Monday, June 2, 2008

ကျတော်နှင့် ဘလော့

ကျတော် ဒီဘလော့ လေးကို ရေးချင်စိတ်မရှိဘူး။ တစ်လလောက်ရှိပြီ။ ဒီဘလောလေးကို ဘယ်သူတိုက်တွန်းချက်မှ မပါပဲ ရေးချင်လွန်းလို့ ရေးခဲ့တာပါ. ဘာကြောင့် မရေးချင်တာလည်း ဆိုတာကို တော့ မပြောပြချင်ပါဘူ။ ဒီဘလော့လေးဟာ ကျတော် ဒိုင်ယာရီလေးဖြစ်သလို ကျတော်ကြုံတွေခံစားနေ ရတာတွေကို ရေးနေတာပါ။ သူများတွေလို လဲစာကောင်းကောင်း မရေးတက်ပေမဲ ရေးနိုင်သလောက်လေး ရေးနေတာပါ။ ရေးတက်သလို ရေးနေတာပါ။ အဆင်မမှိတာတွေ ကို ရေးလို မရေးသင့်ဘူးဆိုရင်လည်း ဘယ်သူမှ ဖတ်လို့မရအောင် ပတ်စ ၀က်ပေးပြီး နေစဉ်မှတ်တမ်းလို ရေးသွားမယ်လို့စိတ်ကူးမိတယ်။ စာလုံးပေါင်းသတ်ပုံ အမှားတွေရှိပေမဲ ထပ်ခါထပ်ခါ မပြင်ချင်တာလည်း ကျတော့ အကျင့်ပဲ။ လာလည်တဲ့သူတွေကို တော့ ကျေးဇူးတင်ပါတယ်။

0 comments: