Thursday, November 13, 2008

စကော်ပီယံ တစ်ကောင် ၏ ညဉ်းချင်း

နိုဝင်ဘာ ရဲ့နေ့ရက်များဟာ စကော်ပီယံ (scorpion) တစ်ကောင်ကို ဘာအညှိုးနဲ့များ ရက်စက်နေတာလဲ။ နိုဝင်ဘာနေ့ရက်တွေ စကတည်းက စကော်ပီယံကောင်လေး ဘာမှန်းမသိ စိတ်ညစ်နေရတယ်။ ရုံးမှာလဲ အဆင်ပြေတယ်၊ အိမ်နဲ့ လဲ အဆင်ပြေပါတယ်။ ဒါပေမဲ့ ဘာအတွက်မှန်းမသိသော စိတ်ညစ်ခြင်းတွေနဲ့ ပြည့်နေတယ်လေ။

နိုဝင်ဘာနေ့ရက်တွေဟာ စကော်ပီယံကောင်လေးကို အရှုပ်များနဲ့ ပတ်ချာလည်စေတယ်။ ပြီးခဲ့တဲ့ အပတ်ကလည်း ရုံးပိတ်ရက် ဖတ်မယ်လို့မှန်းထားတဲ့စာအုပ်တွေ မဖတ်ဖြစ်ခဲ့ဘူး။

စကော်ပီယံကောင်လေး ဖတ်မယ်လို့မှန်းထားတဲ့စာအုပ်တွေကတော့ JAMES CARVILL ရဲ့ mechanical engineer’s data handbooks နဲ့ Jay Armstrong , Jen Dehaan တို့ရဲ့Macromedia Flash 8 စာအုပ်တွေပါ။ နောက်ပြီး ရွှေ ၅၀က ဖတ်ဖို့ကျန်နေတာတွေ၊ ဆရာမခင်ခင်ထူးရဲ့ ဆံရစ်ဝိုင်း ဝတ္ထုတိုစာအုပ်..အားလုံးကို လုံးဝကို မဖတ်လိုက်ရဘူး။



သောကြာနေ့တိုင်း အတူနေသယ်ရင်းတွေ အားလုံး အလုပ်ကနေအိမ်တန်းမပြန်ပဲ ပင်နဆူလာမှာ စုရပ်ထားပြီး စားကြသောက်ကြ၊ လိုအပ်တာတွေဝယ်။ အိမ်ပြန်ရောက်တော့ ည ၁၀နာရီကျော်ပြီ။ ရေမိုး ချိုး၊ကွန်ပျူတာ ရှေထိုင်တော့ ၁၁နာရီကျော်လို့ ၁၂ထိုးပြီ။ သတင်းလေး ဘာလေးဖတ်ပြီး အိပ်ရာဝင်တော့ ၁နာရီကျော်ပေါ့။ ဖုန်းကို alarm ၄နာရီပေးပြီး အိပ်လိုက်တယ်။ အိမ်က toshiba ကောင်က လေယာဉ်ကွင်းဆင်းမှာဆိုတော့ မနက် ၅နာရီလောက် အိမ်ကထွက်မှ အဆင်ပြေမယ်လေ။ သူကို ပို့ပြီးအိမ်ပြန်ရောက်တော့ မနက် ၈နာရီကျော် ၉နာရီ ။ အဲဒီတစ်နေ့လုံး လူကညီးစီစီကြီးနဲ့ ဘာမှကောင်းကောင်း မလုပ်နိုင်တောဘူး။ စိတ်ညစ်နေလို့ အိမ်ကိုဖုန်းခေါ်တော့မှ ပိုဆိုးသွားတယ်..ဟားဟား.. အရှုပ်ထုပ်တွေ ဆက်မရေးတော့ပါဘူး။

