Tuesday, December 23, 2008

Christmas Songs for all



Christmas လဲနီးပြီ.. ဟီးဟီး..တကယ်တော့ Christmas ဆိုတာ ကျတော်တို့ ဗုဒ္ဓဘာသာဝင်တို့ နဲ့ လားလားမှမဆိုင်.. ဒါပေမဲ့ ဂလိုဘယ်ခေတ်ကြီးထဲမှာ အရာရာဟာ ကူးလူးဆက်သွယ်နေတော့ Christmas ဟာ ကျတော်တို့နဲ့ မဆိုင်သော်လည်း သူအချိန်ရောက်လာတော့ ပျော်စရာကောင်းတာပေါ့။


ငယ်ငယ်ကဆို ဒီဇင်ဘာ Christmas ချိန်ရောက်ရင် ပျော်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းပိတ်လို့ဗျ။ Christmas ဆိုတာဘာလဲ ဆိုတာမသိခဲ့ပေမဲ အဲဒီအချိန်မှာ အိမ်ရှေ့မှာ ခရစ်ယာန်တွေ သီချင်းတွေလာဆိုကြ.. သူတို့ကို လက်ဆောင်ပေး…ပျော်ဖို့ကောင်းသား။


Christmas ဆိုတာကို ကျတော် ဘာဖြစ်လို့ ကျင်းပတာလဲဆိုတာ ဆယ်တန်အောင်ပြီးတဲ့ အထိ မသိဘူး။ နောက်မှ Christmas ဆိုတာ ခရစ်တော် မွေးနေ့ဆို သိလာရတယ်။


ခရစ်စမတ်သီချင်းလေးတွေက နားထောင်လို့တော့ ကောင်းသား။ အဲဒီတော့ youtube မှာ ကျတော်တွေ့တဲ့ Christmas သီချင်းလေးတွေ ကို နားထောင်လို့ရအောင် မျှပေးလိုက်ပါတယ်။


ဒါပေမဲ့ ကျတော်ဟာ ကံ၊ ကံ၏ အကျိုးကို လုံးဝ ယုံကြည်တဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ စစ်စစ်တစ်ယောက်သာ ဖြစ်ပါတယ်။

3 comments:

WWKM said...

MERRY X.Mas :D

Anonymous said...

ဟ.. အတူတူပဲဗျို့ ခံယူချက်ချင်းပြောတာပါဗျာ
မယ်ရီခစ္စရစမတ်ပါဗျာ

တောင်ပေါ်သား said...

ဟီးးး ဆိုင်မဆိုင် မသိဘူး အကိုရေ Merry X.Mas ပါဗျို့ ဟီးးးးးး အလုပ်တွေ နားရတယ်ဗျ ပျော်တယ်