Wednesday, November 5, 2008

ဖြစ်စဲ ဖြစ်မြဲ


၁။အမေရိကန် သမ္မတရွေးပွဲတွင် အိုဘားမား အနိုင်ရသော်လည်း ကျွန်ုပ် ဒီနေ့ ရုံးမှ စောစော ပြန်၍မရပါ။
၂။ အမေရိကန် မှစတင်သော စီးပွားရေး အကျပ်အတည်းကြောင့် မြန်မာနိုင်ငံမှ လယ်သမားတစ်ချို့ နွေစပါးစိုက်ရန် လယ်ထွန်နေကြသည်။
၃။ ဆရာမလေးသည် ကျောင်းအုပ်ကြီးဆူသဖြင့် ကျောင်းသားများအား သချာင်္ပုစ္ဆာများကို အိပ်စာ တွက်ခိုင်းသည်။
၎။ ဈေးသည်များ ဈေးရောင်းနေချိန်တွင် ညနေမိုးချုပ်သဖြင့် လမ်းမီးများလင်းလာသည်။
၅။ ပုလုကွေးသည် ဘလော့ပို့စ်တင်ရန် ပျင်းသဖြင့် သူငယ်ချင်း ဘလော့များထံ တိုးတိုးတိတ်တိတ် အလည်သွားသည်။

2 comments:

MrDBA said...

ပုလုကွေးကဲ့သို့ပင် ဘလော့များ အချိန်မှီလိုက်ဖတ်နေရပါသောကြောင့် စာများ အလျှင်မီအောင် မရေးနိုင်သေးပါ။ :P

မသက်ဇင် said...

ပုလုကွေးရေ--ရေးထားတာတွေ သဘောကျတယ်--
၁။အမေရိကန် သမ္မတရွေးပွဲတွင် အိုဘားမား အနိုင်ရသော်လည်း ကျွန်ုပ် ဒီနေ့ ရုံးမှ စောစော ပြန်၍မရပါ။
၂။ အမေရိကန် မှစတင်သော စီးပွားရေး အကျပ်အတည်းကြောင့် မြန်မာနိုင်ငံမှ လယ်သမားတစ်ချို့ နွေစပါးစိုက်ရန် လယ်ထွန်နေကြသည်။

အဲဒီ ၁နဲ့ ၂ ကို အကြိုက်ဆုံးပဲ--
အတွေးကောင်းတယ် ပုလုကွေးရေ---
ဆက်ရေးပါရှင်---