Tuesday, May 19, 2009

ဘာစားမလဲ ...ရှမ်းစာ စားမလား...

phyu22: ဟေ စနေနေ့က ဘယ်သွားနေလဲ

puluque: အွန် ..ဘယ်မှမသွားပါဘူး၊ ရုံးကိုလေ။

phyu22: ဟုတ်လို့လား။

puluque:ဟုတ်ပါတယ် ဘာလို့လဲ

phyu22: စီတီးဟော မှာတွေ့တယ်နော်

puluque: အွန်..ဘယ်အချိန်လဲ။

phyu22: ပြောဖူး သတ်..ဘာသွားလုပ်တာလဲ

puluque: ဘယ်အချိန်လဲ ပြောမှ အမှန်ပြောလို့ရမှာ ၂ခါတောင်လေ။ နေလည် ၃ နာရီ ရုံးကဆင်းပီး မန်းမန်းသွားစားတာ။ ညနေက ညီတစ်ယောက်နဲ့ ခနသွားတာ။

phyu22: မန်းမန်းက ဘယ်မှာစား…

puluque: လွိုင်နိုင်းမှာ

phyu22: လွိုင်နိုင်း ?

puluque: သိဘူးလား ဆိုင်အသစ်လေ ဖွင့်တာတောင် နည်းနည်းကြာပီး ရှမ်း အစားအစားတွေရတယ်

phyu22: သိသေးဘူး..ဘယ်နားမှာလဲ

puluque: Rolex နာရီဆိုင်မျက်စောင်းထိုးမှာ၊ မြေညီထပ်မှာပဲ…ပုံပို့လိုက်မယ် ကြည့် ရိုက်ခဲ့တာ



phyu22: ဘာအစား အစာတွေရလဲ ကောင်းလား

puluque: ရှမ်းခေါက်ဆွဲ၊ တို့ဖူးနွေး..ကောင်းတယ် ရှယ်ပဲ နောက်ပီး ရှမ်းထမင်းချဉ်…စားချင်သွားအောင် ပုံပါ ပြမယ်


phyu22:မိုက်တယ်နော်…

puluque:ရက်စ်..နောက်ပီး ငါးပေါင်း…စားမလား..ရော့



phyu22: သွားရည်တောင်ကျလာပီ


puluque: နောက်နေ့သွားစားပေါ့


phyu22:အင်း


puluque:ဆိုင် အတွင်းပိုင်း အပြင်အဆင်ကလဲ မိုက်တယ်နော် သွားကြည့်လိုက်


phyu22: ဟုတ်လား


puluque: ဟုတ်တယ် နာမည်ကြီး အာခီတက်ချာ ကိုယ်တိုင် ပြင်ဆင်ထားတယ်ဆိုပဲဗျ..


phyu22: ဟုတ်လား စိတ်တောင်ဝင်စားသွားပီ


puluque:နောက်ရှိသေးတယ် ..စားဖို့ ဝက်သားချဉ်တဲ့ ။ စားဖူးလား။


phyu22:နိုး။


puluque:မစားဖူး၇င် ပုံအရင်ကြည့် ရိုက်ခဲ့တာ…


phyu22: ဂွတ်တယ်နော်။။


puluque:ဟုတ်တယ်


phyu22:နင် ရိုက်ခဲ့တာတွေက နင်စားခဲ့တာတွေပေါ့


puluque: အင်းပေါ့


phyu22: အကုန်စားခဲ့တယ်..?


puluque: ဒီလိုပဲပေါ့ ဟ ဟ။သွားစားကြည့်လိုက်နော်


phyu22: အင်းပါ ဒီပိတ်ရက် သွားမယ်……


puluque: အိုကေပါ …c u..

(ရှမ်းခေါက်ဆွဲ . တို့ဖူးနွေး နဲ့ ဝက်ခေါင်းသုပ်ပုံတွေကိုတော့ တင်ပေးတော့ဘူးနော်.. ..)

10 comments:

သက်ပိုင်သူ said...

ဟား… ဟား…. ကိုကိုဂွေး.. လူလည်… အနော့်ကို ဒါလေးနဲ့ အချိုသတ်တာပေါ့လေ….း)
အိပ်တော့မယ်… ဂွတ်နိုက်

တောင်ပေါ်သား said...

အဟား ဒီနေ့ အပြန် ၀င်စားတော့မယ် ကျေးဇူး


လေးစားလျက်
တောင်ပေါ်သား

ဂျပန်ကောင်လေး said...

အမယ်..လက်စသတ်တော့ ဆိုင်ကြော်ငြာကိုး..း)

moekhar said...

သြော် .. ဒီလိုနည်းနဲ့လည်း နှိပ်စက်သေးတယ် ..း(

မိုးခါး

WWKM said...

ဂလု..ဂလု.. စားစရာတွေ သွားရည်ယိုသွားတယ်. ;)))

ရှမ်းထမင်းချဉ် ၊ ငါးပေါင်း ၊ ၀က်သားချဉ် ၊ တိုဖူးနွေး
အကုန်ကြိုက်...
အစ်မတို့လာရင် လိုက်ကျွေးရမယ်နော်...း)))
ထွက်ပြေးထား.. အဟတ်

Hotel မှာ family roomတော့ ကွန်ဖန်းလုပ်ထားပြီ..
ဗီဇာကတော့ ရသေးဘူး.. အဟတ်.

Rita said...

ကြော်ငြာပုံ တယ်ဆန်းပါလား။
တချက်ခုတ် နှစ်ချက်ပြတ်!

ကြော်ငြာတွေ ၀င်တာ များနေပြီနော်
ဟင်းဟင်း

Dream said...

ဟင့်..လူချိုး... ဦးဦးလူချိုး.. ရဖူုရဖူး... မက်မက်တို့ကို ဒီလို ဓာတ်ပုံနဲ့ပဲ ကျွေးလို့ ရမယ်ထင်လား... အဲဆိုင်မှာ လိုက်ဝယ်ကျွေးရမယ်...ဒါပဲ.... :P :P

Anonymous said...

ဘာပဲပြောပြော အစားအသောက်တွေ ကြည့်ပြီး သရေ ကျသွားတယ်ဗျာ။

မင်းအိမ်ဖြူ Minn Eain Phyu said...

Idea Good တယ်ဗျာ

ကျော်ညာသွားတယ် ဟာဟ

နောက်တာပါ

နိုင်ခြံဂါးပြန်ကြီး ကလည်းအင်ထုတာကိုး ပဲခူးစိန်ဟင်းနဲ့

ပျော်ရွှင်ပါစေ

နွေးနေခြည် said...

စားကောင်းတယ်... စားပွဲထိုးတော့ နည်းနည်းလိုတယ် ခဏခဏ မှာရတယ်။ ခုနောက်ပိုင်းတော့ တော်တော်လေး အဆင်ပြေလာပါပြီးး)