Tuesday, January 20, 2009

ဘဝအမောပြေ

မနေ့က အိမ်ကိုရောက် မေးစစ်တော့ ချစ်ညီလေး တစ်ယောက်က စာပြန်ထားတယ်။ သူရဲ့ပြန် စာလေးကို ဖတ်လိုက်ရတော့ စိတ်မကောင်းဖြစ်မိသွားတယ်။ ဘာလို့ဆို သူမြန်မာပြည်ကို ပြန်ရတော့မဲ့ အကြောင်း သိလိုက်ရလို့ပဲ။ မေးလ်မှာကြည့်လိုက်တော့ သူပြန်မရောက်သေးဘူး။ ဒါနဲ့ သူအိမ်သွားတော့ သူပြန်ရတော့မဲ့ အကြောင်း ပို့စ်လေးကို တွေ့လိုက်ရတယ်။
စင်္ကာပူ အစိုးရက ဒီလိုလုပ်နေတာသိရပေမဲ့ ကျတော့ ပတ်ဝန်းကျင်က သယ်ရင်းတွေ တစ်ယောက်မှ ဖြစ်သေးတာ မဟုတ်တော့ ဒီလောက်ဖြစ်လိမ့်မယ်လို့ မထင်ထားခဲမိဘူးလေ။ တကယ်လဲ သူ့ အတွက် စိတ်မကောင်း ဖြစ်မိပါတယ်။ စလုံး ဆိုတာ ကျတော့တို့အတွက် အချိန်မရွေးလာနိုင်တဲ့ တိုင်းပြည်ဖြစ်ပေမဲ့ အခုလို ပြင်ဆင်ထားခြင်းမရှိပဲ ခွဲခွာရတော့မှာဆိုတော့ နည်းနည်းတော့ စိတ်ထိခိုက်တာပေါ့ဗျာ။

ညဘက် ဂျီတော့ ပေါ်ရောက်တော့ သူအားလားမေးတော့ သူ့မေမေနဲ့ စကားပြောနေတယ်ဆိုတာနဲ့ ခန စောင့်လိုက်တယ်။ သူ့မေမေနဲ့ စကားပြောပီးတော့ ကျတော့ကို နှုတ်ဆက်တော့ အကျိုးအကြောင်းမေးမြန်း စုံစမ်းမိတယ်။ သူနဲ့ စကားလေးတွေ ပြောပီးတော့ သူဘာလုပ်နေလဲဆိုတော့ သူက ဂျီတော့ကနေ ဖုန်းလှမ်းခေါ်တယ်။ နားထောင်ကြည့်တော့ သူသီချင်းဆိုနေတာဗျ။ သူက သူ့သီချင်းလေးကို လှမ်းပို့ပေးတာနဲ့ ကျတော်လဲ ကျတော့ ဘလော့လေးမှာတင်လိုက်မိတယ်။ သူကတော့ အေးဆေးပဲတဲ့။ စလုံးထက် မြင့်တဲ့ တစ်နေရာကို ဒိုးမယ်တဲ့။ အခုတော့ သူအသံလေးကို မတင်နိုင်သေးဘူး ။ နောက်နေ့ မှ သူရဲ့ ချစ်စရာ အသံလေးကို တင်ပေးတော့မယ်။ (သူမသိခင် ခိုးပီး ရက်ကောဒင်းထားမယ်)

သီချင်လေးတွေဆိုတာ တခါတလေတော့ ကျတော့ တို့ရဲ့ ဘဝအမောလေးတွေကို ပြေပျောက်စေတယ်။ သီချင်းလေးတွေဖွင့် စိတ်ပါလက်ပါလေး လိုက်ဆိုလိုက်ရရင် ရင်ထဲမှာတင်းကျပ်နေတာလေးတွေ ခံစားမှုလေးတွေ ခနတာပျောက်ကွယ်ကာ စိတ်ကို ရွှင်လန်းစေတယ်လေ။ အားလုံးခံစားလို့ရအောင် ဆိုဒ်ဘားမှာတင်ပေးလိုက်ပါတယ်။
သီချင်းလေးက ဇော်ပိုင်ရဲ့နှလုံးသားနဲ့ယုံပါ

4 comments:

Unknown said...

သိုင်းခရု.. သိုင်းလိပ်.. သိုင်းပုရွက်ဆိတ်..။

:D

တော်သေးတာပေါ့..ဆိုနေတုန်းက
ရီကောဒင်း မလုပ်လိုက်လို့..
ဘလော့ဂ်ဂါတွေကို နားမချမ်းသာအောင်
မလုပ်ပါနဲ့ အစ်ကိုရယ်..

ဒီအတိုင်းလေးပဲကောင်းနေတာပဲကောင်းပါတယ်...။

:D

တောင်ပေါ်သား said...

အကိုရေ ဒီလိုပါပဲဗျာ အားလုံး အဆင်ပြေချောမွေ့ပါစေ လို့ ဆုတောင်းပေးပါတယ်ဗျာ

လေးစားလျက်
တောင်ပေါ်သား

Anonymous said...

ကိုဖြိုးစကိးလေး အဆင်ပြေပါစေဗျာ စိတ်မကောင်းပါဘူး ကြားရတာ

WWKM said...

ဖတ်နေတုန်း ဖြိုးစကီးလေးဖြစ်မယ်ဆိုတာ သိလိုက်
ပါတယ်။ ကွန်မန့် ရောက်မှ ပိုသေခြာသွားတယ်။
စလုံးထက် အဆင်ပြေတဲ့နေရာကို ထွက်ရအောင်ကြိုး
စားပါ ဖြိုးစကီးလေးရေ။
အစ်မလဲ Work in Japan ဆိုပြီး ပို့စ်လေးရေးတင်ပေး
မလို့ကို ရေးတဲ့ဆီမရောက်နေဘူး။ စလုံက မောင်လေး
တစ်ယောက်က ဂျပန်မှာ အလုပ်လာလုပ်ချင်လို့မေးထား
တာလေ။ ဒီမှာ အလုပ်ဝင်နိုင်တဲ့ လင့်ခ်တွေနဲ့ အစ်မ ပို့စ်
တင်ပေးပါမယ်ကွယ်။
ဒီမှာ ကွန်ပြူတာဘွဲ့ရတွေ တစ်လကို သောင်း၈၀ လောက် ၀င်ငွေရှိကြပါတယ်။ တစ်လ သိန်း၁၀၀ နီးပါး
ပေါ့ကွယ်။ အစ်မအမျိုးသားရဲ့သူငယ်ချင်း ဆရာဝန်မ
လေးရဲ့ အမျိုးသားက အင်ဂျင်နီယာပေမယ့် ကွန်ပြူ
တာကျွမ်းတော့ ဒီဇိုင်းဆွဲတာတင်ပဲ တစ်လ ၀င်ငွေ
အဲဒီလောက်ရတာပါ။ အစ်မမှာ သူ့အလုပ်ရဲ့လင့်ခ်က
လေးရှိပါတယ်။ အစ်မပို့စ်ရေးပြီးတင်ပေးပါမယ်နော်။
ဂျပန်လာချင်ရင် ဂျပန်စကားအရင်ရအောင်သင်ထားကြ
ပေါ့။

ခင်မင်စွာနဲ့
အစ်မ၀ါ