Thursday, October 16, 2008

Dismissal List from Ministry of Science and Technology


အာလုံးလဲ ဒီသတင်းလေးကို ဖတ်ပြီးလောက်ပြီထင်ပါတယ်။ မနေ့ ဒေါက်တာလွဏ်ဆွေ ဆိုဒ်မှာတင်ထားတာကိုပါ။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (သပန) ကနေ့ပြီး ဒေါက်တာ ၂၃ ယောက်ကို ထုတ်လိုက်ပြီး လျော်ကြေးပေးခိုင်းတာပါ။ ကျတော်ဖတ်ကြည့်ရသလောက်တော့ အားလုံးဟာ ဦးသောင်း(ဝန်ကြီး) ရဲ့သားသမီးတွေပါပဲ။ ကျတော်တို့ ytu နဲ့ ကွန်ပျူတာ ကျောင်းထွက် စစ်စစ်တွေ မဟုတ်ပါဘူး။

လျော်ကြေးငွေကလည်း 23 သိန်းကနေ 10 သိန်း အနည်းဆုံးပေး ဆောင်ရပါမယ်။ မပေးရင် အရေးယူမယ်တှဲှ့ဗျ။ ကျတော်တို့ ကျောင်းတက်တုန်းကလဲ ကြို့ကုန်းကျောင်းထဲမှာ အခုလိုပဲ black list ထဲထားတဲ့ ဆရာတွေရဲ့နာမည်ကို စာလုံးမဲကြီးတွေနဲ့ လူသိအောင်ကြေငြာထားပါတယ်။
မလုပ်ချင်တော့ လို့ အလုပ်ထုပ်တယ်။ လျော်ကြေးပေးခိုင်းတယ်။ ကိုယ်မလုပ်ချင်လို့ လျော်ကြေးပေးပြီထွက်တယ်ဗျာ။ ဒါဟာ ပြသာနာမဟုတ်ပါဘူး။ ဒီအထိက ကိစ္စမရှိပါ။

ဒါပေမဲ့ ဦးသောင်းရဲ့ လူမဆန်တဲ့ ယုတ်မာမှု ကတော့ black list စာရင်းထဲ တည့်ပြီး ပြည်ဝင်ခွင့်၊ နိုင်ငံတကာ သွားခွင့် ပိတ်တာကိုပါပဲ။ ဒါဟာယုတ်မာတာပဲ။ မလုပ်ချင်လို့ လျော်ကြေးလဲ ပေးရသေး ပြည်ဝင်ခွင့်၊ နိုင်ငံတကာ သွားခွင့် ပိတ်ပင်ခံရပါသေးတယ်။ နိုင်ငံအပြင်ကို ရောက်နေတဲ့ သူတွေအတွက် ကိစ္စမရှိပေမဲ့ အထဲမှာနေတဲ့သူ အပြင်မထွက်ရသေးတဲ့သူ တွေ အတွက်တော့ စိတ်ညစ်စရာပါ။ ရိုင်းရိုင်းပြောရရင် ခွေးကို
ချောင်ပိတ်ရိုက်တာပါပဲ။

လျော်ကြေးမပေးဘူး၊ လူကလဲ နိုင်ငံအတွင်းမရှိဘူးဆိုရင် သက်ရာမိဘ(ဒါမှမဟုတ် ဇနီး။ ယောင်္ကျား) ကို အရေးယူပါတယ်။ ဦးသောင်း ပဲ မနိုင်နိုင်တာကို လုပ်တာပေါ့။

လျော်ကြေးပေးပြီး ထွက်လို့ လွယ်လွယ်နဲ့ ၇မယ်( black list ထဲမထဲ့ဘူး) ဆိုရင် ထွက်ချင်တဲ့ သူတွေ သပန မှာ အများကြီးပါပဲ။ နောက်ဆုံး သပနမှာ ဦးသောင်းတစ်ယောက်ပဲ ကျန်မယ်ထင်ပါတယ်။
Sources;(1) http://drlunswe.blogspot.com/
(2) http://www.khitpyaing.org/?p=117
(3) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

2 comments:

JulyDream said...

တိုက်ဆိုင်တာပဲကွ။ ပုလုကွေးလည် ငသောင်းကို အားပေးနေသလို ကျုပ်လည်း ငသောင်းကို တီးနေတာ။ YTU နောက်ဆုံး မျိုးဆက်တွေရဲ့ ရင်ထဲက အမုန်းတွေကတော့ ဒီတစ်သက် ကျေမယ် မထင်ဘူးကွ။ အဟက်...

တောင်ပေါ်သား said...

အကိုရေ ဒီလိုလုပ်ရပ်တွေက ဘယ်တော့မှ ငြိမ်းမယ်မှန်း မသိဘူးဗျာ.. စိတ်ညစ်တယ်.