Sunday, March 29, 2009

ဝါသနာ

ပုလုကွေး ဘာဝါသနာပါလဲဆိုတော့ စာဖတ်တာ အရမ်းဝါသနာပါတယ်ဗျ။ ဒါပေမဲ့ တက်ကျမ်းတို့၊ သိုင်းစာအုပ်တို့ ဘာတို့ကိုလုံးဝ မဖတ်ဘူး။ တော်တော်များများသော အချစ်ဝတ္ထုတွေကိုလဲ မဖတ်ဘူး။ အကြိုက်ဆုံး ဂျာနယ်နဲ့ မဂ္ဂဇင်းတွေက the voice weekly ၊ living color magazine နဲ့ အရင်က ဓန ….etc ။ မိုးအေးအေးမှာ စာအုပ်လေး တစ်အုပ်နဲ့ အိပ်ယာပေါ်မှာ ကွေးခဲ့တဲ့ ဟိုတစ်ချိန်ကို သတိရမိတယ်။

နောက်ပီး ကွန်ပျူတာကို ဖျက်ရမယ်ဆို လဲ အရမ်းဝါသနာပါတယ်။ သူများ ကွန်ပျူတာ တစ်ခုခုဖြစ်လို့ ပျင်ရမယ်ဆိုလဲ အလကား ပြင်ပေးတယ်။ လိုအပ်ရင် ဘတ်ကတ်လုပ်ဖို့ စီဒီတောင် စိုက်ပေးသေးတယ်။ ဒါပေမဲ့ ကွန်ပျူတာ ပြင်တာ ကတော့ သူများတွေလို စနစ်ကျကျလေ့လာထားတာ မဟုတ်တော့ အရမ်းကြီး တော့မကျွမ်းဘူးဗျ။ ဆီပျောက် မီးပျောက်လောက်တော့ရပါတယ်။ သူများစက်ကို မပြင်ရရင် ကို့ကွန်ပျူတာကို ကလိနေတယ်။ ဒါကြောင့် ကျတော့ ဟာလူးလေးဆို ဝယ်တာ တစ်နှစ်မပြည်သေးဘူး ဖောမတ်ရိုက်တာ ၅ကြိမ်လောက်ရှိပီ။ ဟဟ။

နောက်ပီး ဆော့ဝဲလ် တွေ စုတာ ဝါသနာပါတယ်။ ဘယ်က အလကား ရမလဲ။ ဘယ်လို ဒေါင်းကမလဲဘဲ ချောင်းနေတာ။ နောက်တစ်ချိန်တော့ ရန်ကုန်မှာ ဆော့ဝဲလ်သူခိုးဆိုင်ကြီး ပြန်ဖွင့်မယ်။ အခုလို ခေတ်ပျက်တုန်းပဲ ဆိုရင်ပေါ့လေ။ (ဟုတ်တယ်လေ ခေတ်ကောင်းရင် ကော်ပီရိုက်တွေ ကော်ပီလက်ဖ် တွေနဲ့ ညိကုန်မပေါ့)။

ကဲဘာဝါသနာပါသေးလဲ … အခုလောလောဆယ် စဉ်းစားမိတာ ဒါအကုန်ပဲဗျ။ ကဲ အသက် လို့ ကျတော်ခေါ်တဲ့ သက်ပိုင်သူ ရေ ကျေနပ်တော့နော်….။ ဘယ်သူကိုမှလဲ လက်မလွှဲတော့ဘူး။

4 comments:

thetpaingthu said...

ဟောဗျာ … တခြားဝါသနာတွေလည်း ရှိသေးတယ်။ ပြောဦးလေ။ မသိတာလိုက်လို့။ ဟီးဟီး။ ကျွန်တော့ကွန်ပျူတာလေးလည်း အချိန်အနေ မကောင်းဘူး တစ်ရက်လောက်တော့ လာကလိပေးဥိး

တောင်ပေါ်သား said...

သေချာတယ် ဒါကြောင့် ပုလုကွေးဖြစ်တာ (မိုးအေးအေးဆို ကွေးတာကိုး) ဟီးးး အကိုရေ ဆိုင်ဖွင့်ရင်ပြောနော့် ကျနော်လဲ ရှယ်ယာဝင်ချင်တယ်


လေးစားလျက်
တောင်ပေါ်သား

Rita said...

ပြန်ဖြစ်တုန်းက မြင်ခဲ့ရသလောက်ဆိုရင်တော့ ခေတ်က တောက်လျှောက်ပျက်ဦးမှာ... ကိုယ်တောင် ခေတ်ပျက်သူဌေး ရက်ဒ် ဘတ်တလာအကြောင်း ရှာဖတ်မလို့။

စိတ်ကူးထဲကအတိုင်း ဆိုင်ပြန်ဖွင့်တော့မယ် ဆိုရင်တော့ ရာထူးလေး တစ်နေရာလောက် ချန်ထားပေးပါ။
CEO ပေါ့။

sonata-cantata said...

over 40 ဆိုရင်ကော ဆိုင်မှာ အလုပ်ခန့်ပါဦးမလား သိလိုပါတယ်ချင့်