Friday, November 28, 2008

ငါမုန်းတဲ့ ငါ


ကိုယ်ကိုကိုယ် မုန်းတဲ့ အချက် ၁၀ချက်တဲ့ဗျ။တကယ်တော့ မုန်းဘူးဗျ..ဒါကြောင့် နည်းနည်းတော့ ခေါင်းစားတယ်။


၁။ ဟန်မဆောင်တက်တာ
ဘာရေးရမလဲ စဉ်းစားတာ အဲ့ဒီအချက်က ခေါင်းထဲ အရင်ဝင်လာတယ်။ တကယ်ပါ။ ကျတော် ပျော်ရင်ဖြစ်ဖြစ် စိတ်ညစ်ရင် ဖြစ်ဖြစ် မျက်နှာမှာ လာပေါ်ရော.. အဲ့ဒီဟန်မဆောင်တက်တဲ့ အရာကြီးကို နည်းနည်းတော့မုန်းတယ်။

၂။ အချစ်မရှိသေးတာ
ဟာ..ဟ။ ကိုယ်အသက် ကို ပြန်ကြည့်တော့ မငယ်တော့ဘူးဗျ။ ချစ်ချစ်မရှိသေးတဲ့ အတွက် တစ်ခါတစ်လေ သိမ်ငယ်သလို တစ်ခါတစ်လေ ကိုယ်ကိုကိုယ် မုန်းနေမိတယ်(အခု အချိန်မှာပေါ့ဗျာ်။ မစွန်ရကောင်းလားလို။။(ရတာမလို လိုတာမရတဲ့ ကျတော့ ဘဝပါ)

။ကွန်ပျူတာကို စွဲလမ်းတာ
ဒါလဲပဲ မုန်းစရာကောင်းတယ်။ သယ်ရင်းတွေ အပြင်သွားရင် ကျတော့်မှာ မလိုက်နိုင်ဘူး။ နတ်ထဲမှာ ဟိုဝင် ဒီဝင် .. ဟိုဆော့ဝဲလ် ဒေါင်း၊ ဒီဆော့ဝဲလ် စမ်းနဲ့ အချိန်တွေ ကုန်နေတာတွေ…

။ဆော့ဝဲတွေကို ရူးမူးတာ
ကွန်ပျူတာကို စွဲလမ်းတာရဲ့ အဆက်အဖြစ် ဆော့ဝဲတွေကို ရူးသွပ်တာကလည်း တစ်ခါတလေ မုန်းဖို့အရမ်းကောင်းတာဗျ။ ဟိုတုန်းကဆို National ၊ CDworld ၊ Active တို့သွားပြီး ဘာဆော့ဝဲများအသစ်ရှိသလဲ လို့ သွားချောင်း၊ သွားဝယ်ရတာ အမော..ရတဲ့ ပိုက်ပိုက်လဲ ဒါတွေနဲ့ ကုန်တာ။ Progamming လဲ သူများလို ဖြစ်ဖြစ်မြောက်မြောက် ရေးတက်ဘူးဗျ။

၅။ ဖာသိ ဖာသာ မနေတက်တာ
တော်တော်ဆိုးတဲ့ အကျင့်ဗျ။ ဖာသိ ဖာသာ မနေတက်ဘူး။ ကိုယ်သိရင် လုပ်ပေးလိုက်ရမှ။ ပြောပြလိုက်ရမှ ကျေနပ်တာ။..မှားနေရင်လဲ ဝင်ပြောလိုက်ရမှ..

၆။ လောတက်တာ
အလုပ်တစ်ခုကို လုပ်ရင် အရမ်း လောတယ်။ မြန်မြန်လိုချင်တယ်။ ဒါလဲ မကောင်းဘူးဗျ..

ရ။ သေသေသပ်သပ်မရှိတာ
အလုပ်ကို မြန်မြန်ပြီးအောင် လောတက်တော့ မသေသပ်တော့ဘူး။ တစ်ခါတလ လျှပ်ပြာလျှပ်နဲ့ ။ ဒါလဲ မုန်းစရာကောင်းတယ်..

၈။ ခေါင်းမာတာ
ကျတော်ဟာ တော်တော့ကို ခေါင်းမာတဲ့ လူ. ။ ဟင်ဆိုရင် လှည့်မကြည်တက်ဘူး။ ဘာပဲဖြစ်နေ ဖြစ်နေ ..လုံးဝ တာ့ တာပဲ…။

။ခံစားလွယ်တာ
အရမ်းခံစားရလွယ်တယ်။ ကြုံလိုပြောပြရရင် ဟိုတစ်နေ့က စာရေးဆရာ အစုံ ပါတဲ့ ငြိမ်သက် တစ်မိနစ် ဝတ္ထုတို စာအုပ်လေးကို ရုံးအပြန် ရထားပေါ်မှာ ဖတ်နေမိတယ်။ ကျတော်က အဲဒီလို ဝတ္ထုတို စာအုပ်တွေဆို နောက်ဆုံးကနေ စဖတ်ဖြစ်တယ်။ အဲဒီထဲက ဆရာမ မဦးရဲ့ အက်ကွဲသံဇဉ် ဝတ္ထုတိုလေးကို ဖတ်ပြီး ခံစားရလွန်းလို့ စာအုပ်ကိုပိတ်ပြီး မငိုမိအောင် စိတ်ပြောင်းရတာ မနည်းဘူး။ မဖတ်ပဲလဲ မနေနိုင်အောင် ဝတ္ထုလေးကလည်း ကောင်းလွန်းတယ်။ အဲဒီလို ယောက်ျားလေးတန်မဲ့ ခံစားလွယ်တာလဲ ကိုယ်ကို ကိုယ် မုန်းမိတဲ့ အချက်တွေထဲက တစ်ခု။

၁၀။ စိတ်ဆိုးတက်တာ
တစ်ခါတလေ အရမ်းစိတ်ဆိုးတက်တယ်။ တော်ရုံနဲ့ တော့ စိတ်မဆိုးပါဘူး။ စိတ်ဆိုးရင်လဲ မပြေဘူးဗျ။ အိမ်မှာတုန်းက စိတ်ဆိုးရင် အဲဒီနေ့ မန်မန်း မစားတော့ဘူး..ဟဟ။

မမဝါဝါရေ..ဖြစ်ညှစ်ပြီးရေလိုက်ပြီဗျ..ကျတော် ဘယ်သူကို လက်လွှဲပေးရင် ကောင်းမလဲ။ စိတ်ထဲပေါ်လာတာတော့ နှစ်-ကျောင်းအတူ ဆင်းတဲ့ သယ်ရင်း ဇူလိုင်…။
တရား၊ဓမ္မတွေနဲ့ ပျော်မွေ့အောင် တရားအလှူပေးလေ့ရှိတဲ့ ကျတော်နဲ့ မွေးနေ့တူ ညီငယ် အောင်ဦး….။ ကျတော့ မွေးနေ့မှာ တိတ်တိတ်လေး ဟတ်ပီးဘတ်ဒေးလာလုပ်သွားတဲ့ ညီမငယ် ဂူဂူး…။ ပန်းသွန်းတဲ့ ဥယျာဉ် ပိုင်ရှင် ကဗျာများနဲ့ ပျော်နေသူ မီးလေးဇာ…..တို့ပါပဲ ..အဆင်ပြေတဲ့ အချိန်..အဆင်ပြေရင် ရေးပေးစေချင်ပါတယ်….

5 comments:

WWKM said...

ဟဟ.. ပုလုကွေးလေးး
နံပါတ်၂ က ရည်စားမရှိကြောင်းကြွားတာလား.း)
နံပါတ် ၁ . ၈ .၉ က မမနဲ့တူတယ်.အဟားး တူဆို
စကော်ပီယံတွေကိုးးနော်..
ကျေးဇူးပါမောင်လေး.
အဆင်ပြေပါစေ။

အမ၀ါ

flowerworld said...

မီးလေးလဲတတ်ခ်ကြွေးတွေနဲ့ပါနေပြီး ဒီခန္ဓာကိုယ်ကြီးနဲ့ဆိုတော့ စိုးရိမ်ဖွယ်ရာတော့ရှိတယ် ဟိဟိ ............
အံမယ်အံမယ်...သူကကြွားထားပါလား (၂).....မလွယ်ဘူးနော်.. တို့လဲကြွားဦးမှဟီးး မမ၀ါလဲတတ်ခ်ထားသေးတယ်ကြွားတာလေးကို.... တတ်ခ်ကြွေးကသုံးခုတောင်ရှိနေပြီး ရေးပေးပါ့မယ် ခဏတော့စောင့်ပေါ့နော်း)

megumi said...

ဟယ်၊ လုပ်ပြီ။ ကိုပုလုကွေးကြီးနော်။ ကိုပုလုကွေးကြီး TAG တိုင်း မီးမီးပါတယ်။ ဟင့် ဟင့်။

ဒီတစ်ခါပဲနော်။ နောက်ဆို TAG နဲ့နော်။ ဒီဇင်ဘာက Thesis နဲ့ အရမ်းအလုပ်ရှုပ်နေလို့ ။
:P

ဒီတစ်ခုတော့ ရေးပေးပါမယ်။ :P :P

megumi said...

ဟိ ဟိ၊ မဝေဖန်ရသေးလို့ ပြန်လာဝေဖန်တာ။

(5)ချက်ကျော်တူတယ်သိလား။ NO(2)ကတော့ တူဘူး။ :P

စကားမစပ်၊ အချစ်က ရှာလို့ရပါတယ်ကိုပုလုကွေးကြီးရဲ့။ အချစ်ကို မသိမှ ခက်မှာ။ :P :P

Anonymous said...

ဟာဟ အချစ်မရှိသေးတာတော့တူတယ်ဗျို့ ဟိဟိ
လူပြိုကြီးအသင်းဖွဲ့လိုက်ရအောင်လားဗျ