Sunday, May 10, 2009

စိတ်အမှိုက်ပုံး (မေမေ့ရဲ့ စကားလက်ဆောင်)

ကျတော် စလုံးရောက်စက စိတ်တော်တော်ညစ်တယ်ဗျ။ အလုပ်မလုပ်ဖူးတဲ့ အတွက်အလုပ်ရဲ့ ဒဏ်၊ နောက်ဘာသာစကား အခတ်အခဲ(သူတို့ စင်းဂလစ် ကို ကိုယ်မှနားမလည်တာ)..အဲဒီလို စိတ်ညစ်ရင် မျက်နှာကြီးကို ဆူပုတ်နေတာပဲ။ စိတ်ညစ်လာရင် မာမီဆီ ဖုန်းဆက်။ ပြောပြပေါ့။
.
မာမီကကျတော့်ကို အမြဲဆုံးမတာက “စိတ်ကို အမှိုက်ပုံးလို မကျင့်နဲ့တဲ” ..ဟုတ်တယ်ဗျ. အမှိုက်ပုံးဆိုရင် လူတွေက အမှိုက်ပဲ လာပြစ်ကြမှာလေ။ ဘယ်သူက အကောင်းလာပြစ်မှာလဲ။ စိတ်ကိုလဲ အမှိုက်ပုံးလို ကျင့်ရင် အမှိုက်တွေပဲ လာရောက်တော့မပေါ့။ အကောင်းတွေ လာရောက်တော့မှာမဟုတ်ဘူး။ အဲဒီတော့ စိတ်ဟာ ရှုပ်သထက် ရှုပ်သွားပီး နောက်ကျိကာ အတွေးကောင်းတွေ ဝင်လာတော့မှာမဟုတ်တော့ဘူး။
.
အခုနောက်ပိုင်းတော့ ကျတော် စိတ်ကို မညစ်အောင်တက်နိုင်သမျှ ထားတယ်။ ကျတော် စိတ်ရှုပ်လာရင် စိတ်ညစ်စ၇ာ ကြုံလာတဲ့ အခါ ဘာလုပ်သလဲသိလား။ ကျတော် သီချင်းတွေ အော်ဆိုတက်တယ်။ နည်းနည်းစိတ်ညစ်စရာ ကြုံလာတဲ့အခါ သီချင်းတွေ အော်ဆိုလိုက်တယ်။
.
မားမားကတော့ သူလဲတစ်ခါတစ်ခါ စိတ်ရှုပ် စိတ်ညစ်ပါတယ်တဲ့။ မားမား စိတ်ညစ်တဲ့အခါ စိတ်မကြည်တဲ့ အခါ ဘာလုပ်လဲဆိုတော့ ဘုရားစာတွေ၊ ဂုဏ်တော်တွေ၊ ပရိတ်တွေကို အသံထွက်ပီး ရွက်ဖတ်ပါသတဲ့ဗျား….
.
အဲဒီတော့ ခင်ဗျားတို့လည်း စိတ်ကို အမှိုက်ပုံးလို မကျင့်ပဲ နေကြရအောင်လားဗျား။ စိတ်ညစ်တဲ့ အခါ၊ စိတ်ရှုတ်နေတဲ့အခါ ကျတော့်လို သီချင်းဆိုချင်ဆို ဒါမှမဟုတ် မာမီလို့ ဘုရားစာတွေ အသံထွက်ရွက်ပီး စိတ်လေးကို ဖြူစင်အောင် ထားနိုင်ကြပါစေ။
.
(မှတ်ချက်။ စိတ်ကို အမှိုက်ပုံးလို မထားနဲ့ ဆိုတဲ့ စကားလုံးလေးဟာ ဆရာမကြီးဒေါ်ခင်စောတင့် ရေးတဲ့  စာအုပ်လေးထဲက စကားလုံးလေးတွေဖြစ်ပါတယ်)

8 comments:

Rita said...

မျှဝေတာ ကျေးဇူးတင်ပါတယ်။ အမှိုက်ပုံးလို မကျင့်ဘဲ မုန့်ပုံးလိုပဲ ကျင့်တော့မယ်နော်။ ဒါမှ အရသာ ရှိတဲ့ မုန့်တွေရောက်လာမှာ။
:)

ဒီစကားလေး အတွက်တော့ ကျေးဇူးတင်ပါတယ်။

သက်ပိုင်သူ said...

ကောင်းတဲ့ စကားလေး.. မားမားကို တောင် တွေ့ချင်သွားပြီ.. အဟီး

မြူးသျှရီ said...

မားမားကိုတောင်တွေ့ ချင်သွားပြီဆိုတော့
အရင်ကမတွေ့ ချင်ခဲ့ဖူးလားဟင်?
အရင်ဆုံးပဲ.နောက်လိုက်မိပြီဆေားရီး

JulyDream said...

မျက်နှာကြီး ဆူပုတ်ထားတတ်တယ်ပေါ့။ လှလည်း မလှပဲနဲ့ကွာ။ ဆူပုတ်ထားရင် ပိုဆိုးသွားမှာပေါ့။

အဲဒါကြောင့် ပုလုကွေး မာမားက အဲဒီလိုမျိုး ဆုံးမတာ။ မဟုတ်ရင် ဒီတစ်သက် မိန်းမရမှာ မဟုတ်တော့လို့တဲ့။ သူ့သားအကြောင်း သူသိတယ်လေ။

=P

တောင်ပေါ်သား said...

အကိုရေ အကိုမားမားရဲ့ စကားလေး နားထောင်ပြီး လေ့ကျင့်ကြည့်ဦးမယ်..

လေးစားလျက်
တောင်ပေါ်သား

Anonymous said...

မှတ်သားစရာပါပဲဗျာ.. ဟုတ်တယ်ဗျ.. မှန်တယ်

Anonymous said...

Nice quote.
Ur mom must be a great mom.
Thanks for sharing...

နွေးနေခြည် said...

စိတ်ညစ်ရင် တရားနာလိုက်တယ်
ရောက်စကတော်တော် ဒဏ်ခံလိုက်ရတယ်။ ရူးမတတ်ပဲး(