Tuesday, April 7, 2009

သင်္ကြန်မှာ မကဲတက်ပါ

ကျတော် သူများတွေလို သင်္ကြန်မှာ မကဲတက်ဖူးဗျ….

သင်္ကြန်ဆိုတာ ကျတော့ အတွက် သာမန် အချိန်ထက် အနည်းငယ်ပိုထူးတာက လွဲလို့ ဘာမှတော့ ဆန်းကြယ်ကြီး မဟုတ်ပါ။ ဒီအချိန်ဆို ဟိုမှာတော့ သင်္ကြန်သီးချင်းသံတွေ ဟို ဟို ဒီဒီ လွင်မျောနေပီး သင်္ကြန်ရနံလေးကို ခံစားမိနေမှာပါ။ ကျတော့လို တိုင်းတပါး ရောက်တွေ အဖို့ကတော့ အားရက်မှာသင်္ကြန်သီချင်းလေးဖွင့်၊ နားချိန်မှာ သီချင်းလေးနားထောင်ရင်း အလွမ်း ဖြေနေရတာပေါ့။
(၁) အရင်မြန်မာပြည်တုန်းကဆိုရင်လဲ သင်္ကြန်ဆိုရင်ဲ ဟိုဟို ဒီဒီ သိပ်လည်လေ့မရှိဘူး။ အိမ်မှာ စာအုပ်တစ်အုပ်ဖက် သူများတွေကဲတာကို အိမ်ထဲကနေ ထိုင်ကြည့်နေတက်တယ်။
 
(၂) တစ်ခါတလေ သယ်ရင်းတွေနဲ့ ရန်ကုန်တက်ကဲတာပေါ့။ ကားငှားပြီး မနက်ဖက် ၇နာရီလောက်ကနေ ပဲခူး ကထွက်ရင် ရန်ကုန်ကို ၈နာရီဆို မြို့ထဲကိုရောက်ပီ။ ကျတော်တို့အုပ်စုက မစွံတော့ မိန်းကလေး သယ်ရင်းမရှိရှာဘူး။ (မလိုက်ရဲတာလဲ ပါမပေါ့) ဒါကြောင့် မိန်းကလေးတွေ ပါအောင်ကြံရဖန်ရတာပေါ့။ အဲဒီလိုနဲ့ ရန်ကုန်မှာ တစ်နေကုန်ကဲပေါ့။ နေ့ခင်းနေလည် တိုက်ခန်းပြန်နှပ်။ ညနေစောင်း ၃နာရီလေးနာရီ ပြန်ထွက်ကဲ။ အဲ ၆နာရီလောက်မှ ပဲခူးပြန်ကြတာပေါ့။ တစ်ချို့ကလည်း ရန်ကုန်က အပြန် ပဲခူးရောက်ရင် အိမ်တန်းပြန်ကြ။ တစ်ချို့ကလဲ တစ်ချို့ကလဲပေါ့ဗျာ…။
(၃) တစ်ချို့နှစ် တွေမှာတော့ ကျတော့ စီးတော်ယာဉ် ဆိုင်ကယ်လေးနဲ့ ပဲခူးတစ်ပတ် ပတ်။ သူများတွေကဲနေတာကို ဘေးကနေကြည့်။ ဆိုင်ကယ်လေးနဲ့ ပဲခူးတစ်ပတ် ပြဲပြဲစင်အောင် သွားပေါ့။ ကျတော်တို့ ပဲခူးကလည်း လည်ပတ်စရာ များများစားစားမှ မရှိတာ။

