Monday, June 2, 2008

အော် မြန်မာပြည်က ebook service ၇ယ်


ကျတော် ဒီရောက်တော့ အလွမ်းဆုံးအရာတွေက ပါပါး၊မာမီနဲ့ ....အများကြီးပဲ(ပြောပြတော့ဘူး)။ ကျတော်အကြိုက်ဆုံးအရာတွေကို ပိုလွမ်းတာပေါ။ ရန်ကုန်မှာတုန်းက ဆို monday morning တိုင်းကျတော် voice နဲ့ internet ဂျာနယ်ကို အမြဲဖတ်တယ်။ ကျန်တာတွေကို တော့ ကျတော်အိမ်ပြန်တဲ့ သောကြာနေမှပဲဖတ်တယ်။ ကျတော် အရမ်းကြိုက် လေးလဲလေးစားတဲ့ the voice weekely ဂျာနယ်ကိုတော့ အပတ်စဉ်ဖတ် ဖြစ်အောင်ကြိုးစားတယ်။ ဒီရောက်တော့ ရောက်စကတော့ ၀ယ်ဖတ်သေးတယ်။ နောက်တော့ city hall ဘက်လည်း အပတ်စဉ်မသွားဖြစ်တော့ ဘူး။ အွန်လိုင်းက နေ ၀ယ်ဖို့ ရန်ကုန်က ကျတော့ သူငယ်ချင်းအကောင်းစားလေးကို ၀ယ်ခိုင်းလိုက်တယ်(သူပဲ ပိုက်ပိုက်စိုက်ပေးတယ်)။ ပထမ အကြိမ် အွန်လိုင်းကနေ ၀ယ်တော့ အဆင်ပြေတယ်။ ၅၀၀၀ ဖိုးကဒ်ဟာ ဂျာနယ် ၁စောင် ၁၀၀ ဆိုတော့ ၄၉၀၀ ကျန်တယ်။ နောက်အခါတွေ ၀ယ်တော့ ဒေါင်းလုပ်တော့ရတယ်။ ဖတ်လို့မရ။ ၄၉၀၀ ကျပ်ကလည်းမရော့။ အကြိမ်ကြိမ်ကြိုးစားသော်လည်း မရပါ။ ကျတော် လုပ်တာ မှားများနေလားလို့ ။ မေးလ်ပို့တော့လည်း အခုဆိုရင် ၂ပတ်တောင် ရှိပြီ။ အကြောင်းမပြန်။ စိတ်တော့နည်းနည်းပိန်လာတယ်။ အော်မြန်မာပြည်က ebook service ၇ယ်။

1 comments:

Anonymous said...

မြန်မာပြည်က အီးဘွတ်ဆားဗစ်စ် ရှိနေပြီကိုး ။ ခုအတွေ့ အကြုံကိုဖတ်ပြီး ရှိပေမယ့် အဆင့်အတန်းတခုထိ မရှိသေးဖူးပဲ ပြောရမလိုပေါ့ ။