Sunday, September 14, 2008

ကျတော်နှင့်တစ်နေ့တာ

မနေ့မနက်က(စနေနေ့) ၇နာရီခွဲလောက် နိုးနေတယ်။ အော် ပိတ်ရက်မှာ သူများတွေက နှက်နေချိန်မှာ ကိုယ်က မအိပ်နိုင်တော့ဘူး။ လူက အကျင့်ဖြစ်သွားပြီလားမသိဘူး။ နိုးလာတော့လည်း လုပ်စရာလေးတွေ လုပ်အုံးမှ။ မျက်နှာသစ်၊သွားတိုက်၊မုတ်ဆိပ်ရိတ်၊ အိပ်သာတက်။ ပြီးတော့ ကျတော် ကွန်ပျုတာဖွင့်ပြီး ကျတော်ပြင်ချင်တဲ့ ကျတော့ တန်းပလိတ်လေးကို ထိုင်ပြင်နေတယ်။ အခုကျတော့ တန်းကလိတ်လေးရဲ့ header က အနီရောင်ဖြစ်သွားပီ။ ကျတော် အနီရောင်ကို မကြိုက်ဘူး။ အစိမ်းရောငလေးပဲကြိုက်တယ်။ ဒါနဲ့ ဘတ်ဂရောင်းကို အစိမ်းရောင်လေးပေးလိုက်မိတယ်. အနီ နဲ့ အစိမ်း လုံးဝမလိုက်ဖူး။ ဒါပေမဲ့လဲ။

လုပ်နေရင်းနဲ့ ဗိုက်ကဆာလာရော။ မနက်စာဘာစားရင် ကောင်းမလဲ။ ရေခဲသေတ္တာထဲမှာ လက်ဖက် ကျန်သေးလားမသိဘူး။ လက်ဖက်လေးနဲ့ ထမင်းလွေးလိုက်ရရင်ကောင်းမယ်။ လက်ဖက်က သိပ်မကျန်တော့ပါလား။ အင်းဘာစာရင်ကောင်းမလဲ။ နောက်ဆုံးတော့ ကျတော် ယမ်ယမ်ခေါက်ဆွဲထုပ်နဲ့ညားတော့ တာပေါ့။ ခေါက်ဆွဲပြုတ်.ကြက်ဥထည့် ပြီး စားနေမိတယ်။ အော်မြန်မာပြည်ကို လွမ်းလိုက်တာ။ ဟိုမှာလို မနက်စာ လှည်းတန်းဈေးရှေ့က ဟန်ညွှန့် မုန်ဟင်းခါး လေးစားလိုက်ရရင် ကောင်းမယ်။ မုန့်ဟင်းခါးကိုကျတော် ကြိုက်ပေမဲ့ ဆိုင်တိုင်းတော့ ကျတော်မစားဘူး။ မသန့်ရင်ဗိုက်နာမှာဆိုးလို့။ ကျတော် လှည်းတန်းမှာ ဟန်ညွန့်မုန်ဟင်ခါးကို ကြိုက်ပေမဲ့ ဆကာကြီးမုန့်ဟင်ခါးတော့ ကျတော်မကြိုက်ဘူး။ အင်း မန္တလေးမုန်တီသုပ်ကို တော့ လွတ်ကြိုက်ဗျ။ ရခိုင်ဆိုတော့လည်း ရခိုင်မုန့်တီကို သိပ်ကြိုက်။

စားပြီးတော့ လက်စမသပ်သေးတဲ့ တန်းပလိတ်ပြင်တဲ့ အလုပ်ကို ဆက်လုပ်နေမိတယ်။ အဲဒီအချိန်မှာပဲ ဖုန်ကမြည်လာတယ်။ ”ဟယ်လို.. အဖြူလား” ”အင်း ပြော..သယ်ရင်း. ဖြူပြောနေတယ်” ”ဘယ်လိုလဲ စက်အခြေအနေ” ” မရဘူးကွ ငါလည်း အမျိုးစုံ ထရွိုင်းနေတာပဲ” သူနဲ့ကျတော် အနည်းငယ်ဖောရွီးရိုက်လိုက်တယ်။ သူစက် psp က ၁၀၀၀ဗားရှင်းအဟောင်း။ စက်က ကောင်းပေမဲ့ ဂိမ်းကို မန်မိုရီစတစ် ထဲတည့်ကစားလို့မရဖြစ်နေတယ်။ ဒါနဲ့ကျတော် စက်ရဲ့ ဖန်းဝဲကို အပ်ဒိတ် လုပ်ဖို့ အမျိုးမျိုးကြိုးစားနေတာ။ ဒီလိုပဲ ကျတော့ ၀ါသနာက။ ဟိုကလိ ဒီကလိ ရတာကို စိတ်ဝင်စားတယ်။

