Friday, December 19, 2008

ကိုယ့်ကို ကိုယ် ဒဏ်ခတ်ခြင်း

ပုလုကွေး ငယ်ငယ် ၉တန်းလောက်ကတည်းက ကွန်ပျူတာ ဆိုအရူးအမူးပဲ။ ဒါတောင် ကိုယ်ပိုင် ကွန်ပျူတာကို uni ၄တန်းအောင် ၅တန်းနှစ်(2003) လောက်မှ ပါကြီး(ဖေဖေ)ဝယ်ပေးတာ။ ကွန်ပျူတာ ကလိနေရမယ်ဆိုရင် ထမင်းမေ့ ဟင်းမေ့။ ဒါတောင် ဘာမှလောက်လောက်လား မတတ်ဘူး။ ဆရာ့ ဆရာကြီးတွေကို အားကျ၏။

မြန်မာပြည်မှာတုန်းကတော့ ကွန်ပျူတာ သုံးရင် ဆော့ဝဲလ်လေးဝယ် ဟိုကလိ ဒီကလိပေါ့။ အင်တာနက်ဆိုင်သွား၊ တွေရာဆော့ဝဲ ဒေါင်းလုပ်ဆွဲ၊ ကွန်ပျူတာ စာအုပ်တွေက ပါတာတွေကို မှတ်ထား၊ အင်တာနက်ဆိုင် ရောက်ရင် ရှာဒေါင်း..အိမ်ပြန်ရောက်ရင် ကလိပေါ့…

စလုံးရောက်လာတော့ အင်တာနက်ဆိုတာ ကိုယ်ရဲ့ လက်တကမ်းမှာ။ စာဖတ်ချင်လဲ အင်တာနက်၊ ရုပ်ရှင်ကြည့်တော့လဲ အင်တာနက်၊ ဆော့ဝဲလ် ဒေါင်းတော့လဲ အင်တာနက် ၊ သီချင်းနားထောင်တော့လဲ အင်တာနက်၊ အားလုံးကို အင်တာနက် ကတဆင့်သွား နေတော့တာပေါ့။ ကျတော့ ရဲ့ အားလပ်ချိန် တော်တော်များများကို ကွန်ပျူတာ အင်တာနက် ကဝါးမြိုသွားတယ်။ မြန်မာပြည်မှာတုန်းကတော့ အင်တာနက်မရှိတော့  စာအုပ်တွေလဲ အများကြီး ဖတ်ဖြစ်တယ်။ learning cd လေးတွေ ဝယ်ပြီးလေ့ကျင့် ဖတ်မှတ် ဟုတ်နေသေးတယ်။ ဒီရောက်တော့ ဘာမှမလုပ်ဖြစ်တော့ဘူး။ photoshop ဆိုလဲရောင်ဝါး ရောင်ဝါး၊ coral draw ဆိုလဲဆက်မတက်တော့ဘူး။ illustrator ဆိုမေ့တောင်နေပြီ။ matlab ဆိုရင်တော့ တီချယ် ဒေါ်စုစုဟန် ကလွဲပြီ ဘာမှမသိတော။့ solidwork ကပိုဆိုးသေး။ premier ဆို ရောင်လိုတောင် မလေ့လာဖြစ်တော့။

စာတွေထဲမှာ မှတ်မိနေတာက ပညာရပ်တစ်ခုဟာ မလေ့လာပဲ ၆လထားထားရင် ဘာမှမတတ်တော့ သလိုပဲတဲ့။ ဒါကြောင့်မနေ့က စပြီး ကိုယ်ကိုကိုယ် ဒဏ်ခတ်လိုက်ပြီ။ ဗုဒ္ဒဟူးနေ့ အင်တာနက် မသုံးသောနေ့ အဖြစ်သတ်မှတ်လိုက်ပါတယ်။ ဘယ်လိုအကြောင်း ကြောင်းဖြစ် ကိုယ်ပိုင်အချိန်အတွင်း အင်တာနက်မသုံးတော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ရုံးမှာတော့ သုံးဖြစ်ပါမည်။ ရုံးမှာက ဒါနဲ့ ပဲ အလုပ်လုပ်နေရတာ ကိုး။ ကျတော့ ကိုယ်ပိုင်အချိန်က ညနေ ရနာရီမှ ည ၁၂နာရီ အတွင်းပါ။

နောင်ဒီထက်ဆိုးလာပါက အဲဒီနေ့ကို ကွန်ပျူတာ မသုံးသောနေ့ အဖြစ်တိုးမြှင့်သွား ချင်ပါသည်။

4 comments:

တောင်ပေါ်သား said...

အကိုရေ အဲလို ကိုယ်ဟာကို သိတာကောင်းတယ်ဗျာ ကျနော်လဲ အကိုလိုပဲ အားနေရင် ကွန်ပျူတာတလုံးနဲ့ အချိန်ကုန်နေတယ် ဘာမှဆက်မလုပ်ဖြစ်ဘူး ကျနော်လဲ အဲလို သတ်မှတ်မှ ရတော့မယ် ဟီးးးးးးး အကိုဗုဒ္ဒဟူးနေ့ ညပိုင်း ၇ နာရီလောက်အားရင် တူတူ လျှောက်လည်ကြမယ်လေ ဟီးး အဲလို ဖျက်ဆီးတား)

Anonymous said...

မြန်မာပြည်က ၀န်ကြီးဌာနတွေလိုပေါ့....

ဟိုက ယာဉ်မမောင်းရနေ့ Dry Day ခေါ်တယ်။ ကွန်ပျူတာ မသုံးတဲ့နေ့ကျတော့ ဘာခေါ်ရင် ကောင်းမတုံးဗျ။

:)

အိုင်ဒီယာကောင်းတယ်ဗျ။ အင်တာနက်ရဲ့ ကျေးကျွန်မဖြစ်တော့ဘူးပေါ့။ ဟုတ်လား။

:)

ညီအကိုများ said...

စိတ်ချလက်ချ ဒဏ်ခတ်နိုင်ပါစေဗျာ.. :D

မိုးကြယ်

Anonymous said...

ဘယ်လောက်အထိဒဏ်ခတ်မှာလဲဗျ။