Sunday, October 19, 2008

ပုံရိပ်

ကျတော် ဒီနေရာမှာ ပြောလိုတဲ့ ပုံရိပ်ဆိုတာ လူတစ်ယောက်ကို ကိုယ်စိတ်ထဲမှာ ထင်ကျန်နေတဲ့ သူရဲ့ အပြုအမူ၊ ဟန်ပန် အမူအရာ ကိုပါ။

ဥပမာ..မဝါဝါ ခိုင်မင်း လို့ ကျတော်ဆိုလိုက်တာနဲ့ အားလုံးခင်မင်တဲ့ ဘလော်ဂါမမကြီးလို့ မြင်ကြမှာပါ။

ကိုရန်အောင်လို့ ကျတော်တွေးလိုက်တာနဲ့ အဲ့ဒီအစ်ကိုကြီးဟာ အိမ်မက်နတ်သမီး ကို အပိုင်း ၂ ထိပဲရေးပြီး ဆက်မရေးတော့တဲ့ ကိုရေခဲညှပ် အဖြစ် မြင်ယောင်မိနေတာကိုပါ။

အဲဒီလိုပုံရိပ် အဖြစ်မြင်ယောင်ဖိုဆိုတာ လိုအပ်တာတွေကတော့ အမြင်ခံဖို object (အရာဝတ္ထု)။ရှုမြင်တဲ့သူ (သို့) ကြည်မြင်သူနဲ့ သူရဲ့ ရှုထောင့်(ခံစားမှု)တို့ပါပဲ။

အရင်ကဆို မြန်မာလို့ ဆိုလိုက်တာနဲ့ ဖော်ရွေ သဘောကောင်းတဲ့ နိုင်ငံသားတွေနေတဲ့ အေးချမ်းတဲ့ နိုင်ငံ၊ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံအဖြစ် လူတိုင်းက ရှုမြင်ခဲ့ ကြပါတယ်။

မြန်မာလူမျိုး၊ နိုင်ငံသားလို့ဆိုလိုက်တာ နဲ့ အလုပ်ကြိုးစားပြီး ကျိုးနွံတဲသူတွေ အဖြစ် တော်တော်များများက မြင်ကြပါတယ်။

ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်း မြန်မာလို့ဆိုလိုက်တာနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သာသနာတော်ကို ပြစ်မှားတဲ့ စစ်အာဏာ၇ှင် အုပ်စိုးတဲ့ နိုင်ငံ အဖြစ် နိုင်ငံတကာက ပြောင်းလဲရှုမြင်လာ ကြပါတယ်။

နောက်တစ်ခါ နာဂစ် ဖြစ်လာတဲ့အခါ တစ်မျိုး ပြောင်း လဲရှုမြင်လာကြ ပြန်ပါတယ်။

တစ်ချို့သော ပုံရိပ်တွေဟာ ကျတော်တို့ ပြုလုပ်မှုနဲ့ တိုက်ရိုက် အချိုးကျပေမဲ့ တစ်ချို့ တွေဟာ ကျတော်တို့နဲ့ သွယ်ဝိုက်ပြီး သက်ရောက်မှု ရှိနေပါတယ်။

နောက်ဆုံးကျတော် ပြောချင်တာကတော့ ကျတော်တို့ဟာ ကျတော်တို့ရဲ့ ပုံရိပ်တွေကို ပြုလုပ်သူဖြစ်သလို ကျတော်တို့ နိုင်ငံ၊ လူမျိုး အားလုံးရဲ့ ပုံရိပ်တွေ အဖြစ် သက်ရောက်မှု ရှိတာကြောင့်  ကျတော်တို့အားလုံးဟာ မိမိရဲ့ ပုံရိပ်ကို ကောင်းမွန်အောင်ထိန်းသိမ်းရင်း နိုင်ငံ ရဲ့ ပုံရိပ်ကို မြင့်တင်နိုင်သူတွေ ဖြစ်အောင်ကြိုးစားကြရမှာပါ။။။

-------------------------------------------------------------------------------------------------