သူနဲ့ ဖုန်းပြောပြီးတော့ ကျတော့ နောက်သယ်ရင်းတစ်ယောက်ဆီ ကို ကျတော်ဖုန်းဆက်လိုက်မိတယ်။ ”ဟယ်လို ကူးမားရ်လား ဖြူပါ” “အော်.. ဖြူပြော..” ”ဟို singtel ဖုန်းဘေကို အွန်လိုင်းက ဆောင်ပြီးရင် အကြောင်းပြန်လားလို့ သိချင်လိုပါ” ”မပြန်ဘူး ဒါနဲ့ ဘယ်သူ့ဖုန်းနဲ့ ဆက်နေတာလဲ.. ”အော်ဒါလား m1 ကတ်နဲ့ဆက်နေတာ” ”ဟို singtel ကကော” ”သူလည်းသုံတယ်” “ဒါဆို ဖြူဆီကို ဘယ်လိုဆက်ရမလဲ” ” ကြိုက်တဲ့ဖုန်းကို ဆက်လေ” ….. အင်းကျတော်လည်း ကျတော်ကို ဆက်သွယ်ဖို့ ဘယ်ဖုန်းနံပါတ်ကို ပေးရပါမလဲ။

ကျတော် ဖုန်းအပြော ကောင်းတာ နဲ့ အခန်းထဲ ကကောင်တွေနိုးကုန်ပြီဗျ။ နိုးလာတော့ သယ်ရင်တစ်ကောင်က ”ဘလော်ဂါ ကွတ်ကြီး .. ဘာတွေရေးနေတုန်း..”လို့လှမ်း နှုတ်ဆက်ပြီး မျက်နှာသစ်ဖို့ အိမ်နောက်ဖေး ၀င်သွားတယ်. နောက်တစ်ကောင်က ”ပုလုကွေး ဘာတွေရေးနေလဲ လို့လှမ်းပြောပြန်တယ်။ အင်းကျတော်ကို လည်း သယ်ရင်းတွေက အမျိုးမျိုးခေါ်ကြတာပဲ။ သူငယ်ချင်းမတစ်ယောက်ကဆို ကိုကကြီးတဲ့ ။ ကျတော့ ဘလော့နိမ်းကို သူခေါ်တက်သလိုခေါ်တာ။

ကျတော်လည်း တန်းပလိတ်ပြင်တဲ့အလုပ်ကို လက်စသပ်ပြီး ကွန်ပျူတာရှေကနေ ခွာလိုက်မိတယ်။ အခန်းထဲသွား အိပ်ရာပေါ် လှဲ လိုက်ရင်း ဘာစာဖတ်ရင်ကောင်းမလဲ။ ဟိုတလောက လမ်းပြကြယ်က ငှားဖက်တဲ့ ဆရာမခင်ခင်ထူး စာအုပ် ”ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ ကြိုပါမယ်” ကတော်တော်ကောင်းတာပဲ။ ဆရာမတို့များရေးတက်လိုက်တာ။ အင်း ဂျူး စာအုပ်တွေလည်း မဖတ်ရတာကြာပြီ။ နောက်ဆုံးတော့ ကျတော် အမြဲတမ်းဖက်ဖြစ်တဲ့ The Voice Weekly အဟောင်းလေးကို ပဲထပ်ခါထပ်ခါ ဖက်နေမိတောတယ်။ voice ကတော့ ကျတော်လေးစားရတဲ့ မီဒီယာတစ်ခုပါပဲ။

