Tuesday, September 30, 2008

ဒုတိယလူ ၏ ပထမဆုံးများ

အမြဲတမ်း ဒုတိယဖြစ်နေတက်တဲ့ ကျတော် ပထဆုံးများကို ရေးရမယ်ဆိုတော့ နဲနဲတော့ ခတ်သား။ ဒါပေမဲလဲ သယ်ရင်း ဘိုဘို နဲ့ တောင်ပေါ်သား တို့က tag တော့ ရေးရပေမပေါ့။ သီးခံဖက်ရှုပေးကြပါကုန်။


ပထမဆုံး နေခဲ့တဲ့မြို့ — အာမထိ လျှာမထိမြို့(သိမလားတောသိဘူး.. မလင်းလက်ကြယ်စင်၊ ပြည်စုံ တို့ နဲ့ တစ်မြို့ထဲ)


ပထမဆုံး တက်ခဲ့ရတဲ့ကျောင်း — အဲဒီမြို့ မှာ အဲဒီအချိန်တုန်းက အထက်တန်းကျောင်းတစ်ကျောင်းထဲရှိတယ်။


ပထမဆုံး အတန်း — သူငယ်တန်းလေး လို့ခေါ်မလား ကျောင်းပျော်လို့ခေါ်မလား။ (ကျတော့ အသက်က ကိုးလို့ ကန့်လန့်ဗျ ။ ကျောင်းဖွင့်တော့ ၄နှစ်ခွဲ. ဒါကို ကျတော့ ပါကြီး(ဖေဖေ) က အသက်ခိုးမထား ခိုင်းပဲ ၅နှစ်ခွဲမှ သူငယ်တန်းစတက် ခိုင်းတယ်)


ပထမဆုံး သူငယ်ချင်း — စနေမောင်မောင်(နာမည်အရင်းပါ..သူငယ်တန်းနှစ်မှာပဲ သူဆုံးသွားရှာတယ်)၊ မိန်းကလေးထဲမှာဆို မွတ်စလင်မလေးပဲ နာမည်တော့ ကျတော်သိတော့ဘူး ၊ ကျတော့ ဒေါ်လေးကို ပြန်မေးရမယ်။ သူက အကုန်မှတ်မိတယ်။


ပထမဆုံး ရတဲ့ ကျောင်းသူငယ်ချင်း — စနေမောင်မောင် (သူ့အကြောင်းနောက်မှရေးတော့မယ်.. သတိရသွားပြီ သယ်ရင်းကြီ်း)


ပထမဆုံး ဖတ်ဖူးတဲ့စာအုပ်— တေဇ။ ရွှေသွေး။


ပထမဆုံး အရိုက်ခံရခြင်း —၄ တန်းနှစ်မှာ အင်္ဂလိပ်စာဆရာမ(မူလတန်း ကျောင်းအုပ်)က ရိုက်တာ (အဲဒီကိစ္စနဲ့ပက်သက်ပြီး မာမီနဲ့ ဆရာမ တော်တော် စကားများကြတယ်။ မာမီကလည်း ဆရာမပဲလေ။ ကျတော်လည်းငို ဆရာမလည်းငို မာမီကတော့ ငိုဖူး)


ပထမဆုံး ရတဲ့ဆု — သူငယ်တန်းမှာ ဒုတိယဆု။


ပထမဆုံး သွားဖူးတဲ့ခရီး — မိဘတွေ မပါပဲ သွားတဲ့ခရီးဆိုရင် ၈ တန်းနှစ်က သယ်ရင်းတွေနဲ့ ကျိုက်ထီးရိုးကို သွားတာ။


ပထမဆုံး ဆိုတဲ့သီချင်း — ကိုင်ဇာရဲ့ သီချင်းတွေ(မိုးရွာရင် မိုးရေချိုးမယ်….)


ပထမဆုံး ရေးတဲ့ကဗျာ —မမှတ်မိတော့ဘူး။


ပထမဆုံး ရေးခဲ့သော ရည်းစားစာ ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ် ပထမဆုံး ချစ်သူ ဒီသုံးခု ကို မဖြေချင်ဘူး။ ရှက်လည်းရှက်တယ်.ကိုယ်မဆွံမှန်း လူတွေသိမှာစိုးလို့ဗျ။ ဟီးဟီး တစ်ခုမှလုပ်ဖူးဘူး။ အခုထိလဲရှိသေးဘူး (သားသား ရှက်ရှက်) ။ ( urgent need)။


ပထမဆုံး ၀ယ်ဖူးတဲ့ စာအုပ် — ဝတ္ထု ဆိုရင်တော့ ဂျူးရဲ့ ပင်လယ်နှင့် တူသောမိန်းမများ။ (သယ်ရင်းတစ်ယောက်ကို ငှားတာအပျောက်ရိုက်သွားတယ်.. စလုံးကို မလာခင်က ထပ်ဝယ်ထားတယ် )


ပထမဆုံး တက္ကသိုလ်ရောက်တဲ့နေ့ — ၂၀၀၁ခု ဇန်န၀ါရီ --နေ့


ပထမဆုံး ရဖူးတဲ့လက်ဆောင် — သယ်ရင်းလား ချစ်ချစ်လား အခုထိမကွဲပြားသေးသော သူလေးဆီက ရတဲ့မွေးနေလက်ဆောင်။


ပထမဆုံး အလုပ် —(အိမ်က အလုပ်တွေကို ကူလုပ်ပေးတာမပါ) အခုလက်ရှိ စလုံးမှာလုပ်နေတဲ့ အလုပ်၊(တကယ်ပြောတာ အဲဒီမတိုင်ခင်က ဘာမှ လောက်လောက်လားလားလုပ်ဖူးဘူး၊ မိဘပိုက်ပိုက် ထိုင်ဖြုန်းပြီး တစ်ခုပြီးတစ်ခုဆက်တက်နေတာ။ ဘာမှလဲ မတက်ပါဘူး.. ၂ နေရာမှာပဲ အသုံးဝင်မှာ)


