Monday, January 5, 2009

စလယ်ဝင်အိုး

တမြန်နေ့က ပျင်းပျင်းရှိတာနဲ့ မြန်မာသီချင်းတွေ ကို youtube မှာလိုက်ကြည့်နားထောင် နေမိတယ်။ ရတနာဦးဆိုတဲ့ စလယ်ဝင်အိုး သီချင်းလေးကို နားထောင်မိတော့ ၁ စလယ် ကို ဘယ်လောက်ရှိမယ်မှန်း မသိဘူး။ သိချင်လာတယ်ဗျ ။ ငယ်ငယ် တုန်းက လည်း ရွက် ခဲ့ ရတဲ့ မြန်မာအလေးချိန် အခြင်အတွယ်လေး ပြန်ရွတ်ကြည့်တော့လဲ မပါဘူးဗျ။ မှတ်မိနေတာကတော့

နို့ဆီဘူး ၈လုံး ၊ ၁ ပြည်
၁၆ပြည်၊ တစ်တင်း
၂စိတ် ၊ ၁ခွဲ
၂ခွဲ၊ ၁ တင်း

အဲ့ဒီလောက်ပဲ မှတ်မိတော့တယ်။ ဒါနဲ့ ဘာလိုလို အားကို ရတဲ့ လက်ဆွဲတော် ဂူဂဲလ် မှာ “မြန်မာ့ အလေးချိန် အခြင်အတွယ်” လိုရှာမိတော့ မရှိဘူး။ ဒါနဲ့ နောက်တစ်မျိုးပြောင်း ရှာကြည့်တယ်။ “စလယ်” ဆိုပြီးထပ်ရှာတော့ တွေ့ပါတယ်။ အဲ့ဒါမှ စလယ်ဆိုတာ ကျတော်တို့ မြန်မာ အချိန်အတွယ် နို့ဆီဘူး ၂လုံးစာ ဆိုတာကိုပါ။

(၂) လက်မြူ (၁) လက်မြတ်
(၂) လက်မြတ် (၁) လက်မယ်
(၂) လက်မယ် (၁) စလယ်
(၂) စလယ် (၁) ခွက်
(၂) ခွက် (၁) ပြည်
(၄) ပြည် (၁) စိတ်
(၂) စိတ် (၁) ခွဲ
(၂) ခွဲ (၁) တင်း

အပေါ်က ဟာလေးက ကျတော် ဂူးဂဲလ်မှာ ရှာတဲ့ အခါ တွေတဲ့ သံစဉ်လှိုင်း ဖိုရမ်ထဲက ရယူထားတာပါ။ အဲဒါကြောင့်ပြောတာ ဘာပဲလိုလို ဂူဂဲလ် မှာ ရှာလို့ ရပါတယ်လို့။။။

1 comments:

Anonymous said...

အေးဗျာ မေ့တောင်မေ့နေပြီဗျ အခုလိုပြန်လည်ဖော်ပြပေးတာ ကျေးဇူးဗျို့