Sunday, July 27, 2008

အိမ်လွမ်းသူ

ဖုန်းလည်း မဆက်ဘူး
စာလည်း မရေးဘူး
မေးလ် မပို့ဘူး။

သတိရလည်း တစ်ယောက်ထဲပဲ
ကျိတ်ခံစားမည်။
လွမ်းလာရင်လည်း တစ်ယောက်ထဲပဲ
ကျိတ်လွမ်းမည်။
ဆွေးလာရင် တစ်ယောက်ထဲပဲ
ဆွေးကာနေမည်
ငိုချင်ရင်လည်း တစ်ယောက်ထဲပဲ
ရှိုက်ကာငိုမည်။

ဘယ်သူကိုမှ အပြစ်မတင်
ကိုယ်ကိုကိုယ်ပဲ အပြစ်တင်မည်
ကိုယ်အပြစ်နဲ့ကို ရှိပါစေ။ ။

Saturday, July 19, 2008

the world without engineers

သူငယ်ချင်းတစ်ယောက်ပို့ လိုက်တဲ့မေးလ် ကနေ ပြန်တင်လိုက်တာပါ။ အင်ဂျင်နီယာ မရှိတဲ့ ကမ္ဘာကြီး အခြေအနေပါ။ သရုပ်ဖော်ထားတာမိုက်ပါတယ်။ အတူတူခံစား ကြည့်ရအောင်......

computer engineers


communication engineers


civil engineers



mechanical engineers



electronics engineers




aeronautical engineers







Saturday, July 12, 2008

နန်းသို့ (၁)

နန်းရေ …
ကိုယ်တို့ ပြီးခဲတဲ့စနေနေ့က ကမ္ဘာကျော် sentosa ကိုရောက်ခဲ့တယ်။ ကိုယ်ဒီတစ်ခေါက်နဲ့ဆို sentosa ကိုရောက်တာ သုံးခေါက်မြောက်ပေါ့။ ၄လအတွင်းမှာပေါ့။ ဒါပေမဲ့ ပထမ ၂ခေါက်က ရုံးက အလုပ်ကိစ္စနဲ့ရောက်ဖြစ်တာပေါ။ အခုကတော့ အလည်သက်သက်ပဲလေ။
ကမ္ဘာကျော် sentosa ဆိုကျွန်းဆိုတော့ ကိုယ်တော့ အများကြီးမျှော်လင့် ထားတယ်။ အရမ်းလှမယ်ထင်တာပေါ။ ကိုယ့်အထင်နဲ့ အမြင်ဟာတခြားစီပဲ။ ကျွန်းဆိုတော့ ကိုယ်က ပင်လယ်ရနံလေးများ ရမလားလို့။ နိုးပဲ နန်းရေ..
ကမ်းခြေကျွန်းသာဆိုတယ် ပင်လယ်ရနံ လုံးဝမရခဲ့ဘူး။ သဲသောင်ပြင်တွေကလည်း ဖို့ထားတာတွေလို့ ကိုယ်တော့ထင်တယ်။ ကျောက်တုံးတွေကလည်း ဘယ်က ရွှေ့ထားတဲ့ ကျောက်တုံးတွေလည်း မသိဘူး။ တော်တော်များများကို ဘိလပ်မြေကိုင်ထားတယ်။
ကိုယ်ကတော့ sentosa ဆိုတာ သဘာအလှ လုံးဝမရှိတဲ့ လူလုပ်အလှတွေပဲများတယ်လို့ သတ်မှတ်လိုက်တယ်။ ကိုယ်တို့ ဆိက စက်စဲလောက်တောင်မလှဘူးကွ။ ငွေဆောင် ရဲ့ ခြေဖျားကိုတောင်မမှိဘူး။ ကိုယ်စိတ်ဝင်စားဆုံးကတော့ လှမ်းမြင်နေရတဲ့ ကွန်တိမ်နာဆိပ်ကမ်းတွေကို ပါပဲ။ စင်ကာပူရဲ့ ကွန်တိန်နာ လုပ်ငန်းဟာ ကမ္ဘာမှာ အမြန်ဆုံးဝန်ဆောင်မှုပေးတဲ့ အထဲမှာ တစ်ခုအပါပဲလို့ ပြောကြတာပါပဲ။ ကိုယ်တို့ နိုင်ငံလည်း တစ်ချိန်ချိန်တော့ အဲ့ ဒီလို တိုးတက်ကောင်းပါရဲ့။
ကိုယ်ဒီရောက်တော့ ကိုယ်တို့ ကျောင်းတက်တုန်းက ရောက်ခဲ့တဲ့ တောင်ငူက ပသိချောင်းလေးကို သတိရတယ်။ ကိုယ်မြန်မာပြည်ရောက်ရင် မင်းနဲ့ အတူတစ်ခေါက်လောက် သွားကြတာပေါ့။ မင်းကိုလိုက်ပို့ ၇င်းနဲ့လေ။ သူက အရမ်းသာယာတယ်။ sentosa လို လူ ဖန်တီးထားတဲ့ အလှတွေမရှိတဲ့ သဘာဝအလှတွေ နဲ့ ပြည့်နေတယ်လေ။ ဒီစာကိုရေနေ ရင်းနဲ့ ပိုလွမ်းလာပြီ။ အဲဒီပသိချောင်းမှာ က လိုင်ချီးသီတွေ အရမ်းပေါတယ်။ အဲဒီက လိုင်ချီးသီးက ပိုချိုသလိုပဲ။
နန်းရေ.. ကိုယ်နောက်ထပ်တွေခဲ့တာ image of Singapore ပဲ။ သူတို့ နိုင်ငံရဲ့ ဟိုတုန်းက ပုံရိပ်တချိုကို ပြထားတယ်။ သူတို့ ဟိုတုန်းက သုံးခဲ့တဲ့ ကားတွေ. ဘာတွေကိုပေါ့။
သဘာဝ အလှ။ အခြေခံရင်းမြစ်တွေ အစစ အရာရာ ပေါများသာလွန်ပြီး ပထဝီအချက် အချာကျလှတဲ့ ကိုယ်တို့ နိုင်ငံဟာ ဘာအတွက်ကြောင့် ဆင်းရဲပြီးရင်း ဆင်းရဲ မတိုးတက်ရတာလည်းဆိုတာကတော့ ကိုယ်လည်းမတွေးချင်ဘူး။ ဘယ်သူအတွက် ဘယ်သူကြောင့် ဆိုတာလည်း မပြောချင်ဘူး။ နောက်ဆုံးအနေနဲ့ ကိုယ်လေးစားအားကျရတဲ့ living color media ရဲူ့living color magazine တစ်အုပ်မှာပါတဲ့ ပုံလေးကို မင်းအတွက်ပြရင်း ကိုယ့်စာကို အဆုံးသတ်လိုက်ပါတယ်။

