Saturday, January 10, 2009

ဟူး.. စိတ်ပိန်လိုက်တာနော်


ဗုဒ္ဓဟူးနေ့…..........လာမဲ့ သောကြာနေ့ ရုံးမတက်ဘူးဆိုတာခွင့်တင်ခဲ့။


ကြာသပတေးနေ့… ညနေ ၆:၁၅ ရုံးဆင်း အိမ်ပြန်
ည ၉နာရီ ၄၅မိနစ် ..အိမ်မှထွက် ကားစီး..သံရုံးသွား
ည ၁၀နာရီ ၁၂မိနစ်……သံရုံးရောက်
“ဘယ်မှာနာမည်ရေး. စာရင်းပေးရမလဲ”
“အဲဒီ တံခါးသံဘောင်မှာအနီရောင်ကြိုးနဲ့ ချည်ထားတဲ့ စာရွက်မှာ”
“အဲဒီစာ ၇ွက်အစုပ်မှာ”
“ဟုတ်ရဲ့ လား”
“မသိဘူး ..သူများတွေလဲ ရေးသွားတာပဲ”
“နာမည်ရေး.. အိမ်ပြန်ဖို့ ကားပြန်စီး
ည ၁၁နာရီ၅၀..အိမ်ပြန်ရောက်
“သံဘောင်မှာ ချည်ထားတဲ့ စာရွက် အစုတ်မှာ ရေးရတာလား”
“ဟုတ်တယ်လေ..ငါတို့တုန်းကတော့ မှန်မရှိတော့တဲ့ ပုံးထဲမှာ“


ည၁၂နာရီ ၁၀မိနစ်
အိပ်ရာဝင်


သောကြာနေ့
မနက် ၆နာရီ၄၅မိနစ်


ဖုန်းမှ နိုးစက်မြည်
အိပ်ရာထ. မျက်နှာသစ်..
အင်္ကျီလဲ..အင်္ကျီအကောင်းလေးဝတ်မယ်စိတ်ကူး ..အင်္ကျီအဟောင်း ခပ်နွမ်းနွမ်း လေးပဲဝတ်လိုက်သည်( သံရုံးသွားရင် တောက်တောက်ပြောင်ပြောင် ဘယ်တော့မှမသွားနဲ့ ..နွမ်းနွမ်းပါးပါးပဲဝတ်သွား..ဈေးစစ်လို့ ရအောင်…သယ်ရင်တစ်ယောက်ပြောစကားအရ)
ကိတ်မုန့်တစ်ချပ် ပါးစပ်ထဲထိုးသိပ်ထည့် …..ရေကို မော့သောက်


နံနက် ရနာရီ--မိနစ်
အိမ်က ထွက် ..ကားစီး…


နံနက် ၈နာရီ
သံရုံးရောက်
တံခါးဖွင့်တော့ အထဲဝင်
မနေ့ ကရေးထားတဲ့ ကိုယ်နာမည် အစီအစဉ်အတိုင်း ဟုတ်မဟုတ်ကြည့်
အခွန် ၁၀% ပေးဆောင်မည့် အကြောင်း ဖောင်ဖြည့်
ထိုင်ခုံမှာထိုင် …
စာအုပ်တစ်အုပ်ထုပ်..ဖတ်


နံနက် ၉နာရီ

ကားတစ်စီရောက်…လာ …အန်တီကြီးပါလာပြီလား…..oh! no..
စာအုပ်ဆက်ဖက်နေတယ်


နံနက် ၉နာရီ ၁၀မိနစ်
နောက်ထပ်ကားတစ်စီးဝင်လာ…သူမ ပါမလာသေး ။စာရီခြုံထားတဲ့ မလေးမတစ်ယောက်လာ ဖြည့်ထားတဲ့ နာမည်စာရင်းတွေကို ကောင်တာပေါ်တင်သွား


နံနက် ၉နာရီ ၂၀မိနစ်
ကားတစ်စီးထပ်ဝင်လာ…ဟော အန်တီကြီး လှုပ်တုပ်လှုပ်တုပ်နဲ့ ဆင်းလာ အခန်းထဲဝင်သွား


နံနက် ၉နာရီခွဲ
အန်တီကြီး ဝင်လာ


“နံပါတ် ၁မှ ၅လူတွေ လာပါ”
“wp ဆို ၄၀ ၊ ၂၄လ နော်”
“သက်တမ်း တိုးအုံးမှာလား”
“ဟုတ်”
“သက်တမ်းတိုး ၃၀၀နဲ့ ၂၄လ ပေါင်း ၁၂၆၀ ကျမယ်နော်၊ ဘောင်ချာဖွင့်လိုက်မယ်”

..........


နံနက် ၁၀နာရီ ၅မိနစ်
”နံပါတ် ၈မှ ၁၀လူတွေလာပါ”
ကျတော် စာအုပ်နဲ့ ဇိမ်ကျနေဆဲ…


တဖက်ခြမ်းမှာ ကျောင်းသားနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားးသူဖြစ်ကြောင်း ထောက်ခံစာလုပ်ပေးသူ မျက်မှန်နှင့် နှုတ်ခမ်းမွေးစစ ခပ်ဝဝ နွဲနွဲလူကြီးက ဆောင်ရွက်နေ


” s-pass ဆို ၈၀လေ၊ သမီးရဲ့ ၆၀နဲ့ မရဘူး”
“ဟို သမီးတို့ ရုံးက ၆၀၀ပဲရတယ်၊ ဘယ်လိုလုပ်ရမလဲ”
“ဒါဆို ၇၀ နဲ့ဆောင်သွား”
“ဟုတ်”
“သက်တမ်းတိုးအုံးမှာလား”
“ဟင့်အင်း”
“ဘယ်လက အလုပ်စဆင်းလဲ”
“ဟို မတ်လကလေ”(တကယ်ဆင်းတာက ဖေဖော်ဝါရီလထဲက)
“ဘယ်နှရက်နေ့လဲ”
“၁၆ ရက်နေ့”
“ဒါဆို ဧပြီလက စဆောင်”
“ဘယ်နှလ ဆောင်မလဲ”
“၁၀လ”
နံနက် ၁၀နာရီခွဲ
ဗိုက်ထဲက ပိုးပေါင်းစုံထကြွလာပြီ၊ ထိုင်ရတာလဲ ညောင်းလှပြီ…လမ်းလျှောက်အုံးမှ…


နံနက် ၁၀နာရီ ၄၀မိနစ်
အန်တီကြီးဘေးမှ လူကြီးကဲ..ပိုက်ဆံးပေးဖို့အတွက်လူစခေါ် အခန်းထောင့်မှ စပီကာမှထွက်လာတာက
“ဂွမ်းပုံ”“ချစ်ချော” “ဘွေးတုတ်”“ထွန်းလင်း”“တောက်ပြောင်”“ငမွဲ”“ငြိမ်းငြိမ်း” “ကျော်ဇံ” “အောင်ပိုင်”
လူတွေ တန်းစီပြီး ပိုက်ဆံပေးဖို့ အသီးသီး စောင့်နေ။ ပိုက်ပိုက်ပေး။
နောက်တစ်ခါ ထိုလူကြီးထံမှ


“ထွန်းလင်း” “ငြိမ်းငြိမ်း” “အောင်ပိုင်” ..ထိုလူကြီးထပ်ခေါ်
“ကျတော် အောင်ပိုင်”
“မင်းလား သံရုံးကို ဖုန်းဆက်တာ”
“ခင်ဗျာ”
“မင်း သံရုံးကို ၃ ခါတောင် ဖုန်းဆက်တာ သံရုံးကို နှောက်ယှက်တာလား”
“ဖုန်းဆက်တာ ဟုတ်ပါတယ်” စကားပြောခွက် မိုက်ကိုဖွင့်လျက်(အားလုံးကြားအောင် တမင်ဖွင့်ပီး မိုက်ကို အသံမြှင်လျက်)
“မင်းသံရုံးကို ဖုန်းဆက်တာ ဘာလဲကွ မင်းငါတို့ မခန့်လေးစားလုပ်တာလား..မင်းတို့ ပိုက်ဆံးပေးနိုင်တိုင်း မခံလေးစားလုပ်လို့ရမယ်။ နိုင်ငံသားစွန့်လွှတ်လို့ ရမယ်တယ်သလား” “စင်ကာပူမှာ isa မှာ law တွေရှိသလို ငါတို့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးမှာလဲ ဥပဒေတွေ ရှိတယ်ကွ နာလည်လား..မင်းတို့ကို နိုင်ငံသားစွန့်လွှတ်ကြောင်း မလုပ်ပေးပဲ ဆိုင်းငံထားလို့ရတယ်ကွ..နားလည်လား” ဟိုကောင် မျက်နှာငယ်လေးဖြင့်..(ရင်ထဲမှာတော့ ဘယ်လိုနေမသိ)


“ခနနေ အုံး သွားစောင့်နေ၊ နောက် တစ်ယောက် ထွန်းလင်း ”
“ကျတော်ပါ“
“မင်းခုန က ဘယ်ရောက်နေလဲ”
“ရှိပါတယ်“
ထွန်းလင်းဆိုသူ ပေးရန် ပိုက်ဆံရေကာ ပိုက်ဆံတစ်ရွက်ပြုတ်ကျသွား
“ဟေကောင် ဒါသံရုံးကွ ဈေးသည်မဟုတ် သံရုံးကို ဘာမှတ်လဲ မင်းလဲစောင့်နေအုံး”(ငွေသွင်းပြီးကြောင်း စာရွက် ပေးလို့ ရသားနဲ့ မပေး)


နံနက် ၁၀နာရီ ၅၉မိနစ်
တိုက်ပွဲပြင်းထန်နေတာ ငြိမ်သွား..


“ဒါတမင် ဖြဲခြောက်တာ”
“အပြင်မှာဆို ဒီဘဲ မလွယ်ဘူး”
“ဘာကောင်လဲ မသိ”


နံနက် ၁၁နာရီ..
နံပါတ် ၁၁ကနေ ၁၅ထိ
အန်တီကြီးခေါ်သံ
အဟား ငါ့ကို ခေါ်ပဟ
နံပါတ်--
..
နံပါတ် --ကောင်မလေး..ဒါပီးရင် ကျတော်
ကောင်မလေးအလှည့်
” s-pass ဆို ၈၀၊ နော်..သက်တမ်းတိုးအုံးမလား”
“ဟုတ်..သက်တမ်းမတိုးတော့ဘူး”
“၆လဆို ၄၈၀နော်”
….
နံပါတ်--
“ကျတော်ပါ”
“spass နော် ၆၀နဲ့ ဘယ်ရမလဲ”
“ဟို ကျတော်တို့ ရုံးက လစာနဲတယ်”
“ဒာန်တီတို့ဆီမှာ spass ကို ၈၀ သတ်မှတ်ထားတယ်”
“ဒါဆို ကျတော် ဘယ်လောက်နဲ့ ဆောင်၇မှာလဲ”(သနားစရာ လေသံလေးဖြင့်)
“၇၀ နဲ့ဆောင်သွား”
“သတ်တမ်းတိုးအုံးမလား”
“မတိုးတော့ဘူး”
“ဘယ်နှစ်လဆောင်မလဲ”
“ဆယ်လ ဆောင်မယ်”
..
နံနက် ၁၁ခွဲ


ပိုက်ဆံပေးဖို့ စောင့်နေတယ်

နံနက် ၁၁ နာရီ ၄၅မိနစ်
ဆက်စောင့်နေဆဲ

နံနက် ၁၁နာရီ ၅၀မိနစ်
ဟော ပိုက်ဆံသွင်ရးတော့မယ်
ပိုက်ဆံသွင်း…
ဟူး ဂလု မောလိုက်တာနော်
အခုမှပဲ အလုံးကြီး ကျသွားတော့တယ်..
ပျော်ရွှင်စွာနဲ့ စိန့်မာတင် ဒရိုက်ကနေ ထွက်ခွာခဲ့တောတယ်. တာတာ့ပဲ ..နောက်နှစ် မှပြန်ဆုံကြတော့တာပေါ့..။
---------------------------------------------------------------------------------------------------------------
မည်သူကို မျှထိခိုက်စေလိုခြင်းမရှိ ..ကြုံသမျှကို တင်လိုက်ခြင်းသာ

10 comments:

မီးမီးငယ် said...
This comment has been removed by the author.
မီးမီးငယ် said...

ရင်မောစွာနဲ့ ဖတ်သွားပါကြောင်း
း)

WWKM said...

အင်း..ဟုတ်ပေမယ်.
နေရာတိုင်းမှာ တူတူပါပဲ.း)

Anonymous said...

ကိုပုသွားတာ သံရုံးလား အခွန်ရုံးလားဗျ သေသေချာချာနားမလည်ဘူးဗျ။ကျနော်တို့က
တော့ ရှင်းတယ် ဘယ်သံရုံးနဲ့မှကို အဆက်အသွယ် မလုပ်တာဗျဒီတော့ ခဏခဏ
အဟောက်မခံရတော့ဘူးပေါ့ဗျာ ပြန်မှပဲ အားလုံး
ပေးတယ်။ဒါတောင် ကျနော့်ဖုန်းနံပတ် ဘယ်ကနေ ဘယ်လိုရလဲ မသိဘူး သူတို့ဆီမှာရှိ
တယ်ဗျ ကြည့်ရတာ ကျနော်ဆီက အခွံကို ဆင့်ဟ၀ှာ ခွေးမျှော်သလို မျှော်နေလားတော့
မသိဘူးဗျ။အမှန်က အခုလို အခွန်ဆောင်နေတဲ့သူတွေက သူတို့ ထမင်းရှင်
တွေဆိုတာကို မေ့နေကြပုံရတယ်ဗျ။

တောင်ပေါ်သား said...

ဟား ဟား အကိုရေ လာမှတ်သားသွားတယ် ကျနော်လဲ ဆောင်ရဦးမှာပေါ့ ဒုက္ခ ဒုက္ခ

MrDBA said...

အ ဟား ပုလုကွေးအလှည့်ရောက်ပါပေါ့လား။ အိမ်ပြန်ဦးမယ်ထင်ပ။

ဖိုးဂျယ် said...

အော် အော် မှတ်သားလောက်ပါ့ပေ့
တို့မြန်မာကွ ဟေးးး

Ko Boyz said...

ဤအရာကို သံရုံးဟုခေါ်သည်။

သက်တန့် said...

"ဟူး"ဆိုပြီး သက်ပြင်းချလိုက်တာ လေပြင်းတိုက်သွားသလိုပဲ...
ဂလုသံကလည်း တော်တော်ကျယ်တယ်...
ဒီကနေတောင် ကြားရတယ်... :P

Unknown said...

ဟဲ.. ဟဲ.. မြန်မာသံရုံးသွားတောလား. ထဲကလို လုပ်ကြည့်လေဟာ..
နော်..
ဟီး ဟီး...
ိနာ မရပေမယ့် တခြားတူတွေ ရ.နိုင်ကောင်းပါရဲ့..
အသေအချာသာ လုပ်သွား..။
:D