Saturday, August 16, 2008

သင်ယူခြင်း Vs ခွဲခွာခြင်း

ကျွန်တော်-- ငယ်ငယ်တုန်းက
-မိဘတွေကပြောတယ်
မငှ်းမသိသေးပါဘူးတဲ့
-ဆရာသမားတွေက ပြောတယ်
မင်းမတတ်သေးပါဘူးတဲ့
-အစ်ကို အစ်မတွေက ပြောတယ်
မင်း နားမလည်သေးပါဘူးတဲ့


ဒီလိုနဲ့ကျွန်တော်
မသိတာတွေကို သိအောင်
မတတ်တာတွေကို တက်အောင်
နားမလည်တာတွေကို နားလည်အောင်
ကြိုးစားသင်ယူခဲတယ်။


ဒီလိုနဲ့ကျွန်တော်
မသိတာတွေ သိလာ
မတတ်တာတွေ တက်လာ
နားမလည်တာတွေ နားလည်လာ
အဲဒီအချိန်မှာပဲ ကျတော် ဒီဘ၀ကြီးနဲ့
ခွဲခွာရ တော့မှာပါလား။ ။

0 comments: