Wednesday, March 11, 2009

အမြန်လမ်းမပေါ် ခဏတာ

ပုလုကွေးလေး မြန်မာပြည် ပြန်တော့ ဘယ်ရောက်ခဲ့လဲဆို ဟီးဟီး ဘယ်မှထွေထွေထူးထူး မသွားဖြစ်ခဲ့ဘူး။ ပထမတော့ ပါကြီး၊ မာမီ၊ မကြီး(ကျတော့ရဲ့ တစ်ဦးတည်းသော အစ်မ) အပါအဝင် အိမ်က ကလေးတွေနဲ့ အားလုံး ချောင်းသာသွားပီး ဂျလန်း ဂျလန်းလုပ်ဖို့ စီစဉ်ထားပေမဲ့ မကြီး ကျန်းမာရေးကြောင့် မသွားဖြစ်ခဲ့ဘူး။

တနေ့တော့ ပုလုကွေးတို့ အိမ်နဲ့နီးတဲ့ အမြန်လမ်းကို ပါကြီးက သွားမယ်ဆိုတာနဲ့ ပုလုကွေးလဲ လိုက်ခဲ့တယ်။ အမြန်လမ်းတလျှောက်ပုလုကွေးလဲ ဓါတ်ပုံတွေ ရိုက်နိုင်သလောက် ရိုက်ခဲ့တယ်။ အဲ့ ဒီအမြန်လမ်းမှာ ပုလုကွေး အချစ်ဆုံး ဒီကောင်ကြီးလဲ အရင်က အလုပ်လုပ်ခဲ့ဘူးတယ်။ ခုတော့ ပုလုကွေးတို့အိမ်မှာ ဒီကောင်ကြီး မရှိတော့ပေမဲ့ ဒီကောင်ကြီးရဲ့ အစ်ကိုတွေ ညီတွေကတော့ အလုပ်လုပ်တုန်းဗျ။ (ဒီကောင်ကြီး အကြောင်းကို မသိသေးရင် ဒီမှာဖတ်ပေးပါနော်)
ဒါက အမြန်လမ်းမ မရောက်ခင် အမြန်လမ်းမနဲ့ လက်ရှိရန်ကုန်မန်လေး ဆက်သွယ်ပေးမဲ့ ဖြတ်လမ်း
ဒါကတော့ တံတားပေါ်က အမြန်လမ်းမနဲ့ တံတားအောက် ကျေးရွာချင်းဆက် လမ်းတွေ (အမြန်လမ်းမပေါ်ကနေ ဘယ်လမ်းမှပေးမဖြတ်ဘူး လမ်းအောက်ကပဲ တံတားပုံစမျိုးဖောက်ထားတယ်)


အမြန်လမ်းမ ပေါ်ရောက်ပါပီ
လမ်းတွေက ဟောဒီလိုမျိုး ဖြူးနေတာပဲ
ဘိလပ်မြေဖျော်စက်တဲဗျ (အဲဒီလို စက်မျိုး ဆယ်မိုင်မှာ တစ်လုံးရှိတယ်)
ဒါက ဝါးကတုတ်ဆည်ဗျ (လမ်းမှာ ဒါးက ဆည်လဲတွေ့ခဲ့သေးတယ်)
လှမ်းမြင်နေရတဲ တောင်ဂုံးဘေးက နီနီ အဆောက်အဦးတွေက အမြောက်တပ်ဆိုပဲ
(လေးကြောင်းအရံတပ်လား အမြောက်တပ်လားမမှတ်မိတော့ဘူး)
ဆီဆိုင်တွေလဲ ဆောက်ပေးထားတယ်ဗျ
ဒါက တော့ အပြန်ပေါ့ဗျာ
--------------------------------------------------------------------

4 comments:

သက်ပိုင်သူ said...

ဘယ်နေရာတွေလည်းဗျ

Anonymous said...

ပဲခူးအလွန် ၁၀မိုင် ...ရန်ကုန်-မန်းလေး- မော်လမြိုင်-ဇောင်းတူ လမ်းဆုံကနေ ဇောင်းတူဘက်(ဘောနတ်ကြီးလမ်းခွဲ)ကို ချိုးသွားရင် အဲဒီလမ်းပေါ်ရောက်ပါတယ်။ အဲ ရန်ကုန်ကနေလာရင်လဲ အင်းတကော်နားမှာ က အမြန်လမ်းရဲ့ လမ်းအစပါ။ အခုကျတော့ပုံတွေက ဘောနတ်ကြီးလမ်းခွဲကနေ စပီး ရိုက်ထားတာပါ။

Anonymous said...

ပဲခူးအလွန် ၁၀မိုင် ...ရန်ကုန်-မန်းလေး- မော်လမြိုင်-ဇောင်းတူ လမ်းဆုံကနေ ဇောင်းတူဘက်(ဘောနတ်ကြီးလမ်းခွဲ)ကို ချိုးသွားရင် အဲဒီလမ်းပေါ်ရောက်ပါတယ်။ အဲ ရန်ကုန်ကနေလာရင်လဲ အင်းတကော်နားမှာ က အမြန်လမ်းရဲ့ လမ်းအစပါ။ အခုကျတော့ပုံတွေက ဘောနတ်ကြီးလမ်းခွဲကနေ စပီး ရိုက်ထားတာပါ။

JulyDream said...

ခက်တာပဲ သားရယ်...
ဘယ်ကနေ ဘယ်ကို သွားမှန်း မသိ။ အမြန်လမ်း ဆိုတာပဲ ရေးထားတော့ ဘယ်လိုလုပ်ပြီး သိရမှာလဲကွဲ့။ စာလာဖတ်တဲ့သူတွေ အကြားအမြင်များ ရနေတယ် မှတ်နေသလားနော်။