Friday, May 15, 2009

အချစ်ပန်း သုံးပွင့်




ပထမ အချစ်မှာ
ကျဆုံးတော့
ဒုတိယ အချစ်မှာ
နံလံထူဖို့ ကြိုးစားခဲ့တယ်။

နလံထူဖို့ ကြိုးစားနေဆဲ
ခြေထိုးခံတဲ့ သူကြောင့်
ဒုတိယ အချစ်မှာ
ငါဟာ ပြိုလဲခဲ့တယ်။

ပြိုလဲခဲ့တဲ့ ငါအချစ်နံရံကို
ထူမတ်နိုင်ဖို့ တတိယ အချစ်ကို
လက်တွဲဖို့ ကြိုးစားခဲ့တယ်..

ကမ်းလင့်ဖို့ ကြိုးစားနေတဲ့
ငါ့လက်တွေဟာ လမ်းတစ်ဝက်မှာပျောက်ဆုံးခဲ့တယ်
သူ့ရဲ့လက်ဟာ တစ်ပါးသူနဲ့
ယှဉ်တွဲခဲ့တာ အချိန်သုံးနှစ်
ကြာမြင့်ပီတဲ့။

အိုမေမေ…
သားဘာဆက်လုပ်ရမလဲ
အချစ်ဆိုတာ သကြားအုပ်ထားတဲ့
ဗီတာမင်ဆေးလိုပါပဲလား
အပြင်းပန်းက ချိုသာပေမဲ့
တကယ်တမ်းတော့ ခါးသက်လွန်းလှတယ်လေ၊
အိုမေမေ
ကျတော်လေ တစ်ကိုယ်ထဲ
ရွက်လွှင့်ဆဲပေါ့….။

(ဆယ်နှစ်ကြာအောင် ပျိုးခဲ့ရတဲ့ ခါးသက်လှတဲ့ အချစ်ပန်းသုံးပွင့်ကို ကဗျာတစ်ပုဒ် အနေနဲ့ သီးကုံးလိုက်ပါတယ်။ အဲ..ဒါဟာ ကဗျာလို့ မဆိုနိုင်ဘူးထင်တယ်နော်။ စာစုလေးတွေပေါ့ဗျာ...)




------------
ပုလုကွေး
------------

8 comments:

တောင်ပေါ်သား said...

အချစ်အချစ် ထူးဆန်း၏
ဆယ်စုနှစ် တစုတောင် ပျိုးခဲ့ရတာ မလွယ်ပါဘူး အကိုရေ...


လေးစားလျက်
တောင်ပေါ်သား

WWKM said...

အယ်..တောင်ပေါ်သားက ဒီလိုမျိုးဆို လက်သွက်သား.
း)
၃ပွင့်နဲ့ အဆင်မပြေရင်လည်း ၄ပွင့်ပေါ့ ပုလုကွေးရေ..
ကြိုးစားထားးးးးးး :D

:P said...

စတုတ္ထအချစ်ကို စောင့်စားပါ/ ရှာဖွေပါ..။

ဖိုးသင်္ကြန် said...

အီး...ဘဝတူတွေပါလား။ ပဲခူးသားတွေ အချစ်ရေး ကံမကောင်းတာ တကယ်လားမသိဘူးနော်။
(ကျွန်တော်ကလည်း ဆေးရုံကြီးမှာမွေးတဲ့ ပဲခူးသားစစ်စစ်ဗျို့။)

သက်ပိုင်သူ said...

မြရေလျဉ်က ပြောဘူးတယိ.. အချစ်ဆိုတာ ဘက်စ်ကားနဲ့ တူတယ်တဲ့ .. ထွက်သွားတဲ့ ဘက်စ်ကားကို ပြေးလိုက်ပေမယ့် မှီနိုင်မှာ မဟုတ်ဘူးတဲ့ .. အဲဒီတော့ နောက်တစ်စီးထပ်စောင့်ပေါ့တဲ့. ဟီး ဟီး..
ကိုကိုဂွေးလည်း နောက်တစ်စီးထပ်စောင့်ရေ.. ဒီတခါတော့ ရအောက်တက်စီးနော်

Rita said...

စတုတ္ထအချစ် ပဉ္စမအချစ်တွေ ရောက်လာပါလိမ့်မယ်။ ပူမနေပါနဲ့။

mgnge said...

အချစ်ဆိုတာ ဘက်စ်ကားလို ပဲတဲ့..ထွက်သွားတဲ့ကား နောက် ပြေးမလိုက်နဲ့ ..မှတ်တိုင်မှာပဲရပ်စောင့်နေ...။
နောက်ကားတစ်စီးဆိုက်လာလိမ့်မယ် နယ်သားကြီး..။

အဆင်ပြေပါစေဗျို့ ....။

ရိုးသားတဲ့
ပဲခူးသား

Anonymous said...

စတုတ္ထ မြောက်ကြိုးစားဗျာ အောင်မြင်မှာပါ။
ယောကျာင်္းတို့ ဇွဲ..သေခါမှလျော့တဲ့ဗျ .. ဒီတော့
ဇွဲမလျော့နဲ့ ဆက်သာကြိုးစား သေချာတယ် တယောက်တော့... ဟိ.. ပြောသာ ပြောရတယ်
အတူတူပါပဲဗျာ...။