်ထပ် စုံစမ်းရေးလုပ်ရတာပေါ့။ ကျတော်ကြည်တာ များလို့လား မသိဘူး။ ကောင်မလေးက အရင်ကျတော်တို့ နဲမျက်နှာချင်ဆိုင်။ နောက်တော့ ပို့ပြောင်းသွားတယ်ဗျ.။
ရွှေစစ်မစ် ထပ်စစ်ဖို့ နောက်ထပ်အချက်တွေ ကျတော်စဉ်းစားရင် ---နဲ့
သိပါပြီ-- တွေလည်းတွေ့ပါပြီ
အဆောင်လက်ပတ်ကွင်းကြိုးလေးဗျ--
Toa payah ဘုန်းကြီးကျောင်း က ပေးတဲ့ လက်ပတ်ကြိုး အဆောင်လေးဗျ
ရွှေတော်တော်များများ ၀တ်ကြတယ်။ သူလေးရဲ့ လက်မှာ ပတ်ထားတယ်ဗျ။။ဟီးဟီ..၀င်ရောအုံးမှ
-
-
ဒါပေမဲ့ဗျာ ကျတော်ကံမကောင်ဘူး။ သူကလေး clementi station မှာ ဆင်းသွားတယ်ဗျ။ ဒါလဲပဲ ရွှေဖြစ်ကြောင်းသက်သေခံသွားတာဗျ။ ရွှေအများစုက အဲဒီမှာနေတယ်။
ဒါပေမဲ့ အဲဒီနေ့က ကျတော်ကံမကောင်းဘူဗျာ။။။။

3 comments:

khin oo may said...

မြန်မာမိန်းကလေးများ။ ဆံပင်နက်၏။ ဆံသဆိုင် သွားလေ.သိပ်မရှိ။ ဈေးကြီးသောကြောင်.။ ရောက်တာသိတ်မကြာသေးကနားကပ်.ရွေဆွဲကြိုးဆွဲ၏။ အနက်ရောင်ရှောင်. အညိုရောင်ကြီုက်၏။ နေရာတွေ.ကလုထိုင်တတ်၏။ :P

khin oo may said...

ဒီနေ. ဘလောတွေလျောက်လည်တော.စုဆောင်းထားတာလေးတွေတွေ.ရတယ်

ကျွှန် တော်တွေးမိသော ခွေးအကြောင်းများ
http://ver-bo-ten.blogspot.com/

မိုးနှင်းပက်သက်သော သီချင်းများ
http://www.mgtaryar.iblogger.org/

မြတ်နိုးရဲ. ဂျပန် က အမျိုက်စွန်.ပုံ အမျူိးူမျိုး
http://www.yuyamyatnoe.blogspot.com/

မြန်မာ(ရွှေ) ဖြစ်မဖြစ်စစ်ဆေးနည်း
http://kookgyi.blogspot.com/

Anonymous said...

ကိုရင်ရေ ကျနော် က တော့ မျက်လုံးကိုကြည့်တယ်.. ရွှေနဲ့ တခြားသူ မတူဘူးထင်တာပဲ.. ရွှေတရုတ်ဆိုရင်တော့ မသိဘူးဗျ.. ရွှေမြန်မာဆိုရင် ဒူးခေါင်းနဲ့ တံတောင်ဆစ် မဲ တတ်သလိုပဲ.. ဟီးဟီး။
လက်ပတ်အဆောင်ကြိုးလေးက တော့ အသေချာဆုံးပေါ့ဗျာ..