Tuesday, October 28, 2008

ဖတ်ညွှန်း



ကျတော် တလေးတစား အမြဲဖတ်လေ့ရှိတဲ့ the Voice Weekly journal ဂျာနယ်ရဲ့ အယ်ဒီတာ့ အားဘော်လေးကို အားလုံးကို ပြန်မျှချင်ပါတယ်။ ဒါလေးကို ဖတ်ပြီးတော့ ကမ္ဘာကြီးရဲ့ အပြောင်းအလဲလေးကို နည်းနည်းငယ်စောင်း ကြည့်လိုက်တာပါ။ the Voice Weekly ကို တော့ ခွင့်မတောင်းထားပေမဲ့ ခွင့်ပြုမယ်ထင်ပါတယ်။ ခေါင်းစဉ်က

အပြောင်းအလဲ များသောကမ္ဘာ
၂၀၀၈ ခုနှစ်အတွင်း ကမ္ဘာကြီးတွင်ထူးခြားသော အပြောင်းအလဲ များစွာ မြင်တွေ့ခဲ့ ရပြီး အချို့သော အပြောင်အလဲများမှာ အများစုထင်မှတ်မထားသော အပြောင်းအလဲများ ဖြစ်နေသည်ကို တွေရသည်။
အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးသည် ကိန်းဂဏန်းများအရ အခြေအနေ ကောင်းနေသော်လည်း ရင်းနှီးမြုပ်နှံသူများ၏ စိတ်အပြောင်းအလဲကြောင့် ဇောက်ထိုးမိုးမျှော် ဖြစ်သွားခဲ့သည်။

ကမ္ဘာသို့ အဓိက ကုန်တင်ပို့သူ အဓိက မြီးရှင်နိုင်ငံဖြစ်လာသည် တရုတ်နိုင်ငံသည် စားသုံးသူများ၏ ယုံကြည်မှုလက်လွတ် ဆုံးရှုံးသွားခဲ့ရသည်။

တောင်အာဖရိက လွတ်လပ်ရေးတိုက်ပွဲဝင် ANC ပါတီပြိုကွဲသွားသည်။ ပါကစ္စတန်တွင် အဂတိလိုက်စားမှုဖြင့် နှစ်ပေါင်းများစွာ အကျဉ်းခံခဲရသူ ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတို၏ခင်ပွန်း သမ္မတဖြစ်သွားခဲ့သည်။

ထိုင်းနိုင်ငံတွင် ပြည်သူလူထု ၇၀ရာနှုန်း၏ ထောက်ခံမှုကို ရထားသော ဝန်ကြီးချုပ်ဟောင်းသက်ဆင် ဒုတိယအကြိမ် ပြည်ပြေးဘဝသို့ ပြန်ရောက်ရှိ သွားသည်။ ထိုင်းနိုင်ငံ၏ မြို့တော် ဘန်ကောက်တွင် ထောင်သောင်းချီသော လူအုပ်ကြီးက ဒီမိုကရေစီစနစ် မလိုလားကြောင်း ဆန္ဒပြလျက်ရှိသည်။

မလေးရှာဝန်ကြီးချုပ် အာဒါဝီ မျှော်မှန်းသည်ထက် ၂ နှစ်စောကာ ရာထူမှဆင်းပေခဲ့ရသည်။ ဒုတိယ၀န်ကြီးချုပ်ဟောင် အန်န်ဝါအီဗရာဟင် မလေးရှာနိုင်ငံ၏ နိုင်ငံရေးကို လှုပ်ကိုင်သူအဖြစ် ပြန်လည်ရောက် ရှိလာသည်။

မြောက်ကိုရီးယား ခေါင်းဆောင်ကြီး၏ ကျန်းမာရေးကြောင့် တောင်ကိုရီးယားနှင့် နှစ်နိုင်ငံပေါင်းစည်းရေး ဖြစ်ပေါ်လာဖွယ်ရှိကြောင်း ပညာရှင်များက ဟောကိန်းထုတ်သည်။

အင်ဒိုနီးရှာနိုင်ငံတွင် သမ္မတဟောင်း မေဃဝတီ ဆူကာနိုပိုထရီ ဒုတိယအကြိမ် သမ္မတပြန်ဖြစ်လာဖွယ်ရှိကြောင်း ပြည်သူ့ဆန္ဒ စစ်တမ်းများက ညွှန်ပြလျက်ရှိသည်။ မျှော်လင်ချက် မရှိသလောက်ဖြစ်သော ဇင်ဘာဘွေ အမျိုးသား စည်းလုံးညီညွတ်ရေးမှာ အာဏာခွဲဝေကျင့်သုံးရေးတိုင် ရောက်ရှိလာခဲ့သည်ကို တွေမြင်လာရသည်။

ဂျော်ဂျီယာနိုင်ငံကို ရုရှားတပ်များက ဝင်ရောက်တိုက်ခိုက်ပြီး ဂျော်ဂျီယာ ပိုင်နယ်မြေနှစ်ခုကို လွတ်လပ်ရေးပေးခဲ့သည်။ ရုရှာနှင့်ကီလိုမီတာ ၁၀၀သာ ဝေးကွာသည့် ပိုလန်နိုင်ငံရှိ ယခင်ဆိုဗိယက်ယူနီယံ စစ်အခြေစိုက်စခန်းကြီးနေရာတွင် အမေရိကန်တို့က ပေထရိယော ဒုံပျံစခန်းတည်ဆောက်လိုက်သည်။
အမေရိကန်ပြည်ထောင်စု တရုတ်ပြည့်သူသမ္မတနိုင်ငံ အပါအ၀င် နိုင်ငံများတွင် ဖြစ်ပျက်နေသော အခြေအနေအရပ်ရပ်သည် သင်ခန်းစာများ ဖြစ်နေပါသည် ဟုပြောချင်ပါသည်။

2 comments:

Dream said...

ခွင့်ပြုပါတယ်.. ခွင့်ပြုပါတယ်.. ဟားဟား..

ဤတွင် သတင်းများကိုကြေငြာလို့ပြီးပါပြီရှင်..
ဟီးဟိး။။

ခုလိုဖော်ပြပေးတာ ကျေးဇူးပါနော်.. ဖတ်မှတ်သွားပါတယ်.. :) :)

ဆန်းဝင်း said...

စိတ်ဝင်စားတယ်ဗျာ.. သတင်းစာ၊ ဂျာနယ် ၊ မဖတ်ဖြစ်တာလည်း ဒီရောက်ကတည်းက ပဲ ။ ရတဲ့အချိန်လေး အနားယူ အိပ်စက်ရတာ အချိန်ပို ကိုယ့်အတွက် ဘယ်မလဲ မသိ ။
ခုလို ပိုစ် အဖြစ် ဖတ်ရတာ ကျေးဇူးဗျာ ။