Monday, October 13, 2008

ကျတော် ခံစားမိသော သီချင်းများ


ဂျပန်မလေးမိဂုမိက သီးချင်းတွေ ကြိုက်ကြောင်းပြောတော့ ဘယ်သူများ ဒီလိုပြောမလဲလို့ မျှော်လင့်နေတဲ့ ကျတော် ဝမ်းသာမိတာ အမှန်ပါ။ ကျတော် ဖန်တီးတာမဟုတ်ပေမဲ့ ကျတော် တင်ဆက်တာကို အားပေးတဲ့အတွက် ကျေနပ်နေမိတာပါ။ ကျတော် အားလုံးအတွက် ရှဲလ် လိုက်ပါတယ်။ ပထမတော့ သီချင်းလင့်ကို သူ့ကိုပဲပေးမလို့။ ဒီလိုပို့စ်လေးတင်လိုက်တော့ လည်း ပို့စ်အသစ်တစ်ခုဖြစ်တာပေါ့။ ပို့စ်အသစ်ရေးရမှာ ပျင်းနေတာနဲ့ အတော်ပဲ။

ပထမဆုံးက အဝေးက ဧည့်ခန်း အဖွဲ့ရဲ့ သီချင်းလေးတွေပါ။ အဲ့ဒီအဖွဲ့လေးကို ကျတော်တို့ သုံးတန်း(တတိယနှစ်) EC မောင်မယ်သစ်လွင်ကြိုဆိုပွဲ တုန်းက လာဆိုတာ။(သူများတွေနဲ့ မတူ သုံးတန်း ရောက်မှ သစ်လွင်ကြိုပွဲ အလုပ်ခံရတဲ့ ကျတော်တို့တွေလေ.. အားလုံးဟာ အဘ မောင်သောင်းရဲ့ ကျေးဇူးတွေပဲ..ကျေးဇူးကြီးပါပေ့) သယ်ရင်းတွေက ကောင်းတယ်။ နားထောင်ကြည့်ဆိုတာနဲ့ နားထောင်ဖြစ်သွားတယ်။ ကျောင်းပုံပြင်ကတော်တော်လေး ပေါက်ပြီး ကျတော်ကြိုက်တဲ့ ကားမှတ်တိုင်တို့ ကျန်သီချင်းတွေက ထင်သလောက်မပေါက်ဘူး။
ကျောင်းပုံပြင်……အဝေးကဧည့်ခန်း
ကားမှတ်တိုင်……အဝေးကဧည့်ခန်း
ဒဏ်ရာအလွမ်း… အဝေးကဧည့်ခန်း

နောက်ထပ်ပေးချင်တာက ဂျီလတ် ရဲ့သီချင်းတွေ။ ကိုကြီးရင်မောင်က ပေးလို့နားထောင်ဖြစ်တာ။ တော်တော်လေးကောင်းပါတယ်။ သီချင်းတွေနာမည်တော့သိဘူး။
ဂျီလတ် (G-latt) 1
ဂျီလတ် (G-latt) 2
ဂျီလတ် (G-latt) 3

နောက် တစ်ပုဒ်က ဘယ်အဖွဲ့က ဆိုတာလဲ ကျတော် မမှတ်မိတော့ဘူး။ သူလဲ sample သီချင်းလေးပဲ။ ဒီသီချင်းလေးနဲ့ ကျတော် post တစ်ပုဒ်ရေးဘူးတယ်။ စိတ်ဝင်စားရင် ဒီမှာပါ။ သီချင်းနာမည် က wor ite ni

8 comments:

megumi said...

ယူလို့ ရဘူးသိလား။ မ Downloadတတ်ဘူး။ ဟိ ဟိ။ Linkကိုတော့ Blog က Player မှာ ထည့်လို့ ရလို့ ယူသွားမယ်နော်။ Ipodမှာ ထည့်ချင်လို့ 21.megumi@gmail.com မှာ ပေးပါလား။ :P :P

megumi said...

ဟိ ဟိ အပျော်လွန်ပြီး ကျေးဇူးတင်ကြောင်း ပြောဖို့ မေ့သွားလို့ ထပ်လာပြောတာ။ :P :P

သံလွင် HeRo said...

အဲဒီဝေါ်အိုင်းနီသီချင်းက အဝေးကဧည့်ခန်းဆိုထားတာ
ပဲလေ...တားတားရှိုးပွဲတစ်ခုမှာသူတို့ဆိုတာမြင်ဖူးတယ်
ဂျ .... xie xie for ur songs

Nay Nay Naing said...

ဝေါ်အိုင်းနီသီချင်းကို အရိုး ရေးပြီး သူကိုယ်တိုင်ပဲ ဆိုထားတာပါ..

မောင်ဖားကြီး said...

ဟား ဟုတ်ပါ့အစ်ကိုရေ အဝေးကဧည့်ခန်းအကြောင်း ကျွန်တော်ရေးမလို့တောင် စဉ်စားနေတာ။ ကျွန်တော်တို့ ကျောင်းစတက်တဲ့
ပထမနှစ်မှာ တစ်ကျောင်းလုံးကြိုက်ခဲ့ကြတဲ့အခွေပေါ့။ ကိုအရိုးကလည်း YTU ကဆိုတော့ ကျွန်တော်တို့အကြောင်းကိုပဲ ရေးထားသလိုလို
လည်းခံစားရပါတယ်။ တစ်ခွေလုံးကိုကြိုက်တာဗျ။ ကတ်ဆက်တိပ်ကို သူများကျော်သွားလို့ နှစ်ခါဝယ်ရပါတယ်။ နောက်ဆုံး စီဒီလေးကတော့
အခုထိရှိသေးတယ်။ ပြန်နားထောင်လိုက်တာနဲ့ ကျောင်းတုန်းကရနံ့တွေက ရင်ထဲကို ၀င်လာပြီး ဆွတ်ပျံ့နေတုန်းပါပဲဗျာ။

M.Y. said...

သီချင်းသစ်ထဲက သီချင်းကောင်း၊တွေငတ်နေတာ။

မြန်မာသီချင်းတွေနဲ့ အဝေးမှာမို့ ၊ အဝေးကဧည့်ခမ်း ဆိုတာခုမှပဲနားထောင်ဖူးတယ်။

ဒီသီချင်းကောင်းလေးတွေအတွက်..ကျေးဇူးများစွာပါပဲ။

Anonymous said...

ကျွန်တော်သိချင်တာက အဝေးကဧည့်ခန်းသီချင်းကို ဘယ်ခုနှစ်ကထွက်တာလည်းအသေအချာသိချင်ပါတယ် သိရင်ကျေးဇူးပြုပြီးဖြေပေးပါခင်ဗျာ :)

Anonymous said...

အခုလိုဖြေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အကိုရေ
ကျွန်တော်ကသိချင်လို့ပါ။ အကို Blog ကိုကြည့်ချင်ရင် Freedom ကျော်သုံးနေရတယ်။ အကို wordpress ပြောင်းသုံးပါလား။ကောင်းတယ်အကိုရ။ Blogger က Post တွေကိုလည်း Import လုပ်လို့ရတယ်။
Thank For Help me :)
PS : အဝေးကဧည့်ခန်းခွေက 98, 99 လောက်မှာ ထွက်တယ်ထင်တယ်။ကျွန်တော့် နယ်ကအိမ်မှာ ခွေ Cover ကျန်ခဲ့တော့မသိရသေးဘူး။ သိရင်တော့ပြန်ပြောမယ်နော် ။