ဘာမှမဟုတ်တဲ့ ပုလုကွေး လဲတစ်ခါတစ်လေ ဒီလို စာမျိုးတွေ ရေးချင်လာလို့ ရေးလိုက်မိတာပါ။ အမှားပါသွားရင် ပြင်ဆင်ပေးဖို့ ၀န်မလေးပါဘူး။ ပုံရိပ်ဆိုတာ ရှုမြင်သူ၇ယ်။ ရှုမြင်ခံ အရာဝတ္ထုရယ်၊ ရှုထောင့် ရယ်ပေါ်မူတည်ပြီး ကွဲပြားနေမှာပါ။

7 comments:

မသက်ဇင် said...

ပုံရိပ်ဆိုတာ ရှုမြင်သူ၇ယ်။ ရှုမြင်ခံ အရာဝတ္ထုရယ်၊ ရှုထောင့် ရယ်ပေါ်မူတည်ပြီး ကွဲပြားနေမှာပါ။

ပုလုကွေးရေ---
မှန်တာပေါ့ရှင်---အားလုံးဝိုင်းလုပ်ရမှာပေါ့
ကိုယ့်အိမ်ပျက်တာ ကိုယ်ပဲ ဆောက်ရမှာပါလေ--

WWKM said...

အယ်.. မောင်လေးပုလုကွေး
မမ Blog List မှာ မမနာမည်ပါလို့ အမြန်လိုက်လာတာ.
ဘာတွေများဖြစ်ပါလိမ့်..ဆိုပြီးတော့.. ဟတ်ဟတ်
မမ၀ါကို ခင်တာတွေ့ရလို့ ၀မ်းသာပီတိ ဖြစ်ရပါတယ်
မောင်လေးရေ..
မမ၀ါက အားလုံးကခင်တဲ့ ဘလော့ဂါမမကြီးမဟုတ်
နိုင်ပါဘူးမောင်လေးရယ်။ မောင်လေးရဲ့ စေတနာကို
အသိအမှတ်ပြုပြီး အလွန်ပဲ ၀မ်းသာမိပါတယ် မောင်လေး။အဆင်ပြေပျော်ရွှင်ပါစေ။

ခင်တဲ့
မမ၀ါဝါ

ခေါင်ခေါင် said...

နောက်ဆုံးကျတော် ပြောချင်တာကတော့ ကျတော်တို့ဟာ ကျတော်တို့ရဲ့ ပုံရိပ်တွေကို ပြုလုပ်သူဖြစ်သလို ကျတော်တို့ နိုင်ငံ၊ လူမျိုး အားလုံးရဲ့ ပုံရိပ်တွေ အဖြစ် သက်ရောက်မှု ရှိတာကြောင့်  ကျတော်တို့အားလုံးဟာ မိမိရဲ့ ပုံရိပ်ကို ကောင်းမွန်အောင်ထိန်းသိမ်းရင်း နိုင်ငံ ရဲ့ ပုံရိပ်ကို မြင့်တင်နိုင်သူတွေ ဖြစ်အောင်ကြိုးစားကြရမှာပါ။။။

ဟုတ်ကဲ့. ကျွန်မ တို့လဲကြိုးစားပါ့မယ်ရှင့်

thonn thonn said...

ကိုပုရေ ... စိတ်ကူးလေး အတွေးလေး ကောင်းလိုက်တာ။ :)

mabaydar said...

ကိုကိုပု.. မီးမပါဘူးနော်.. ခိုးပြီး မတော်တဆခလုတ်တိုက်ရင်း ဒီပိုစ့်ကို မြင်သွားတာ.. ဟဲ..ဟဲ.. စတာပါ..
ကိုယ့်အမြင်ကို ဒီလိုဖော်ပြရဲတာကောင်းပါတယ်..

Anonymous said...

ဟုတ်ပါ့ဗျား အမှန်ပါပဲ။ ပြောင်းလဲဖို့ဆိုရင် ဟိုးထိပ်ကစပြီး
ပြောင်းမှကောင်းမှာဗျို့

MrDBA said...

များများတွေး ရဲရဲရေး နိုးလောင်းဂါး ပုလုကွေး။