နန်းရဲ့

Sunday, July 6, 2008

အရှိကို အရှိအတိုင်း

အရှိကို အရှိအတိုင်း
အတုခိုးနေရင်တော့ အတုပဲရမယ်ဆိုတာသိပြီ
အစစ်ဆိုတာ ကိုယ်တိုင်ဖန်တီးရတဲ့ ကိစ္စ

ခေတ်နောက်လူတွေလိုက် ခေတ်နောက်လိုက်သူ ဘယ်အခါခေတ်မမှီ
သစ်လွင်တာတွေ တစ်ချိန်မှာ အိုမင်းဟောင်းနွမ်းသွား


အစကကျတော်မသိဘူး ရိုးသားခြင်းတကယ်ကို ဆန်းကြယ်
ဆန်းတယ်ဆိုတာဟာ တကယ်ကို ရိုးသားခြင်း

မင်းကိုလိုချင်တာ မင်းက ကိုယ်ကိုလိုချင်လို့ပါ
ကိုယ်ပိုင်ရှင်မှန်း ကိုယ်ပိုင်ဆိုင်တာက အချစ်တစ်ခုပေါ့

အရှိကို အရှိအတိုင်း အကောင်းပဲ
အရှိကို အရှိအတိုင်းဟာ လွတ်လပ်ပေါ့ပါးတဲ့
အခြေအနေမှန်တယ်
အရှိကို အရှိအတိုင်း နေချင်ပါတယ်
အရှိကို အရှိအတိုင်း ဖြစ်ပါရစေတော့
အကောင်းဆုံးထဲက အကောင်းဆုံးပေါ့
ကျတော်ရေးထားတာ မဟုတ်ပါဘူး။ ဗဒင်ရဲ့ အရှိကို အရှိအတိုင်း သီချင်းလေးပါ။
boomp3.com

arakan song

Tuesday, July 1, 2008

ဗိုက်ပြသာနာ

ဗိုက်ပြသာနာ ခေါင်းစဉ်ကို ဖက်ပြီး ဟိုလို ဒီလိုလို အတွေးမချော်သွားနဲ့အုံး။ အခုကျတော်ပြောမှာက ကျတော်တို့ ယောင်္ကျားလေးတွေရဲ့ ဗိုက်ပြသာနာပါ။ ယောင်္ကျားလေးတွေရဲ့ ဗိုက်ပြသာနာပါ။ ယောင်္ကျားလေးတွေဆိုလို လည်း မျက်လုံးမပြူးသွားနဲ့အုံးဗျ။ ဒီလိုပါ။ ကျတော်တို့ သူငယ်ချင်းသူငယ်ချင်းအများစုရဲ့အသက်က အခုဆို over 25 ဖြစ်လာပြီလေ။ အလုပ်ကလည်း အများစု က ကွန်ပျူတာရှေမှာ ထိုင်လုပ်ရတဲ့ အလုပ်ကများတယ်။ ပြီးတော့ ဒီမှာက မြန်မာပြည်မှာလို လဖက်ရည်ဆိုင်ထိုင် ဟိုလပ်ရား ဒီလပ်ရား လျောက်သွါးစရာက သိပ်မရှိ။ ဒီတော့ ညနေအိမ်ရောက်စားသောက်ပြီးရင် ကွန်ပျူတာရှေထိုင်။ တီဗီရှေထိုင် တော့ ဒီရွှေဗိုက် က မပူပဲရှိပါတော့မလားဗျာ။ ပူတော့ တာပေါ။ ဗိုက်ကလေးကလည်းပူလာတော လေ့ကျင်ခန်းလုပ်ကြတယ်ဗျာ။ (ကျတော်ကတော့ လေ့ကျင်ခန်းမလုပ်ဘူး)လေ့ကျင်ခန်းလုပ်တာ ဘယ်နှရက်ခံမလဲမသိဘူးဗျ။ ကျတော့ အထင်တစ်ပတ်ထက်မပိုလောက်ဘူးထင်တယ်ဗျား..။ ဘယ်လိုလဲတောင်ငူသားရေ... ဗိုက်ပိန်သွားပြီလား။