Sunday, November 23, 2008

အရမ်းပျော်ပါသည်

ဒီနေ့ မနက် အိပ်ယာထကတည်း ပျော်ရွှင်နေပါသည်။ ဟားဟား..ကျတော် solidwork ကို torrent နဲ့ ဒေါင်းနေတာ ၆ရက်လောက်ရှိသွားပြီ။ ဒီနေ့ မနက်တော့ ၁၀၀% ပြည့်သွားလို့ အားလုံးအိုကေပါသည်။ အားလုံးပေါင်း ဒေါင်းချိန် ၃ရက်နဲ့ ၁၆နာရီတိတိကြာပါတယ်။ ကျတော့ လက်တော့ အစုပ်လေးနဲ့ ညီးနေလောက်ပြီ။ rs premium account မရှိတဲ့ ဒွတ်ခတွေပေါ့။ နောက်ဆုံးတော့ ကျတော်လိုချင်နေတဲ့ solidwork လည်းရပြီ။ ဟော အခု စာသားလေးတွေလဲ.. ကျတော်နှလုံးသားထဲက ရောက် ရှိလာလို့ အမြတ်ရလိုက်တယ်ဗျာ…

လောကဓာန် ၏ အထုအထောင်းများသည် နောက်ဆုံး၌
အကျွန်ုပ်အား သန်မာစေ၏.

လူတစ်ချို့၏ ကောက်ကျစ်မှုများသည် နောက်ဆုံး၌
အကျွန်ုပ်အား အတွေအကြုံများစွာ ရစေ၏.

စိတ်ညစ်စရာများသည် နောက်ဆုံး၌
အကျွန်ုပ်အား ပြုံးပျော်စေ၏.

ငိုကြွေးမှုများသည် နောက်ဆုံး၌
အကျွန်ုပ်အား ပျော်ရွှင်စေ၏.

ဆုံးရှုံးမှုများသည် နောက်ဆုံး၌
အကျွန်ုပ်အား အမြတ်များစွာပေ၏.

နောက်ဆုံး၏ နောက်ဆုံးများသည်
အကျွန်ုပ်အား ပထမဆုံးကို ဖြစ်စေသည်..

6 comments:

ဟန်လင်းထွန်း said...

ဒါပဲလား။ မရဘူး ထပ်မျှအုန်း

Anonymous said...

ဘ၀တူတွေဗျို့ ကျနော်က သူများအတွက်လုပ်ပေးတာ
၂ရက်ကြာတယ်ဒေါင်းပေးတာလေ

Anonymous said...

အင်း တော်တော် စိတ်ရှည် လက်ရှည် ဒေါင်းထား တာပဲ.။ ဒါ ဇွဲ ကောင်း တယ်လို့ ဆိုရမှာပေါ့.။ ကြိုးစားထား...

ခေါင်ခေါင် said...

နောက်ဆုံး ရဲ့နောက်ဆုံးတွေက ပထမဆုံးတွေဖြစ်စေခဲ့ပါတယ်....
ကျေးဇူးတင်ပါတယ် ပုလုလေးရေ....

ဝေလေး said...

စာသားလေးတွေကြိုက်တယ်... :)

မသက်ဇင် said...

ပုလုကွေးရေ--

ကြိုက်လို့ ကူးယူထားလိုက်ပါတယ်--
ကျေးဇူးတင်ပါတယ်--

လောကဓာန် ၏ အထုအထောင်းများသည် နောက်ဆုံး၌အကျွန်ုပ်အား သန်မာစေ၏.
လူတစ်ချို့၏ ကောက်ကျစ်မှုများသည် နောက်ဆုံး၌အကျွန်ုပ်အား အတွေ့ အကြုံ များ စွာ ရစေ၏. စိတ်ညစ် စရာများ သည် နောက်ဆုံး၌အ ကျွန်ုပ်အား ပြုံးပျော်စေ၏.
ငိုကြွေးမှုများသည် နောက်ဆုံး၌ အကျွန်ုပ် အား ပျော်ရွှင်စေ၏. ဆုံးရှုံးမှုများသည် နောက် ဆုံး၌ အကျွန်ုပ် အား အမြတ် များ စွာပေ၏. နောက်ဆုံး၏ နောက်ဆုံးများသည်
အကျွန်ုပ်အား ပထမဆုံးကို ဖြစ်စေသည်..