Monday, September 1, 2008

ဟိုစပ်စပ် ဒီစပ်စပ်

ကျတော့ကိုဒီအချိန်မှာ ဘာတွေလုပ်နေလဲလို့မေးရင် ကျတော် ဟိုစပ်စပ် ဒီစပ်စပ်တွေလုပ်နေတယ်။
ရုံးမှာတော့ ကျတော် autocad ဆွဲတယ်. တခါတလေ တောက်တိုမယ်ရလုပ်တယ်။ ကျတော့ ကို ခန့်ထားတာ တော autocad drafterနဲ့ပါပဲ. ဒါပေမဲ့ တစ်ခါတစ်လေ ဒီဇိုင်းပိုင်းလည်းပါရတယ်။ တတ်သလောက်ပေါ့။ တခါတလေ ရုံးက ကွန်ပျူတာ ပြင်သမားဖြစ်တဲ့ အခါလည်းဖြစ်တယ်။ တခါ တခါမှာတော့ ရုံးကလူတွေ မသိတဲ့ ကွန်ပျူတာပိုင်ဆိုင်ရာတွေကို ကူညီဖြေရှင်းပေရတဲ့ သူလည်းဖြစ်တယ်. ဥပမာ ..user account password ပြောင်းချင်တဲ့ ကိစ္စမျိုးတို့။ outlook မှာ သူတို့လိုချင်တဲ့ အရာမျိုးပြောင်းပေးတာမျိုးတို့..တခါတလေ ရုံးက စာတိုက်ပုံးကို သွားပြီး စာသွားထုပ်က တာမျိုးတို့ ကျတော်လုပ်ပေးရတယ်.
ရုံးသွားရုံးပြန် mrt ပေါ်မှာ တစ်ခါတလေ စာဖတ်တယ်။ တခါတလေ သီချင်းလေးနားထောင်တယ်။ တခါတလေ တရားနာရင်း ရုံးဆင်းရုံးပြန်တယ်။ တခါတလေ ကောင်မလေး ချောချောလေးတွေ ကို လိုက်ငေးတယ်။ ရွှေလေးတွေဆိုရင်တော ပြုံးပြလိုက် မသိသလိုနေလိုက်နဲ့ နှာဘူးကျတယ်.
ရုံးကပြန် အိမ်ရောက်ရင် တခါတလေ ထမင်းချက် ဟင်ချက်တယ်. ကွန်ပျူတာဖွင့် ပြီး ကမ္ဘာပတ်ကာ ကျူတယ်.
တခါတလေ ငါဒီအတိုင်းနေလို့ မဖြစ်ပါဘူး။ အမြဲတမ်းလေ့လာမှ ဆိုပြီး သင်ခန်းစာတွေလေ့လာတယ်. ဟိုတလောက flash လေ့လာတယ်. ဘာမှမသိသေးဘူး ပျင်းတာနဲ့ ဆက်မလေ့လာဖြစ်တော့ဘူး. အခု 3d max ကိုရောက်သွားပြန်တယ်။ နောက်ထပ်လေ့လာဖို့က excel advanced ပိုင်းကိုလေ့လာမလို့ စာအုပ်စုနေတယ်။ နောက်ပြီး ဒိဘလော့လေးရဲ့ template ပြောင်းမလို ကြံရွယ်နေတယ်။
အခုဘာလုပ်နေလဲဆိုရင် နေ့လည်ထမင်းစားနားတုန်း ဒိပို့လေးကို ရေးနေတယ်.
ကျတော့ကိုဒီအချိန်မှာ ဘာတွေလုပ်နေလဲလို့မေးရင် ကျတော် ဟိုစပ်စပ် ဒီစပ်စပ်တွေလုပ်နေတယ်။

1 comments:

MrDBA said...

ကျွန်တော်လဲ ရုံးမှာ ထမင်းစားပြီးရင် ခဏနားတဲ့အနေနဲ့ ဘလော့လည်တယ် ရေးစရာပေါ်ရင်ရေးတယ် တစ်ခါတော့ ထမင်းစားနားချိန်မှာ ရေးလိုက်တာ ရေးလိုက်နားလိုက် အလုပ်ပေါ်ရင် ထလုပ်လိုက်နဲ့ ရေးပြီးလို့ နာရီကြည့်လိုက်တာ ၅ နာရီဆိုလို့ မျက်လုံးပြူးသွားဖူးတယ်။