Monday, October 20, 2008

ငို့ဖ

ဒီဇာတ်လမ်းလေးကို ကျတော့ အမ၀မ်းကွဲ တစ်ယောက်ကပြောပြတာပါ။ သူက ရခိုင်မှာ စက်ချုပ်ပါတယ်။ ရခိုင်လို စက်ချုပ်တဲ့သူကို စက်ဆရာမ(စက်သမ)လို့ ခေါ်လေ့ရှိပါတယ်။ရခိုင်နဲ့ ချင်းနဲ့က ဆက်စပ်နေတာပါ။ ချင်းတွေက တောင်ပေါ်မှာ နေတာများပါတယ်။ ဈေးနေ့တွေမှာ လာပြီး သူတို့ဆီက ထွက်တဲ့ကုန်တွေကို ဈေ်းမှာလာရောက်ရောင်းချပြီး သူတို့လိုတာတွေကို ပြန်ဝယ်သွားတက်ကြပါတယ်။

တစ်နေ့တော ချင်းမတစ်ယောက်ဟာ ဈေးကိုလာပြီး သူမှာပါတာတွေရောင်း၊ နောက်သူလိုတာတွေ ၀ယ်ပါသတဲ့။ သူဟာ အင်္ကျီစ(ပိတ်စ) တစ်စကို ၀ယ်ပြီး အင်္ကျီချုပ်ဖို့ စက်သမဆီကို သွားပါသတဲ့။ ရခိုင်စက်သမတွေဟာ ပိတ်စ အရမ်းခိုးတယ်လို့ သူသိထားတယ်။ ဒါကြောင့် စက်သမဆီရောက်တော့ ပိတ်စကို သူ့ရှေ့တင်ဖြတ်ပြီး တစ်ခုဆီကို ဘာအတွက်ဆိုတာ ပြောဖို့ စက်သမကို ခိုင်းပါတယ်။ ဒါနဲ့ စက်သမကလဲ ပိတ်စကို သူ့ရှေတင်ဖြတ်ပြီး ဒါက အင်္ကျိလက်၊ ဒါက ကော်လံ၊ ဒါက ရှေ့ကိုယ်ထည်၊ ဒါက နောက်ကိုယ်၊ ဒါက ငို့ဖ လိုတစ်ခုဆီပုံပြီး ပြပါတယ်။

ဒီတော့ ချင်းမကလဲ “အင်း နင်ပြောတော့လဲ အားလုံးဟာ ကွတ်တိပဲ။ နင်တို့ ဘယ်မှာခိုးလို့လဲ”လို့ ပြောပြီး စက်ဆရာမ ချိန်းတဲ့ရက်မှာ ပြန်လာယူ မယ်လို့ ပြောပြီး စက်ဆိုင် ကနေ ထွက်ခွာသွား ပါတယ်၊

ချင်းမ.. မသိတာက စက်သမပြောတဲ့ “ငို့ဖ” ဆိုတာ “ငါ့ဖို့” ဆိုတာကိုပါ..ဟားဟား……..

13 comments:

ညီအကိုများ said...

ငို့ဖ...

ရယ်ရတယ်.. :)

မိုးကြယ်

မသက်ဇင် said...

ပုလုကွေးရေ--
ငို့ဖ-----
တဲ့လား--ဟာသရေးတတ်ပါပေ့ရှင်---
ခင်မင်လျက်

ပန်းခင်းလေး said...

ပုလုကွေးရေ တကယ်ရယ်စရာကောင်းပါတယ်
နောင်လည်း ဒီလိုလေးတွေရှိရင် တင်ပေးဦးနော်

flowerworld said...

ငို့ဖ....ငါ့ဖို့....ဟုတ်နေတာပဲနော်
ဟားဟ

Anonymous said...

ဟိဟိဟိ... ကောင်းပါ့ဗျား
မှတ်ထားရမယ်ဗျို့

Anonymous said...

ရီရတယ်ဗျို့ .
ဟာသလေးက တစ်ကယ် ကောင်းတယ် ..
နောက်ထပ်လေးတွေ လုပ်ပါဦး

ဇင်ယော် said...

အဟီး အဲဒီ ငို့ ဖတွေ ဒီမှာလည်း ကူးစက်နေပြီဗျ။ မယုံမရှိနဲ့  တကယ်ပြောတာ။

Chaos said...

ဟားဟား
တော်တော်လေးရီရပါတယ်။
နောက်ကြုံရင်လူများကို ပြောပြလိုက်ဦးမယ်
ငို့ဖနော်
ဟိဟိ

စူး said...

အမအတွက်လည်း ငို့ဖ ..တစပေး

Anonymous said...

ရယ်ရတယ်ဗျို့... အစ်ကိုရော ငို့ဖ ဆိုပြီး ခံရဖူးလား..

MrDBA said...

မန့်ကွန့် ဖို့လာတာ တောင်တော်တော် ကျနောက် ပြီနေ .. :P
ကိုဒီဘီ

Anonymous said...

ကျေးဇှုးပဲ

Anonymous said...

ကွန်မန့်ပေးတာတောင်နောက်ကျနေပြီ


အတော့်ကိုရောင်းစရာကီ