ပထမဆုံး တစ်ယောက်ထဲခရီးသွားခြင်း — ပြင်ဦးလွင်ရောက်နေတဲ့ ညီလေးဆီကို။


ပထမဆုံး သောက်ဖူးတဲ့ဆေးလိပ်—ငယ်ငယ်တုန်းကတော့ ခိုးသောက်ဖူးတယ်(သေသေချာချာ မှတ်မိတော့ဘူး)


ပထမဆုံး သောက်ဖူးတဲ့ဘီယာ — ၉၉ လောက်က central hotel မှာ။ အဲဒိကတည်းက သောက်တာ။ ၂ဂျားလောက်ကို တစ်ယောက်ထဲ အေးဆေးသောက်ခဲ့ တာလဲ ၇ှိပေါ့။ (ဘီယာ ကို အဲဒီလောက် ကြိုက်တာ...အမြဲတမ်းတော့ ဟုတ်ဘူး)။ စလုံးရောက်တော့ limit တွေကျကုန်ပြီ (ဈေးကြီးလို့) ။ အိမ်ကို တိုင်ပြောနဲ့နော် အိမ်ကသိဘူး အိမ်ကသိရင် ရိုက်လိမ့်မယ် (နှုတ်ပိတ်ခ ဘီယာတိုက်မယ်)။


ပထမဆုံး သောက်ဖူးတဲ့အရက် — အခုထိလျှာပေါ် မတင်ဘူးသေးဘူး။


ပထမဆုံး တက်ဖူးသော ဆေးရုံ — တစ်ခါမှ ဆေးရုံတက်ဖူးဘူး။


ပထမဆုံး ဘလော့ပို့စ် — ပထဆုံးသော ပို့လေးနဲ့ ဘလော့လေးရှိတောဘူး။ ဖျက်ပစ်လိုက်ပြီ။ ဟိုတုန်းက တစ်ယောက်ထဲ လျှောက်လုပ်ထားတာ။ ဘလော့ ခေတ်ဦး က အစ်ကိုတွေကိုအားကျပြီး လုပ်ထားတာ


ပထမဆုံး ခင်တဲ့ ဘလောဂ့်မိတ်ဆွေ — ဆူးသီဟ ခေါ် ဆူးရဲ။ သူလဲ မရေးတော့ဘူး။


ပထမဆုံး အကြိမ် ထီပေါက်ခြင်း — ဗမာ ၂လုံးတုန်းက ၂၀၀ဖိုးပေါက်ဖူးတယ်။


ပထမဆုံး ရင်ခုန်ဖူးခြင်း — ရင်ခုန်တာတွေက များတော့ မှတ်မိတောဘူး


ပထမဆုံး တီးဖူးတဲ့ဂစ်တာ — သယ်ရင်းဆီမှာ ဂီတာတီးသင်တာ ပထမဆုံးလက်ကွက်ကနေ ဆက်မသင်တော့တာ ခုထိပဲ။ c key လားပဲ။ အဲဒီလောက် ပါရမီပါတာ ငှဲငှဲ..။


ပထမဆုံး ရောက်ခဲ့သော နိုင်ငံရပ်ခြား — တရုတ်ပြည် နယ်စပ် ။


ကျတော်ဆက်လက် ပြီး tag ချင်တာကတော့ ညီငယ် ကျားလေးနဲ့ iceos တို့ကို ပါပဲ။ ညီလေးတို့ရေ.. အားရင်ဖြေပေးကြပါအုံး။။

4 comments:

တောင်ပေါ်သား said...

ကိုကြီးကွေးရေ ပထမဆုံးများ လာဖတ်သွားတယ်.. ရေးပေးတဲ့အတွက် ကျေးဇူးနော့် အစစအရာရာ အဆင်ပြေပါစေ

သက်တန့် said...

အာမထိ လျှာမထိမြို့ဆိုတော့ ဝေါမြို့ပေါ့ ဟုတ်လား...
ကျိုက်ထီးရိုးကို မိဘတွေ မပါဘဲ သူငယ်ချင်းတွေနဲ့ သွားတာတော့ တူတယ်...
ဒါပေမယ့် အမက ဒုတိယနှစ် မတက်ခင်ကမှ... :D
သယ်ရင်းလား ချစ်ချစ်လား ခုထိမကွဲပြားသေးဘူး ဟုတ်လား... ညံ့ချက်ကွာ... :P
မွေးတုန်းက ဆေးရုံမှာ မွေးတာ ဟုတ်ဘူးလား... :)

ဇင်ယော် said...

ဟေဟေ. ဘီယာကြိုက်တာချင်းကတော့ တူနေပြီဗျာ။ ဒါနဲ့  ခုထိမစွံသေးဘူးဆိုတာတော့ ယုံရခက်ကြီးကွ။ တကယ်ဆိုရင်တော့ အဲဒီသယ်ရင်းကို မြန်မြန် ရာထူးတိုးပေးလိုက်ကွာ။ မသွားပြီ အချွန်နဲ့ ။

MrDBA said...

ပြောပါဆိုမှ ပဟေဋ္ဌိလာဖွက်နေပြန်ပါပြီ။ ဘယ်မြို့မှနေတာတုန်း။
အရက်က လျှာပေါ်မတင်ဘူး ဆိုတော့ လျှာလွတ်အာလွတ် လောင်းထည့်တာလား။