Saturday, July 12, 2008

နန်းသို့ (၁)

နန်းရေ …
ကိုယ်တို့ ပြီးခဲတဲ့စနေနေ့က ကမ္ဘာကျော် sentosa ကိုရောက်ခဲ့တယ်။ ကိုယ်ဒီတစ်ခေါက်နဲ့ဆို sentosa ကိုရောက်တာ သုံးခေါက်မြောက်ပေါ့။ ၄လအတွင်းမှာပေါ့။ ဒါပေမဲ့ ပထမ ၂ခေါက်က ရုံးက အလုပ်ကိစ္စနဲ့ရောက်ဖြစ်တာပေါ။ အခုကတော့ အလည်သက်သက်ပဲလေ။
ကမ္ဘာကျော် sentosa ဆိုကျွန်းဆိုတော့ ကိုယ်တော့ အများကြီးမျှော်လင့် ထားတယ်။ အရမ်းလှမယ်ထင်တာပေါ။ ကိုယ့်အထင်နဲ့ အမြင်ဟာတခြားစီပဲ။ ကျွန်းဆိုတော့ ကိုယ်က ပင်လယ်ရနံလေးများ ရမလားလို့။ နိုးပဲ နန်းရေ..
ကမ်းခြေကျွန်းသာဆိုတယ် ပင်လယ်ရနံ လုံးဝမရခဲ့ဘူး။ သဲသောင်ပြင်တွေကလည်း ဖို့ထားတာတွေလို့ ကိုယ်တော့ထင်တယ်။ ကျောက်တုံးတွေကလည်း ဘယ်က ရွှေ့ထားတဲ့ ကျောက်တုံးတွေလည်း မသိဘူး။ တော်တော်များများကို ဘိလပ်မြေကိုင်ထားတယ်။
ကိုယ်ကတော့ sentosa ဆိုတာ သဘာအလှ လုံးဝမရှိတဲ့ လူလုပ်အလှတွေပဲများတယ်လို့ သတ်မှတ်လိုက်တယ်။ ကိုယ်တို့ ဆိက စက်စဲလောက်တောင်မလှဘူးကွ။ ငွေဆောင် ရဲ့ ခြေဖျားကိုတောင်မမှိဘူး။ ကိုယ်စိတ်ဝင်စားဆုံးကတော့ လှမ်းမြင်နေရတဲ့ ကွန်တိမ်နာဆိပ်ကမ်းတွေကို ပါပဲ။ စင်ကာပူရဲ့ ကွန်တိန်နာ လုပ်ငန်းဟာ ကမ္ဘာမှာ အမြန်ဆုံးဝန်ဆောင်မှုပေးတဲ့ အထဲမှာ တစ်ခုအပါပဲလို့ ပြောကြတာပါပဲ။ ကိုယ်တို့ နိုင်ငံလည်း တစ်ချိန်ချိန်တော့ အဲ့ ဒီလို တိုးတက်ကောင်းပါရဲ့။
ကိုယ်ဒီရောက်တော့ ကိုယ်တို့ ကျောင်းတက်တုန်းက ရောက်ခဲ့တဲ့ တောင်ငူက ပသိချောင်းလေးကို သတိရတယ်။ ကိုယ်မြန်မာပြည်ရောက်ရင် မင်းနဲ့ အတူတစ်ခေါက်လောက် သွားကြတာပေါ့။ မင်းကိုလိုက်ပို့ ၇င်းနဲ့လေ။ သူက အရမ်းသာယာတယ်။ sentosa လို လူ ဖန်တီးထားတဲ့ အလှတွေမရှိတဲ့ သဘာဝအလှတွေ နဲ့ ပြည့်နေတယ်လေ။ ဒီစာကိုရေနေ ရင်းနဲ့ ပိုလွမ်းလာပြီ။ အဲဒီပသိချောင်းမှာ က လိုင်ချီးသီတွေ အရမ်းပေါတယ်။ အဲဒီက လိုင်ချီးသီးက ပိုချိုသလိုပဲ။
နန်းရေ.. ကိုယ်နောက်ထပ်တွေခဲ့တာ image of Singapore ပဲ။ သူတို့ နိုင်ငံရဲ့ ဟိုတုန်းက ပုံရိပ်တချိုကို ပြထားတယ်။ သူတို့ ဟိုတုန်းက သုံးခဲ့တဲ့ ကားတွေ. ဘာတွေကိုပေါ့။
သဘာဝ အလှ။ အခြေခံရင်းမြစ်တွေ အစစ အရာရာ ပေါများသာလွန်ပြီး ပထဝီအချက် အချာကျလှတဲ့ ကိုယ်တို့ နိုင်ငံဟာ ဘာအတွက်ကြောင့် ဆင်းရဲပြီးရင်း ဆင်းရဲ မတိုးတက်ရတာလည်းဆိုတာကတော့ ကိုယ်လည်းမတွေးချင်ဘူး။ ဘယ်သူအတွက် ဘယ်သူကြောင့် ဆိုတာလည်း မပြောချင်ဘူး။ နောက်ဆုံးအနေနဲ့ ကိုယ်လေးစားအားကျရတဲ့ living color media ရဲူ့living color magazine တစ်အုပ်မှာပါတဲ့ ပုံလေးကို မင်းအတွက်ပြရင်း ကိုယ့်စာကို အဆုံးသတ်လိုက်ပါတယ်။

နန်းရဲ့

1 comments:

Taungoo said...

နန်းရဲ့ ပုပုရေ
ကျောက်တုံးတွေက ဘယ်ကမှ ရွှေ့ထားတာမဟုတ်ဘူးဟ
အတုလုပ်ထားတာ မယုံရင် သွားခေါက်ကြည့် ဂေါင်ဂေါင်လို့ မြည်လိမ့်မယ်

နန်းဆိုတဲ့ ကောင်မလေးက ပသိချောင်းရောက်ဖူးပြီးသွားပြီကွ
မယုံရင်မေးကြည့် ဘယ်သူတွေနဲ့သွားလဲဆိုတာ :D