Friday, April 24, 2009

PRC---P=paris, R=Russia and C =china

ပုလုကွေးတို့ အိမ်မှာ ကုန်ကားစထောင်ခါစ အချိန်က ၁၉၉၀ ပတ်ဝန်းကျင်ပေါ့။ အဲ့ဒီအချိန်တုန်းက အခုလို nissan ..PE,UD တို့လို ဆယ်ဘီး၊ ဆယ်နှစ်ဘီး ကားတွေ မရှိသေးဘူး။ အဲ့ဒီအချိန် တုန်းက DODGE(ဒေါ့ဂျစ်-ခွေးရုပ်)၊ GMC ။ TE တို့ပဲရှိသေးတာလေ။
အဲဒီအချိန်တုန်းက စက်ပစ္စည်း က ရှားပေမဲ့ တကယ် အစစ် အမှန်ကားပစ္စည်းတွေကို သုံးခဲ့ရတယ်။ သူတို့အခေါ် ပီနန်ကျ လို့ခေါ်ပါတယ်။ ကားတာယာဆိုလဲ တကယ်ကောင်းတဲ့ BRIDGESTONE၊ KUMHO ၊ HANKOOK စတဲ့တာယာတွေကို သုံးခဲ့ကြတာပေါ့။ တာယာတွေ ဘယ်လောက်ကောင်းသလဲဆို ပန်းပါးပီး ကြိုးပေါ်တဲ့ အထိ သုံးလို့ရတယ်လေ။ အဲ တာယာပန်း..ဆိုတာက ဘီးရဲ မျက်နှင်ပြင် ရာဘာသား ကိုခေါ်တာပါ။ သူအောက်မှာ တာယာခိုင်မြဲအောင် နိုင်လွန်ကြိုး၊ ဒါမှမဟုတ် စတီးကြိုးတွေကို ကွန်ယက်သဖွယ် ယှက်ပီး ရာဘာသားထဲ မြုတ်ထားပါတယ်။
နောက်ပိုင်းခေတ်တွေ ပြောင်းလာတော့ တကယ်ပစ္စည်း အစစ်တွေဟာ ရှားလာတယ်။ သူတို့နေရာမှာ တရုတ်ပစ္စည်း တွေနေရာယူလာကြတယ်လေ။ တရုတ်ဆိုတဲ့အတိုင်း ဈေးသက်သာပေမဲ့ ရေရှည်ခိုင်ခံမှုမရှိဘူးလေ။
ကားတာယာမှာလဲ တရုတ်တာယာတွေ နေရာယူလာကြတယ်။ ဒါပေမဲ့တရုတ်တာယာ အများစုက မြန်မာပြည်လမ်းရယ် ကုန်ချိန်ရယ်ကို မခံနိုင်ဘူး။ ဒါကြောင့် တရုတ်တာယာတွေဟာ တအုံးအုံးနဲ့ ကွဲတာပေါ့။ ကားသမားတွေကလဲ တရုတ်တာယာကို သုံးဖို့ဝန်လေးနေကြတယ်။ Made in China ဆိုဝေါင်ဝေါင်းရှေးကြသဗျ။ ကားသမား စကားနဲ့ပြောရရင် အုံးကခနဲဆိုးပြီးမြည်တဲ့အသံဟာ အုံနာရင်ဘက်ထဲမှာလဲ အုံးခနဲနဲ့ကွဲတဲ့ အတိုင်းပဲတဲ့ခင်ဗျ။ အုံနာလဲ ရင်မကွဲဘဲ ခံနိုင်ရိုးလား။ တာယာတစ်လုံးကို သိန်းချိရှိနေတာကိုး။
နောက်ပိုင်း လူတွေက တရုတ်တာယာကို သုံးဖို့ဝန်လေးနေကြတော့တာပေါ့။ မကြာပါဘူး တရုတ်ဘက်ကနေ Made in PRC ဆိုပီး တာယာတွေ ဝင်လာတယ်ခင်ဗျ။ ကားသမားတွေကလည်း တရုတ်တာယာမဟုတ်ဘူးဆိုပီး ဝယ်သုံးဖို့စဉ်းစားကြတယ်ခင်ဗျ။ ဘုရင်ပွဲရုံက အရောင်းတော်တွေကလည်း ရှင်းပြတယ်လေ။ Pဆိုတာ Paris (ပြင်သစ်) R ဆိုတာ Russia C ဆိုတာ china ပေါ့။ အရောင်းတော်တွေက ပြင်သစ်နဲ့ရုရှနည်းပညာသုံးပီး တရုတ်လမ်းကြောင်းက ဈေးသက်သာလို့ တရုတ်ဘက်ကနေဝင်တာပေါ့။ မြန်မာနိုင်ငံက ကားသမားတွေကလဲ ဟုတ်လောက်ပါတယ်ဆိုပီး ဝယ် သုံးကြတယ်ခင်ဗျ။ နောက်မကြာပါဘူး မြန်မာနိုင်ငံက လမ်းတွေပေါ်မှာ Made in PRC တာယာတွေ တအုံးအုံးနဲ့ ပွင့်တော့တာပါပဲ။။ ကားသမားတွေ မသိတာက PRC ဆိုတာ People's Republic of China ဆိုတာကိုပါပဲဗျာ။။

6 comments:

Anonymous said...

မှတ်သားသိရှိသွားပါတယ်. made in PRC. :D

megumi said...

ဟ ဟား၊ ဂလိုကိုး။ :P :D :)

mgnge said...

ဟဟ
နယ်သားရ ဖြစ်ရမယ်..။
အဲ့ဒါကို ၀င်းဇေါ်ကိုသွားပြောပြလိုက်ဦးမယ်.။
သူ လည်း လက်ရှိကားသမားဆိုတော့..။

ဂျပန်ကောင်လေး said...

အဟားဟား... ပိုင်ပါပေ့ဗျာ....း)

တောင်ပေါ်သား said...

အဟား လူလိမ် မြန်မာကွ
ဒါ ဒို့ဗမာကွ ပြောတော့ဘူး ဟင်းးးးးးးး



လေးစားလျက်
တောင်ပေါ်သား

Anonymous said...

အင်.. မှတ်သားလောက်ပါပေတယ်ဗျာ..
အဲဒီလောက်တောင် ဆိုးနေပြီလား.. ကစလ
တာယာလေးပြောင်းသု့းပေါ့ဗျာ ..အဟီ