ခဏနေတော့ သယ်ရင်းတစ်ကောင်က ikea မှာ ကွန်ပျူတာတင်ဖို့ ခုံသွားဝယ်မှာ လိုက်မလားလို့မေးနေတယ်။ လိုက်သွားတာပဲကောင်းပါတယ်။ အိမ်မှာအောင်းနေတာ သွေးလေးတယ်။ ဒါနဲ့ အဝတ်အစားလဲဖို့ အိပ်ရာကနေထလိုက်မိတယ်။ ဟိုနားဒီနားသွားမှာ ဆိုတော့ ဘာပဲဝတ်ဝတ်ဖြစ်ပါတယ်။ အ၀တ်အစားကတော့ ကျတော်ဘာပဲဖြစ်ဖြစ်ဝတ်ပါတယ်။ ကျတော် အ၀တ်အစားလည်း မရွေးတက်ဖူး။ ဟိုမှာတုန်းကတော့ ကျတော့ မာမီ ၀ယ်ပေးတာကို ၀တ်တယ်။ ကျတော်ကိုယ်တိုင်ဝယ်ဝတ်တာ နည်းတယ်။ တခါတလေ ပါးပါးနဲ့ စိတ်ဆိုးထားရင် ကျတော့ ပါးပါးက ကျတော့ ကို ချော့တဲ့ အနေနဲ့ အင်္ကျီ ၀ယ်ပေးလေ့ ၇ှိတယ်။

ဒါနဲ့ကျတော်တို့ ikea ကိုသွားကြတယ်. ဟိုမှာပဲနေလည်စာ စားတယ်။( နေလည်စာဆိုလို သောကြာနေ့က အင်းလေးမျက်နှာချင်းဆိုင်မှာ အသစ်ဖွင့်တဲ့ မြနန္ဒာ ဆိုင်မှာ စားဖြစ်သေးတယ်။ အဲဒီမှာ ကျတော်ကြိုက်တဲ့ ငါးချဉ်သုတ်ရယ် ။ နောက်မြန်မာဟင်းတွေရယ်။ စားရတာ တန်လဲတန်တယ်။ ကောင်းလဲကောင်းတယ်။)

Ikea မှာအချိန်တော်တော်ဖြုန်းပြီး ညနေလောက်ကျတော့ အိမ်ပြန်ရောက်။ အိမ်ရောက်တော့ ရေမိုးချိုး။ ပြီးတော့ ထုံးစံအတိုင်း ကွန်ပျူတာရှေ့ထိုင် ဟိုဝင်ဖက် ဒိဝင်ရေး။ တောင်ပေါ်သား ဘလော့ရောက်တော့ အမေ အကြောင်းရေးထားတာတွေတယ်။ သူလည်းကျတော်လိုပဲ အမေကို အချစ်ဆုံးနဲ့တူပါတယ်။ သူဘလော့မှာ အမေသီချင်းတွေရယ် အမေ့လွမ်းချင်းတွေရယ် ပြည့်နေတယ်။ နောက်ဘလော့ တစ်ခုရောက်တော့ ဗုဒ္ဓအကြောင်းရေးထားတယ်။ ရှင်တော်ဗုဒ္ဓကတော့ ကျတော်အလေးစားဆုံးပဲ။ ကျတော်လည်း နောက်ဘလော့ တွေကို ထပ်ဝင်.. အင်း ရွှေအမြုတေဖတ်လိုက်အုံးမှ။ ရွှေ magazine နဲ့ living color ကတော့ ကျတော် အနှစ်သက်ဆုံးပဲ ။ ညလဲနက်လာတော့ အိပ်တော့မှပဲ။

အိပ်တော့မယ်ဆိုမှ မဗေဒါ ကျတော့ ကို tag ထားတာမေ့နေတယ်။ အင်းဖြေရအုံးမယ်ဗျာ။

2 comments:

လင်းဦး(စိတ်ပညာ) said...

ပုလုကွေးရဲ့ တစ်နေ့တာထဲမှာ စားတာတွေတော့ တော်တော်ကြိုက်တယ်။ မုန့်တီတော့ အကြိုက်ဆုံးပါပဲ။ အဟဲ

ဇင်ယော် said...

အဟဲ ဟုတ်တယ်။ ကျနော်လည်း ထိုနည်းလည်းကောင်း။ ဟိုသီချင်းထဲကလိုပေါ့ဗျာ။ မိုးလင်းထဲက စဉ်းစားမိတာ စားဖို့ ပါပဲ။ စားလွန်းလွန်းလို့  မင်းလေးကတောင် စိတ်ကုန်နေတယ်။ ကောင်မလေး စိတ်ကုန်သွားဦးမယ်။ သတိတော့ထားဗျာ။