Tuesday, November 25, 2008

ကာတွန်းကား ကြည့်မလား

နှစ်ကျောင်းအတူဆင်းတဲ့ သယ်ရင်း ဇူလိုင် တက်ထားလို့ ရေးလိုက်ပါအုံးမယ်။ ကျတော် တီဗီတို့ ရုပ်ရှင်တို့ ကြည့်ရတာ ကို စာဖတ်တာလောက် ဝါသနာမပါဘူးဗျ။ ငယ်ငယ်ကဆို ရုပ်ရှင်ကြည့်ပြီးရင် ခေါင်းမူးလို့ အဲ့ဒီနေ့ဆို ဘယ်လိုမှ နေလိုမကောင်းဘူး။ တစ်ချို့ ကားကောင်းလေးတွေတော့ ကြည့်ပါတယ်။

ကာတွန်းကားကတော့ နည်းနည်းကြိုက်တယ် ပြောရမလားပဲ။ ကျတော်မှတ်မိနေတာကတော့ ကျတော်တို့ငယ်ငယ်က (အရေအခင်းပြီးစလား မဖြစ်ခင်လား မသိဘူး) တီဗီကနေ လာသွားတဲ့ ကာတွန်းကားလေးကို တော့ဝိုးတိုး ဝါးတား မှတ်မိနေသား။ ဇာတ်လမ်း လေးက အခုခေတ်ပါဝါ ရိန်းဂျားဆန်ဆန် ဇာတ်လမ်းလေးပါ။ သူရဲကောင်း ငါးယောက်လောက်နဲ့ သိပ္ပံကာတွန်းဇာတ်လမ်းလေး။ တစ်ယောက်စီမှာ ဝတ်စုံအရောက်တစ်မျိုးစီနဲ့ အစွမ်းကိုယ်စီရှိကြတယ်ဗျ။ သူတို့အားလုံး စုပေါင်းပြီး လည်း စက်ရုပ်ကြီးတစ်ခုလုပ်လို့ရတယ်။ အရေးကြုံရင် သူတို့လက်ကနာရီလေးကို နှိပ်ပြီး လက်ကို လေမှာမြှောက်လိုက်ရင် လက်နတ်တွေ သူတို့ကိုယ်မှာ တပ်ဆင်သွားတယ်။ လူဆိုး ကြီးကတော့ မျက်စီတစ်ဖက်လပ် ပင်လယ်ဓားမြပုံစံပဲ။ ဒီလောက်ပဲ မှတ်မိတော့တယ်ဗျ။(ဇာတ်ကားနာမည်နဲ့ ကြည်လို့ရတဲ့ဆိုဒ်ရှိရင် ပြောပြပေးပါအုံး..ပြန်ကြည်ချင်လို့)

ကျတော်မဖြစ်မနေ ကြည်ဖြစ်တဲ့ ကာတွန်းကားကတော့ အားလုံးကြိုက်တဲ့ tom and jerry ပါ။ အဲ့ဒီကားတွန်းကား ကြည့်ရင် ကျတော့မာမီက ကလေးမဟုတ်လူကြီးမဟုတ် ကားတွန်းကားတွေ ကြည်တယ်လို့ပြောပြီး မာမီပါလာကြည့်ပြီး တခွီခွီးရယ်လေ့ ရှိတယ်။

ဒီလောက်ပဲ သယ်ရင်းရေ… အခုတောင် toms and jerry
နောက်ဆုံးထွက်ကားကို ကြည်မလို့ ရုံ့းမှာ rapidshare ကနေ ဒေါင်းလုပ်ဆွဲနေတယ်ဗျ။

လိုချင်ရင်ပြော..မြန်မာပြည်က ကျတော့အိမ်မှာ tom and jerry အခွေ (၃၀)ကျော်ရှိတယ်…ငှဲငှဲ. ..ငှဲ

7 comments:

WWKM said...

ဟင်.. ဖြစ်ပုံ..ပုလုကွေး က အမ ထက်ပိုဆိုးနေပါလား။
ဟဟ.. မမကလည်းကာတွန်းကားလုံးဝမကြည်ပဖြစ်ပဲ
ဒီပို့စ်ကိုရေးရတာ တော်တော် ဒုက္ခရောက်သွားတယ်.
ပုလုကွေး ကတော့ အရုပ်တောင်မတင်ပါလား။ဟဟ

Taungoo said...

မင်းမှားနေတယ်။ အဲဒီစက်ရုပ်ကာတွန်းက သုံးယောက်။ သူတို့သာမန်လူကနေ ဝတ်စုံတွေပြောင်းတော့မယ်ဆိုရင် လက်ကနာရီလေးကို နှိပ်ပြီး “I can swim” ဘာညာဘာညာ စသည်ဖြင့် အော်ပြီးတာနဲ့ ဝတ်စုံပြောင်းသွားတယ်။ ကုန်း၊ ရေ၊ လေ သုံးမျိုးမှာ တစ်နေရာစီ အစွမ်းထက်တဲ့ ယာဉ်တွေ လက်နက်တွေတပ်ဆင်ပြီးသားဖြစ်သွားတယ်။ အနီရောင်ရယ်၊ အပြာရောင်ရယ်၊ အစိမ်းရောင်ရယ်..။ ဒါပါပဲကွယ်။ မှတ်မိသလောက်လေးပါ။

puluque said...

မှားနေတာ အမှန်ပြင်ပေးလို့ ကျေးဇူးပဲ သယ်ရင်း..ငါကြိုက်လို့သာ အဲ့ဒီဇာတ်လမ်းလေး ကိုချရေးလိုက်ပေမဲ့ ငါဝါးတားတားပဲမှတ်မိတယ်လို့ စကားခံထားတယ်နော်..ငါက အဲ့ဒီလိုနေရာတွေမှာ မှတ်ဥာဏ်မကောင်းဘူးကွ...ဖြစ်နိုင်မယ်ဆိုရင်တော့ အဲ့ဒီ ကာတွန်းကားလေးကို ပြန်ကြည်ချင်မိသေးတယ်...

Anonymous said...

power x tree လို့အော်ပြီးပုံပြောင်းသွားတဲ့ကာတွန်းကားလားဗျာ

မသက်ဇင် said...

tom and jerry အခွေ (၃၀)ကျော်ရှိတယ်
လာငှားမယ်---စိတ်ညစ်ရင် ကြည့်ဖို့--

Anonymous said...

တွမ်အန်ဂျယ်ရီ ကာတွန်းကတော့ ကျနော့်ဖေးဘရိတ်ပဲ
အခုအရွယ်အထိ ကြည့်တုန်း ဟီး

Anonymous said...

ကဲ။ ပုလုကွေးမေ့တာတွေ အခု လင့်ပေးမယ်။ ကာတွန်းနာမည်က centurions , လူစွမ်းကောင်းတွေက Centrions! လို့ အော်ပြီး စက်ရုပ်တွေအဖြစ်ပြောင်းသွားတာ ။ ကြည့်ချင်ရင် ဒီမှာ သွားကြည့် http://www.youtube.com/watch?v=keNpZG4xxgA ပုလုကွေးက တို့မြို့လေးကို မုန်းတာထက် မနေခဲ့ရတဲ့ တခြားနေရာအတွက် မုန်းစိတ်တွေ နေရာပြောင်းသွားတယ်လို့ပဲ မှတ်ပါ့မယ်။