ဒီတစ်ပတ် ပိတ်ရက်လဲ စာအုပ်တွေ ဖတ်ဖြစ်မယ်မထင်ဘူး။ အခင်ဆုံးသယ်ရင်းရဲ့ အဖေနဲ့ အမတို့ စလုံးလာပြီး ဆေးလာစစ်ကြတော့ ပိတ်ရက်တွေမှာ သူတို့ကို ဟိုဟိုဒီဒီလိုက်ပို့တာနဲ့ အချိန်ကုန်သွားမယ်ထင်ပါထယ်။

ဘလော့ဂါ သယ်ရင်းတွေရဲ့ ဘလော့တွေကိုလည်းမလည်ဖြစ်သေးပါ။ အချိန်လုပြီး လာရောက်လည်ပတ်ပါမည့် အကြောင်း စကော်ပီယံလေး တောင်းပန်လိုက်ပါတယ်။

ဘာပဲဖြစ်ဖြစ် နိုဝင်ဘာလမှာ လူ့လောကထဲရောက်ရှိလာတဲ့ စကော်ပီယံလေး နိုဝင်ဘာလလေးကို ချစ်ပါသည်။

8 comments:

တောင်ပေါ်သား said...

ငါ့ကိုကြီးလဲ အလုပ်တွေများနေပါ့ ဒီလိုပဲ အကိုရေ တခါတလေတော့လဲ အလုပ်များ ၊ ပရဟိတ တွေ များနဲ့ အချိန် ကုန်သွားတတ်ပါ့ အစစအရာရာ အဆင်ပြေပါစေနော့်

WWKM said...

ဟဟ..စကော်ပီယံလေး ရေ
အဆင်ပြေပါစေ။
ဒီလိုပါပဲ..အမတို့လည်း။ အလုပ်တွေရှုတ်နေကြတာ.
စကော်ပီယံချင်းတူလို့ဖြစ်မယ်နော်။

မသက်ဇင် said...

စကော်ပီယံလေးရေ-----
မီတူး--လို့ပဲပြောပါရစေ----
စိတ်မညစ်ပါနဲ့--ပျော်အောင်နေပါ---
ဖတ်တဲ့စာအုပ်လေးတွေ ကြိုက်တယ်---
အချိန်အားတွေမှာစာဖတ်တာကောင်းတယ်--
အားပေးပါတယ်--ပိုစ့်တွေဆက်ရေးပါအုံး--

megumi said...

ဘယ်နေ့မှာ မွေးတာလည်း ။
သေချာလည်း ပြောဘူး။
ဟွန်း。。。。。။

ကျမက ရောက်သေးဘူး။ စကော်ပီယံလား ဘာလားတောင် မသိပါဘူး။ ကပ်သီးကပ်သပ်နေ့မှာ မွေးတာလေ။ တစ်ချို့ ဗေဒင်မှာဆို Sagittarius ထဲဝင်နေရော သိလား။

flowerworld said...

အတူတူပဲကိုပုလုကွေးရေ..မီးလေးလဲစားလိုက်အိပ်လိုက်နဲ့ အလုပ်တွေအရမ်းရှုပ်နေတာ ဟီဟီး

tututha said...

နိုဝင်ဘာမွေးတာကိုး ... အစ်မရဲ့မောင်လေးလည်း နိုဝင်ဘာမွေးတာ .... သူကတော့ ၁၆ ပေါ့။ ပုလုကွေးရေ ဘယ်နေ့မွေးတာလဲ မသိပေမယ့် မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့ဖို့ လာဆုတောင်းပေးပါတယ်။

JulyDream said...

ကင်းမြီးကောက်တွေ အမြီးကောက်တယ်ဗျ။ ပုလုကွေးက ဆံပင်ကောက်လား။ မကောက်ရင် ဖင်ကောက်မှာ သေချာတယ်။ ၀န်ခံလိုက်စမ်းပါ။ ဟားဟား...

Unknown said...

ငါလည်း စကော်ပီယံလေးနော်...
အဟဲ...
ကောက်တော့ကောက်တယ်..
ဖင်ကောက်တာတော့မဟုတ်ဘူး...
ငှဲ..ငှဲ..
:P