Sunday, December 21, 2008

စံပယ်ပန်း

စနေနေ့မနက် အပြင်က ပြန်လာတော့ ဝယ်နေကျ ပန်းဆိုင်မှာ စံပယ်ပန်း ၁ကျပ်ဖိုးဝယ်ပြီး ဘုရားတင်ဖြစ်တယ်။ ပုလုကွေး အပတ်တိုင်း လိုလို စံပယ်ပန်းကို ၁ကျပ်ဖိုး ဝယ်ပြီး ဘုရားတင်နေကြ။ ဘယ်နေ့ တိုင်းတင်မယ်လို့တော့ စိတ်ထဲမထားပါဘူး။ ရုံးတက်ရက်ဆိုလဲ ရုံးက အပြန် ပန်းသည်ရှိသေးရင် ဝယ်ပြီးတင်ပါတယ်။

စပယ်လို ဖြူစင်ရပါလို၏


ဒီအပတ်မှ စိတ်ကလည်း ဘာစိတ်ကူးပေါက်တယ်မသိ။ ဘုရားတင်တဲ့ ပန်းကို ဓါတ်ပုံရိုက်ချင်စိတ် ပေါက်နေတာနဲ့ ဖုန်းကင်မရာလေးနဲ့ ရိုက်ထားမိတယ်။ တနင်္ဂနွေနေ့ကျတော့ ရိုက်ထားတဲ့ပုံလေး နဲ့ ဘလော့တင်မယ်စိတ်ကူးထားတာ။ ကိုညီလင်းဆက် ဘလော့ကို ဝင်ဖတ်မိတော့ ဟိုမှာ စံပယ်တွေ စံ ပယ်တွေ ရှုပ်နေတာမို့ ဒီပို့စ်လေးကို မတင်တော့ဘူးလို့ ရုပ်သိမ်းလိုက်တယ်။ ဟော ညနေထမင်းစားပြီး မှ ဘာပဲဖြစ်ဖြစ်တင်မယ်ဆိုပြီး ဒီစာလေးကို ရိုက်လိုက်တယ်။


ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ စံပယ်လို စိတ်ထားဖြူချင်ပါတယ်။ ဖြူအောင်လည်း ကျင့်ကြံနေထိုင်နေပါတယ်။ တစ်ချို့သော (အပြင်လောကမှာကော၊ ကျင်လည်ရာ ဘလော့လောကမှာပါ) မဖြူစင်သူတစ်ချို့ကို တွေ့နေ၊ မြင်နေ၊ ဖတ်နေ၊ ကြားနေရလို့ပါ။ အားလုံးလဲ စံပယ်လို ဖြူစင်ပါစေ။

6 comments:

ဟန်လင်းထွန်း said...

တောင်းတဲ့ ဆု နဲ့ ပြည့်ပါစေ :)

Anonymous said...

ရည်ရွယ်ချက်လေးကောင်းတယ်ဗျာ။
ဒါပေမဲ့ဗျာ အခုလို ကိုပုဆုတောင်းသလိုပြည့်
သွားရင် လောကကြီးက ပျင်းစရာကောင်းသွား
မလားလို့ပါ ဟိတမျိုးတော့ မထင်ပါနဲ့ဗျာ

Anonymous said...

အကိုရေ အခုလိုသတိတရနဲ့ စံပါယ်ပန်းလေးတင်ပေးတာ ချီးကျူးပါတယ်ခင်ဗျာ
-- စံ - - ပယ် ပေါ့

ကျနော် လည်း ကိုယ့်ကို ကိုယ် ဖြူစင်အောင်ကြိုးစားနေပါတယ် ခင်ဗျာ

လေးစားလျှက်

megumi said...

ဘုရားစင်က ရှင်းရှင်းလေးနဲ့၊
မြတ်စွာဘုရား သပ္ပာယ်လိုက်တာ။
ရှိခိုးပူဇော်သွားပါတယ်။


လေးစားသွားပြီ။

WWKM said...

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုပါရင်. .......း)
တောင်းတဲ့ဆုနဲ့ ပြည့်ပါစေ ပုလုကွေးလေးရေ.
ဒါနဲ့ မုန့်ကျွေးဖို့ အကြွေးကျန်နေသေးတယ်နော်..
တို့ကတော့ မမေ့။း)
အဆင်ပြေပါစေ။

Anonymous said...

ကိုင်းညွတ်တဲ့ မေတ္တာ စိတ်ထားနဲ့ စေတနာကို လေးစားမိပါတယ်.. ကျနော်လဲ အားလုံး စိတ်ကို စင်ကြယ်အောင် ထားနိုင်ကြပါစေလို့ ထပ်တူ ဆန္ဒပြုလိုက် ပါတယ် ကိုပုလုရေ..