Friday, October 31, 2008

အချစ်ဖြင့်


တစ်ချို့ နှစ်အချိုးတစ်

တစ်ချို့က တစ်အချိုးတစ်

အားလုံးဟာ အချစ်ဖြင့်


တစ်ယောက်သော သူကနောက်နှစ်

သူဂျီတော့ မက်ဆေ့ငါ မြင်သဖြင့်

သူလဲပဲ အချစ်ဖြင့်


တစ်ချို့က အွန်လိုင်းချစ်

အပြင်မှာလည်း အချစ်စစ်

သူတို့လဲပဲ အချစ်ဖြင့်


သိုးဆောင်းတွေခေါ် ကျူးပစ်

ငါတို့ခေါ် မြားနတ်မောင်ဖြစ်

သူဟာလေ ငါ့ ကိုမပစ်

ငါ့မှာတော့ ဒုက္ခဖြင့်….။

6 comments:

Dream said...

ြှမှားနဲ့မပစ်လို့ စိတ်မကောင်းဖြစ်နေတာလား..
ချိတ်မကောင်းမဖစ်ပါနဲ့ ဦးဦးပူတူတူရယ်..

ကောင်မလေးက ဦးဦးကို သေနတ်နဲ့ပစ်ဖို့စောင့်နေမယ်ထင်တယ်...
ဟဲဟဲ... :P :P

ကဗျာလေးမိုက်တယ်နော်..

megumi said...

ဟ ဟ၊ ကြေငြာခြင်းတစ်မျိုးလား။ :P :P မိုက်တယ်။ ကဗျာက လန်းတယ်။

မသက်ဇင် said...

ပုလုကွေးရေ----
အလုပ်များနေလို့ အခုမှ လာဖြစ်တယ်---
ကဗျာလေးက ဆန်းလှချည့်လား---
တွေးလည်းတွေးတတ်တယ်နော်---
အချိုးစပ် ကဗျာလေးနဲ့ရေးထားတာ-
ကောင်းတယ်ရှင်---

:P said...

တော်တော်ဆိုးတဲ့ မြားနတ်မောင်

ဇင်ယော် said...

မြှားနတ်မောင်က သေသေချာချာထိအောင်ဆိုပြီး မြှားကို upgrade လုပ်နေလို့ ပါ။ အခုပြီးပြီတဲ့။ စိတ်ချနေ စနိုက်ပါနဲ့ ကို လာမှာဆိုလားပဲ။ လူကြုံနဲ့ မှာလိုက်လို့  လာပြောတာ။

Anonymous said...

အစ်ကိုကလည်း သူက မပစ်ရင် ကိုယ်က သူ့ကို ပစ်လိုက်ပေါ့ဗျ....