Friday, September 19, 2008

ရခိုင်ရှောက်သီးသုပ်

ဟိုတနေ့က အိမ်မှာတယောက်ထဲ ရှောက်သီးသုပ်စားတယ်။ သယ်ရင်းတွေက imm သွားပြီး အပြင်မှာစားကြတယ်။ ဒါနဲ့ကျတော်လည်း တစ်ယောက်ထဲ ရှောက်သီးသုပ်စားတယ်။ ရခိုင်ရှောက်သီးသုပ်က ဗမာရှောက်သီးသုပ်နဲ့ သိပ်မတူဘူး။ နည်းနည်းကွာတယ်။ ဒီမှာက ရှောက်သီး မရှိတော့ ကျတော် သံပုယိုသီးနဲ့သုပ်စားတယ်။ ရခိုင်ရှောက်သီးသုပ် ဖို့ဘာတွေလိုလဲဆိုတော့ ရှောက်သီး(သံပုယိုသီး)၊ ကြက်သွန်၊ ပုဇွန်ခြောက်၊ ငရုတ်ကောင်း(သူကထဲ့လဲ၇တယ်. မထဲ့လဲရတယ်) ၊ ပုဇွန်ငပိတို့ပဲဗျ။


ရှောက်သီးကို ခွာပြီးရေစိမ်ထားပါ။ ပုဇွန်ခြောက်ကို ထောင်းထားပါ။ ငရုတ်ဆုံ မရှိရင်တော့ blender နဲ့ မွှေပါ။ (အိမ်မှာတော့ သယ်ရင်တစ်ယောက် မြန်မာပြည်က တကူးတက သယ်လာလို့ ငရုတ်ဆုံ ရှိတယ်)။ ပြီးတော့ ငရုတ်သီးစိမ်း၊ ကြက်သွန်၊ငပိတို့ကို ရောထောင်းပါ။
ဆား၊ အချိုမှုန့်တို့ကို ထည့်ပါ။ ခွာထားတဲ့ ရှောက်သီးနဲ့ ရောနယ်လိုက်တဲ့အခါ ရခိုင်ရှောက်သီးသုပ် စားလို့ရပါပြီ။။


စားသွားပါအုံးဗျ.ရှူး ရှူး…(နည်းနည်း စပ်သွားလို့ဗျ)

8 comments:

thonn thonn said...

အမလေး..သားရေတွေကျလာတယ်ဟ။ ဒီလူတော်တော်နောက်တယ်..ဟွန့်။

တောင်ပေါ်သား said...

သွားရည်တွေ ကျလာတယ်နော့် အစ်ကို စားချင်လာပြီးနော့်

Chaos said...

ဟုတ်တယ်နော်
ငရုတ်သီးစပ်သွားတယ်
အားးးးးး
နဲနဲပဲပါ
ရေတစ်ခွက်လောက်

Anonymous said...

သွားရည်ကျပြီး အရမ်းစား ချင်တာတဲ့ ငတ်လိုက်တာ တော်တော် လေးစပ်သွားတယ်.. နောက်ဆို ရေခဲရေ လေးပါ ထည့်ထားပေးပါဗျာ....

လင်းဦး(စိတ်ပညာ) said...

အကြိုက်ပဲဗျို့။ စပ်မှ ကြိုက်တာ.. ရှူးရှူး ရှဲရှဲလေးနဲ့ :)

ဇင်ယော် said...

နှိပ်စက်တယ်ပေါ့လေ။ ဖတ်နေရင်းနဲ့  သားရေယို လာလို့ ။ စာတင်မက ပုံလေးပါတွဲတင်ထားတော့ ဟီးဟီး ကြည့်နေရင်း ငရုတ်သီးပါ စပ်သွားသလိုပဲ။ နောက်တခါ သုပ်ရင် လက်တို့ လိုက်ပါလား။ ငတ်ကြီးကျမလို့  ဟေဟေ့။

တန်ခူး said...

ကိုပုလုကွေးရေ… လာလည်တာ ရခိုင်ရှောက်သီးသုတ်နဲ့ တွေ့ သွားတယ်… ဟုတ်တယ်… နဲနဲစပ်တယ်…

Mr.Pooh @ မောင်ပွတ် said...

ရှူးရှဲလေး နောက်တစ်ပွဲလောက်ဗျာ။ ဒီတခါ gathering လုပ်ကြရင် ခင်ဗျား ရခိုင်ရှောက်သီးသုပ်နဲ့ ဧည့်ခံဖို့ အကြံပြုမယ်နော်။း)