Monday, August 18, 2008

ရခိုင်မုန့်တီ

လည်လည်လာသူ အားလုံးကို ရခိုင်-ဗမာ ကပြားလေး ပုလုကွေးက ရခိုင်မုန်တီနဲ့ ဧည့်ခံပါရစေ။ ကိုယ်တိုင်ချက်ထားတာပါ။ အရင်တုန်းက တော့မာမီချက်တာ စားနေကြ။ ဒီရောက်တော့ ကိုယ်စားချင်တာ ကိုယ်ချက်စားနေရတယ်။ ချက်နည်းကတော့ မာမီဆီကို ဖုန်းနဲ့ လှမ်းမေးပြီးသင်ထားတာ။ ချက်ရတာက လွယ်လွယ်လေးပါ။ ပထမဆုံးရေနွေး အရင်တည်။ ပြီးရင် ပုဇွန်ငပိထည့်။ နောက်ပြီး ကြက်သွန်ဖြူ. နဲ့ ငရုတ်ကောင်းကို ထောင်းထည်.(ငရုတ်ဆုံမရှိရင်တော့ မွှေစက်နဲ့မွှေ..အိမ်မှာတော့ ငရုတ်ဆုံရှိတယ်ဗျ)။ အဲဒီမှာ မတူတာက စစ်တွေဖက်က ရခိုင်မုန်တီက ပတဲကောဆိုတဲ့ ပူပူအပင်ကိုသုံးပြီး ကျတော်တို့ ကျောက်ဖြူဘက်က ငရုတ်ကောင်းကို သုံးတယ်. ပြီရင် ငါးပြုတ်ထားတာကို အသားနွှာပြီးတော့ ထည့်လိုက်။
မုန့်ဖက်ကတော ကျတော်ကောင်းစုံက မုန်ဖက်ခြောက်ဝယ်ပြီ ရေနွေဆူဆူနဲပြုတ်လိုက် တာ။ နံနံပင် ။အချဉ်နဲ့ အကြော်ထည့် ပြီး ၇င်စားလိုရပါပြီ။ အားလုံး အ၀စားသွားကြပါ။ နောက် တစ်ပတ်မှ ရခိုင်မုန်တီးအသုပ်(စနဲသုပ်)သုပ်ကျွေးမယ်ဗျာ..

3 comments:

Anonymous said...

ဝက်သားကော ထည့်စားသေးတယ်လေ ကိုပုလုကွေး

thonn thonn said...

အဟင်း ... ကျေးဇူးပါ ဝင်းမြန်မာမှာသာဆို ၃ကျပ်ခွဲ :P

MrDBA said...

မေရှင်သီချင်းနားထောင်ရင်း မုန့်တီစားရင်း စာအုပ်ဖတ်သွားတယ် .. အာတော်တော်များသွားပြီ။
အဟိ ကျွန်တော်တို့ အိမ်မှာလဲ နှစ်ပါတ်တစ်ခါလောက် ချက်စားဖြစ်တယ်ဗျ. လွှတ်ကောင်း နောက်တစ်ခါချက်ရင် ဖိတ်လိုက်မယ် လာစား။ ပုံနဲ့တော့ မနှိပ်စက်ပါဘူး။