 
(၄) တစ်ခါတလေ ပါးပါးမားမားတို့နဲ့ လည်ပါတယ်။ အိမ်က Mighty X ကားပေါ်မှာပီပါတင်။ မောင်နှမ ၃ယောက် နဲ့ သယ်ရင်းတွေကို ခေါ်ပီး ပဲခူးတစ်ပါတ် ပါတ်ပေါ့။ ပါးပါး မားမားးကတော့ ရှေ့မှာပေါ့။ ကျတော်တို့က မောင်နှမတွေနဲ့ သယ်ရင်းတွေကတော့ နောက်ဘက်မှမှာပေါ့ဗျာ။
ကျတော်က သူများတွေလို ပိတောက်ကို မနှစ်သက်ဖူး။ အဲ လေထဲမှာ သင်းသင်းလေးရတဲ့ ပိတောက်ပန်း ရနံ့ကိုတော့ နှစ်သက်မိပေမဲ အရမ်းကြာလာရင်ခေါင်းမူးလာရော။ ဒါကြောင့် ကျတော် ပိတောက်ပန်းကို မကြိုက်ဘူး။ အိမ်မှာ ပိတောက်ပန်းကို ဘုရားတင်ထားရင် အဲဒီနေ့ ကျတော် စိတ်ရှုပ်ပီ။ ဒါပေမဲ့ မာမီတို့ ဘုရားတင်တာကိုတော့ မကန့်ကွက်ဘူးပါဘူး။ (ငရဲကြီးမယ်လေ..မသိသလိုပဲ နေပီး ဘုရားခန်းနဲ့ ဝေးဝေးနေတာပေါ့..တော်သေး ပိတောက်ပန်းက တစ်ရက်လောက်ပဲ ခံလို့)။ ငုဝါပန်းလေးတွေကိုတော အပင်ပေါ်မှာ ရှိနေရင်တော့ ချစ်တယ်။
Conclusion အဲ…..ဒီနှစ် ကျတောရဲ့ သင်္ကြန်အစီအစဉ်လား။ ကျတော် ပြောပါကော သူများတွေလို သင်္ကြန်မှာ မကဲတက်ပါဘူးလို့။ အိမ်မှာပဲ အေးအေးဆေးဆေး နေမှာလားဆိုတော့ အဲဒါလဲ မဟုတ်သေးဘူးဗျ။ ဒီနှစ်တော့ တိုက်တိုက်ဆိုင်ဆိုင် စလုံးမှာ ပိတ်ရက် ၃ရက်ဆက်တယ်။ မြန်မာပြည်မှာ သင်္ကြန်က 13 ရက်နေ့မှ စကြိုမှာဆိုပေမဲ့ ကျတော်တို့ စလုံးမှာက ပိတ်ရက် ကတည်းက ကဲကြမပေါ့။ သောကြာနေ့လား အိမ်မှာပဲ လုပ်စရာရှိတဲ အိမ်အလုပ်လုပ်မယ်။ ညနေတော့ သယ်ရင်းတွေနဲ့ သင်္ကြန် အကြိုနဲနဲပါးပါးမော့မယ်ပေါ့။
စနေနေ့ (၁၁ ရက်နေ့) ကြရင်တော့ ကျတော်တို့ အာအိုင်တီ (RIT) သင်္ကြန်ပွဲ ကိုညနေ ၄နာရီ ခွဲကနေ ည ၉ အထိ သွားမယ်ပေါ့ဗျာ။ အာအိုင်တီ (RIT) သင်္ကြန်က Kreta Ayer People's Theatre မှာပါ။ 

 အဲ 12ရက်နေ့ တနင်္ဂနွေနေ့ မနက်ဘက် ဘုန်းကြီးကျောင်းသွားမယ်။ နေလည်ကနေ ညဘက်အထိ ကတော့ peninsula Plaza ရှေ့က Esplanade THeatre ရှေ့မှာရှိတဲ့ m1 သင်္ကြန်မှာ ရှိပါမယ်။


အဲ ၁၃ရက်နေ့တော့ ရုံးပြန်တက်ရမယ်..ကွိကွိ..။

ကျတော် ပြောပါကော သူများတွေလို သင်္ကြန်မှာ မကဲတက်ပါဘူးလို့။

ရခိုင် သင်္ကြန်သီချင်းလေးတွေ လက်ဆောင်ပေးမလို့ဗျ..နားထောင်ကြည့်ပါဦး..သီချင်းနာမည်က လောင်ဘော် ပါ။ thingyan lottery
                     ပန်းနံသာ

7 comments:

mgnge said...

အကိုပြောမှပဲ
2007 သင်္ကြန် တုန်း က အကျက်နေ့ ဘုန်းကြီးထွက် ပြီး
ကတုန်းကြီးနဲ့ ..ဆိုင်ကယ်စီးပြီးလိုက်ကဲ တာ..လပ်ပြာကန်ရောက်တော့ ခေါင်းတောင်အရေခွဲလန်ချင်သွားတယ်။။။

သတိရသွားပြီ:(

mgnge said...

ရခိုင်သင်္ကြန်သီချင်းနှစ်ပုဒ် ယူသွားပါတယ် အကို..။
ရခိုင်မှာတစ်နှစ်လောက် နေဖူးတော့ ကြားဖူးတဲ့သီချင်း လေး မို့ လို့ ပါ..။
ကြိုက်လည်းကြိုက်တယ်လေ

ZT (TGO) said...

ko pulu
ဒီအချိန်ရောက်ရင်...ဒိုအသဲလေးရေဆေး....................
ရည်းစာအသစ့်ရရှိနိုင်ရေ...........
မမြင်ချင်ယောင်ဆောင်နဲနော.....

မသက်ဇင် said...

ပုလုကွေးရေ---
သတိတရတော့ရှိသား---
ပျောက်ချက်သားကောင်းနေပါလားလို့လေ---
စာတွေ လာဖတ်ရင်း အမေမြေကိုလွမ်းတယ်--
သင်္ကြန်ကိုလွမ်းတယ်--
ပိတောက်ကို လွမ်းတယ်ကွယ်--၏
အရာရာကို လွမ်းနေတယ်--
ပျော်ရွှင်ပါစေ---

megumi said...

မကဲလို့ပေပဲ။ ဟ ဟား၊ ဟ ဟား။ :P :D :)

Sein Lyan Tun said...

ဟွင့်..မနာလိုဘူး..မနာလိုဘူး..
သူတို့ ကပျော်ကြတော့မယ်ဒီအပတ်မှာပေါ့လေ

Anonymous said...

တော်သေးတာပေါ့ မကဲတတ်ပေလို့ပဲ ကဲများကဲတတ်ရင် ဟင်း... လိုက်ဖမ်းလို့တောင်
မိပါ့မလားမသိ