Tuesday, January 27, 2009

သနပ်ခါး မိတ်ကပ်ကြော်ငြာ

မနေ့က ရုံးကို သွားမလို့ ဓါတ်လှေကားနားရောက်တော့ ကြော်ငြာတီဗီကို ဖျက်ခနဲ ကြည့်လိုက်မိတယ်။ အရင်ကဆိုရင် အမှုမဲ အမှတ်မဲပဲ။ ဒဲာဒီနေ့မှပဲ ကြည်မိတာ ကြော်ငြာ မော်ဒယ်လေးတွေ ဝတ်ထားတာ မြန်မာအဝတ်အစားနဲ့ တူလို့ ။ နောက်သေသေချာ ချာ ရပ်ကြည်လိုက်တော့ အောက် ကကြော်ငြာလေးကိုတွေတယ်။ မိတ်ကပ်ကြော်ငြာလေးပါ။

 မြန်မာသနပ်ခါးကနေ ထုတ်လုပ်ထားတဲ့ အကြောင်း ရိုက်ကူးထားတာပါ။ ကြော်ငြာလေးမှာ အနည်းငယ် လွှဲမှားနေတာလေးတွေ ပါပေမဲ့ ကိုယ်နိုင်ငံက သနပ်ခါး အကြောင်းလေးကို ပြောရင်း ကြော်ငြာသွားတာမို့လို စိတ်ဝင်တစား ကြည့်မိတယ်။ ရုံးရောက်တော့ ကွန်ပျူတာလေးကို ဖွင့်ပြီး တာနဲ့ ရှာကြည်လိုက်မိတယ်။ ခံစားကြည့်ပါအုံး။

9 comments:

khin oo may said...

စိတ်ဝင်စားစရာဘဲ

WWKM said...

လာကြည့်သွားပါ၏။

:P said...

အဲဒီကြော်ငြာ တစ်ခါ ကြည့်ဖူးတယ်....။
သနပ်ခါးတုံးတွေဟေ့လို့ အော်ပြီး တစ်အိမ်လုံးလာကြည့်ကြတယ်...။

သံလွင် HeRo said...

ဟိုတစ်နေ့ကလည်း watson ရောက်တော့
လျှောက်ကြည့်နေတုန်း သနပ်ခါးတုန်းကြီးနဲ့
ကြော်ငြာထားတာတွေ.လိုက်တော့
တော်တော်အံ့သြသွားတယ်...ဟားဟား

တောင်ပေါ်သား said...

ဟား ဟား မြင်ဘူးပါဘူး သနပ်ခါးတွေကို ဒေါင်လိုက်သွေးနေတာ အံ့သြော်တယ်ဗျ ဟီးးးး

လေးစားလျက်
တောင်ပေါ်သား

Anonymous said...

အေးလေ.. ဟုတ်ပ.. ဒေါင်လိုက်သွေးနေတယ်ဟ.. :D တောင်ပေါ်သားရေ.. သာမီးလိမ်းတုန်းက အတိုင်းလေး သွားပြီး သွေးပြလိုက်စမ်းဘာ.. :D

Unknown said...

65 bus ပေါ်မှာတုန်းက တစ်ခါကြည့်ဖူးတယ်..
ဒေါင်လိုက်သွေးနေတာကို တူများပြောမှပဲ သိတယ်..
ဟီး

MELODYMAUNG said...

ကိုယ်နိုင်ငံက သနပ်ခါး အကြောင်းလေးကို ပြောရင်း ကြော်ငြာသွားတာမို့လို့ ဝမ်းသာစရာပေမဲ့ ဒေါင်လိုက်သွေးပြတာမျိုး အဲလိုလွဲနေတာလေးကိုတော့ သူတို့ကို feedback အနေနဲ့ ပြန်ပြောပေးနိုင်သူရှိရင် အတိုင်းထက်အလွန် အဆင်ပြေသွားမယ်ထင်ရဲ့နော်

Anonymous said...

အဲဒါပဲဗျ လယ်သမားဆန်ကောင်းမစားရတာ
နည်းပညာမသိတော့ ခံပေါ့ဗျာ။ အေးလေ မသိ
အောင်လဲ နှိပ်ကွပ်ထားကြတာကိုးဗျ။