Monday, April 13, 2009

စနေနေ့က ပုလုကွေးတို့ ကျောင်းပွဲ (rit,yit,ytu,ptu,mtu ..thingyan) ကို ချီတက်ကြတယ်ခင်ဗျ။ သိတဲအတိုင်း အစဉ်အလာကြီးမားတဲ့ ကျောင်းတော်ကြီးရဲ့ ပွဲဆိုတော့ ပုလုကွေးတို့လို နောက်ဆုံးမျိုးဆက် တွေပျော်ရွှင်စွာနဲ့ပဲ နှစ်တိုင်းတက်ရောက်ဖြစ်ပါတယ်။
ဒီနှစ်မှာထူးခြားတာက ကျောင်းသင်္ကြန်ပွဲကို စွယ်တော်ရိပ် သင်္ကြန် ၂၀၀၉ ဆိုပီးတရားဝင်ခေါ်တွင်သွားပါတယ်။မနှစ်က ပွဲက ntuc building မှာလုပ်တာခင်ဗျ။ မနှစ်ကတော့ မှတ်တမ်းကို သယ်ရင်း တောင်ငူသား ကင်မရာနဲ့ပဲ မှတ်တမ်းတင်ခဲ့ရတယ်။ အဲသူ ကင်မရာနဲ ရိုက်ပီး ကျတော် youtube မှာတင်ထားတာက t-square ယိမ်းပါ။ t square ယိမ်းက ဒီမှာကြည့်ပါနော်..
ဒီနှစ်တော့ ကိုယ်ဖုန်းအစုပ်လေး (nokia 5800) နဲ့ ပဲမှတ်တမ်းတင်မယ်ပေါ့ဗျာ။ သယ်ရင်း တောင်ငူသား ကလည်း သူ့ကင်မရာနဲ့ သူ ရိုက်မယ်ပေါ့။ ညကတည်းက ကြိုတင်ပြင်ဆင် အားသွင်းစရာ သွင်းနဲ့ပေါ့ဗျာ..ဟော ပွဲနေ့ရောက်တော့ ယခုနှစ်ကျင်းပရာ Kreta Ayer People Theatre ကိုလဲရောက်ရော အောက်က ပုံကြောင့် ကျတော့မှာ ဟတ်ကော့ကြီးပေါ့။
ဒါပေမဲ့လဲ ပုလုကွေးလေ။ မရ ရသလို ရိုက်ခဲ့ရတယ်။ သူတို့က မရိုက်နဲ့လိုတော့တားမြစ်ထားတာပဲ။ ဒါပေမဲ့ သူခိုးနတ်ခတ် ဖြစ်တဲ့ တန်ဆောင်မုန်း မှာမွေးတာဆိုတော့ လူကသာနေတာ ပညာကမနေဘူးဗျ။ အဲ့ဒီအတွက် သက်ဆိုင်သူတွေ ခွင့်လွှတ်လိုက်မယ်လို့ ထင်ပါတယ်။ အခွေထွက်တော့လဲ ဝယ်အားပေးကြတာပေါ့ဗျာ။
ဖုန်းအစုပ်လေးနဲ့ အဝေးကနေ ဆွဲရိုက်ထားရတာမို့ အရုပ်တွေ မသဲကွဲ အသံက ပြတ်တောင်းပြတ်တောင်းနဲဗျ. သီးခံပီးအားပေးကြပါကုန်....





9 comments:

mgnge said...

လူတွေတော့ မမြင်ရဘူး... အသံတွေတော့ နားထောင် သွားတယ်...။

ဒါနဲ့ မရှင်လို့ နော်.. မေးဦးမယ်..။
ရှင်လည်း ရွာပြန် ကျွန်မလည်း ဒန် ဒန့် ဒန် ဆိုတာ ဘာ
လည်းဟင်... ကလေးဆိုတော့ နားမလည်လို့ ပါ..။ :P

WWKM said...

း)

megumi said...

မိုက်တယ်၊ ရှယ်ပဲ။
ဂျပန်က အဲလောက်ကောင်းဘူး။ ဟင့် ဟင့်။

( စကားမစပ်၊ နိုဝင်ဘာကို သိက္ခာမချကြေး။ ) :P

ပိုင်ဖြိုးကို said...

အကိုတို့က tu တွေကဆိုပြီခေါင်းစဉ်တပ်ကြတော့ ကျွန်တော်တို့ တကယ်ကိုစိတ်မကောင်းဖြစ်ကြရပါတယ်။ ကျွန်တော်တို့ကလဲ တက်ချင်လွန်းလို့ gtc ဆိုတဲ့ခေါင်းစဉ်အောက်မှာ တက်ခဲ့ရတာမဟုတ်ပါဘူး။ မလွှဲသာလွန်းလို့ပါ။ အင်ဂျင်နီယာ ဖြစ်ချင်လွန်းလို့ပါ။ ကျွန်တော်တို့လဲ ဒီပညာရေးစနစ်အောက်မှာ ရုန်းကန်ခဲ့ရတာပါပဲ။ ဒါကိုနောင်တော်ကြီးတွေက နားမလည်ပေးတာ စိတ်မကောင်းဘူး။

Rita said...

ကျေးဇူးတင်တယ် ပုလုရေ
ဒီနေ့တော့ မကြည့်နိုင်တော့ဘူး
နောက်နေ့မှပဲ

မိုးမောင်(HappyCloud) said...

ကိုပု... နှစ်သစ်မှာ ဘာညာသာဒကာတွေနဲ့ အဆင်ပြေပါစေဗျာ။ ဟိုဟိုဒီဒီလည်း လည်ပတ်နိုင်ပါစေ။ ဆော်တွေလည်း ကြည်ပါစေဗျာ။ ကျုပ်ခင်ဗျားကို စီးတီးဟောမှာ တွေ့လိုက်တယ်ဗျ။ ဆီမီနာမှာ တွေ့တုန်းကထက် ပိုခန့်လာပါ့လား ဟေး..ဟေး။

နည်းနည်းပါးပါးကြပ်တတ်တဲ့..
မိုးမောင်

ဗီလိန် said...

လေးစားလောက်ပါတယ်။ ရိုက်ချက်လေးကို :)

Anonymous said...

ဘာမှ သဲသဲကွဲကွဲမမြင်ရ မကြားရတော့ ဘာမှန်းမသိဘူး။ ဒါပေမဲ့ ရိုက်တဲ့သူတော့ ချီးကြွေးတယ်ဗျာ အဲလေ ချီးကြူးတယ်ဗျာ။
ဒီလောက်ခြေဆော့လက်ဆော့လုပ်တတ်တာ
ကိုပုကြီး ကောင်မလေးအစား ရင်လေးတယ်ဗျာ
(မလေးမလေးအောင် ခဲဆွဲပြီး ပြောသွားပါသည်)

စုချစ် said...

ကိုပုလုကွေးရေ...
လာလည်သွားပါတယ်...
နောက်လည်း လာလည်ပါ့မယ်....
း-)