Friday, February 20, 2009

မာမီ့မွေးနေ့ အမှတ်တရ

ပြီးခဲ့ 18.02.09 နေ့က ကျတော့ မာမီရဲ့ ၅၄နှစ်မြောက်မွေးနေ့ပါ။ အဲဒီနေ့မတိုင်ခင် ကတည်းက မာမီအတွက် အမှတ်တရ ပို့စ်လေးတစ်ခုခုတင်မလို့ ပါ။ ဒါပေမဲ့ လုံးဝမအားတာနဲ့ မတင်လိုက်ရပါဘူး။ အောက်က ဓါတ်ပုံလေးကတော့ ကျတော့ ရဲ့ မကြီး တို့ အကုန်ကျခံထည့်ပေးတဲ့ မာမီ့မွေးနေ့ အတွက် ဆုတောင်း ပေးထားတဲ့ ဂျာနယ်ဖြတ်ပိုင်း လေးပါ။
ကျတော်ကတော့ မာမီမွေးနေ့အတွက် ထွေထွေထူးထူး လက်ဆောင်မပေးနိုင်ဘူး။ မာမီကြိုက်တဲ့ အမြဲဆိုးတဲ့ rainbow တံဆိပ်လက်သည်းနီရယ်၊ နောက်ပီးတော့ လက်သဲနီထဲမှာ နံပါတ်တစ်လို့ ဆိုင်က ပြောတဲ့ လက်သည်းနီတစ်ပုလင်းရယ်။ လက်ကိုင်ပိုက်ဆံအိတ်တစ်လုံးရယ် ပဲပေးခဲ့ရပါတယ်။ (ကျတော့ အိမ်မှာ ကျတော်က အမွဲဆုံးလေ)။
အောက်က video လေးက စုမိ (SUMI) ဆိုထားတဲ့ “မေမေ” သီချင်းလေးပါ။ youtube မှာ ကျတော်ကိုယ်တိုင်တင်ထားတာပါ။

6 comments:

WWKM said...

ပျော်ရွှင်ဖွယ် မွေးနေ့လေးဖြစ်ခဲ့လိမ့်မယ်လို့ ယုံကြည်
ပါတယ်။ ပုလုကွေး မာမီရဲ့ အသက် ၅၄ နှစ်ပြည့် မွေး
နေ့မှသည်.. နှစ်ပေါင်း၁၀၀ကျော်အောင်..သားသမီးများနဲ့ပျော်ရွှင်စွာမွေးနေ့ပေါင်းများစွာကို ဆက်လက်ကျင်းပနိုင်ပါစေ လို့.....

တောင်ပေါ်သား said...

အကိုရေ အကိုရဲ အမေရဲ့ ပျော်ရွှင်ဖွယ် မွေးနေ့လေး ဖြစ်ပါစေကြောင်း အကိုမရှိပေမဲ့ အကိုလဲ ဒီကနေ ပျော်ရွှင်နေမယ်လို့ ညီယုံပါတယ် ။ အသက်ထက်ဆုံး မိသားစုနဲ့ ပျော်ရွှင်စွာ နေနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါတယ် အကိုရေ......

khin oo may said...

ပျော်ရွင်သောမွေးနေ့ဖြစ်ပါစေရန် ဆုတောင်းလျက်.

Rita said...

တယ်သိတတ်တဲ့ ကလေးပါလားကွယ်
:)

Anonymous said...

ချစ်သောမာမီနှင့် ၅၄နှစ်မြောက်မှသည် ရာစုနှစ်တိုင်သို့ 

Taungoo said...

“သူငယ်ချင်းကြီးရဲ့ မာမီမွေးနေ့မှာ
တစ်မိသားစုလုံး ပျော်ရွှင်အေးချမ်းပါစေ”

BTW:
(စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ အင်ဂျင်နီယာကြီးကတောင် အိမ်မှာ အမွဲဆုံးဆိုတော့ကာ...
အားပါး.. တစ်မိသားစုလုံး ဘော့စ်တွေပါလားကွယ်)