Saturday, August 23, 2008

မိုး ..



ဒီနေ့မနက် ကတည်းက တစိမ့်စိမ့် ၇ွာနေတဲ့မိုး အခုချိန်ထိမစဲသေးဘူး. မိုးရွာတော့ အမေ့အိမ်ကိုလွမ်းတယ်. ဟိုငယ်ငယ်တုန်းက ဘ၀ကိုလွမ်းတယ်. အခုလိုမိုးတွေရွာရင် အိမ်တံစက်မြိတ်မှာ မိုးရေချိုး။ ဟိုလျှောက်ပြေး ဒိလျှောက်ပြေး ပြီး မိုးရေချိုး ရတာကိုသတိရတယ်.သရက်ပင်အောက်မှာ လေတိုက်လို့ကြွေတဲ့ သရက်သီးတွေလိုက်ကောက်။ မိုးရွာလို ရေတွေဆင်းတဲ့ ဆင်ခြေလျောလေးတွေမှာ ခြေထောက်လေး နဲ့ပိတ်ပြီး ကစားခဲ့ရတာတွေ။ အခုတော့ အားလုံးဟာ အတိတ်မှာကျန်ခဲ့ပါပြီ။ စလုံးမှာ မိုးရွာတော့ ဘာလုပ်လဲဆိုတော့ ဒီနေ့ ပိတ်ရက်လည်းဖြစ်တော့ စကားပုံလေးအတိုင်း ကိုက်ညီသွားအောင် ကျတော်ကျင့်ကြံလိုက်တာပေါ့။ ဘာစကားပုံလည်း ဆိုတော့ မိုးတစ်စိမ့်စိမ့် မအိပ်လူပျင်း တဲ့ဗျ။ ကျတော်လူပျင်းဖြစ်မှာ ကြောက်လို့ အိပ်လိုက်တာ တနေကုန်ပဲ။
ဒါနဲ့စကားမစပ် - ကျတော်တို့ ပဲခူးမှာလည်း အစဉ်အလာမပျက် ရေကြီးနေပြန်ပါပြီး။အောက်က ပုံကတော့ the voice weekly ထဲကပုံပါ။



0 comments: