Thursday, May 28, 2009

နစ်နိမ်း

“သားကြီး ..” ......“ဗျာ”
“သားကြီး...”......“ဗျာာာာ”
“သားကြီး...ကြီး ...” “ခင်ဗျား....ညာ ညာ”
.

နောက်ဆုံးတော့ ကျတော် မျက်နှာချိုလေးနဲ့ ခင်ဗျာ လို့ ထူးလိုက်ရတယ်ခင်ဗျ။ မထူးလို့လဲ မရဘူးလေ။ ကျောင်းဆရာမ မာမီက ဘယ်လောက်လက်သံပြောင်တယ် ဆိုတာ ကျတော်တို့ အသိဆုံး။ အိမ်မှာ ကျတော် က အလတ်ပါ။ ကျတော့ထက် အကြီး ဘယ်သူက ခေါ်ခေါ် “ခင်ဗျား”လို့ထူးရတယ်ခင်ဗျ။ မထူးလို့ကတော့ နာပီသာမှတ်။ “သားကြီး” ဆိုတာကတော့ ကျတော့ ပါးပါး၊မားမား၊ မကြီးနဲ့ ရင်နှီးသူ တော်တော်များများ ခေါ်တဲ့နာမည်ပါ။
.
မာမီကတော့ ကျတော့ကို တက္ကသိုလ် မတက်ခင်အထိ “သားကြီး”လို့ခေါ်တယ်ခင်ဗျာ။ နောက်ပိုင်းတော့ “ဦးတော်တော်”လို့ပြောင်းခေါ်တယ်။ ဘာလို့လဲဆို ကျောက်တော်ကြီး ဘုရားရဲ့ ကျောက်တုံးတော် ဒါယကာ “ဦးတော်တော်”ရဲ့နာမည်ကို သဘောကျလို့နဲ့တူတယ်။
.
နောက်ပိုင်းကျတော့ ကျတော့ ကို “ဦးလေး”တဲ့။ ဘာလို့ဆို ကျတော်က မာမီကို ဆရာလုပ်လွန်းလို့။ အိမ်မှာနေလဲ အမြဲတမ်း ဆရာလုပ် ပူပန်နေတယ်။ ရန်ကုန်မှာနေတုန်းကလည်း ဖုန်းတစ်လုံးနဲ့ ဆေးသောက်ချိန်ဆို မာမီ ဆေးသောက်ပီးပီလား။ ရေချိုးချိန် ဆိုရင်လဲ ရေမချိုးပဲနဲ့ ထမိန်ရင်လျားကြီးနဲ့ ခြံက အပင်တွေကို ပြုစုနေမှာ၊ ခေါင်းလျှော်တာ ကြာမှာကအစ၊ ကိုယ်ဖာသာ ကိုယ် ခေါင်းငုံ့ပီး ခြေသည်းဆိုး နေမှာအဆုံး အမြဲတမ်း စိတ်ပူပီး မေးနေတော့ မာမီက သူ့ကို ဆရာလုပ်တယ်ဆိုပီး ကျတော့ကို ဦးလေးလို့ ခေါ်တယ်။ အခုထိလဲ တစ်ခါတလေ ဖုန်းထဲကနေ “ဦးလေးလို့” ခေါ်တုန်းပဲဗျ။
.
နောက် ကျတော့သယ်ရင်းတစ်ချို့က ကျတော့နာမည် အရင်းရဲ့နောက်ဆုံးစလုံး (မျိုးရိုးနာမည်)ကို ခေါ်တယ်။ “ဖြူ”
“ဖြူလေး”
“ဖြူမ”
“မိဖြူ”
လို့ခေါ်တယ်။ ကျတော်တို့မောင်နှသုံးယောက် စလုံးရဲ့ နာမည်တွေက ဖြူ နဲ့ဆုံးတယ်လေ။ အငယ်ဆုံးညီလေးကို သာ ဖြူလို့ မခေါ်တာ။ ကျတော်နဲ့ မကြီး နဲ့ကို သယ်ရင်းတွေ က ဖြူလို့ခေါ်တယ်။ ဒါကြောင့် အိမ်ကို ဖုန်းလာရင် “ဖြူ”နဲ့စကားပြောချင်လို့ဆိုရင် အိမ်က လူတွေက ဘယ်ဖြူနဲ့ပြောမှာလဲလို့မေးရတယ်။
.
နောက် ဘလော့လုပ်တော့ အများစုက ပုလုကွေးလို့ ခေါ်ပါတယ်။ တစ်ချို့ကတော့ ပုလု တဲ့။ ပုလုလေး တဲ့။ ကွတ်ကြီးဆိုတာတော့ ခေါ်တာနဲပါတယ်။ မခေါ်ရဲလို့နဲ့တူပါတယ်။ (ကွတ်ကြီး အကြောင်းမသိသေးရင် ဒီမှာဖတ်ပါနော်)။ အသက်လို့ ကျတော်ခေါ်တဲ့ သက်ပိုင်သူကတော့ ကိုကိုဂွေးတဲ့ဗျ။ ဟား ဟား။ နောက် လူသိပ်မသိတဲ့နာမည်တစ်ခု။ အဲဒါကတော့ တစ်ချို့ပဲသိပါတယ်လေ။
.
အချစ်ဆုံးသူမ (သယ်ရင်းနော် တလွဲမတွေးပါနဲ့) ကတော့ ကျတော့ နာမည်အရင်းကို သာခေါ်တယ်။ ဘယ်လိုမှ ရင်ခုန်စရာ မကောင်းဘူး။ ပြောတော့လဲ “နင်” နဲ့ “ငါ”။ ကျတော်ကလဲ သူမကို သူမ နာမည်အရင်းသာ ခေါ်ပါတယ်။ ဘာဘာညာညာတွေ ခေါ်ပါဘူး။
.
ကဲ ဘာနာမည်ကျန်သေးလဲ။ မကျန်တော့ သလောက်ပါပဲ။ ကဲ အသက်ရေ ကျေနပ်တော့နော်။ အခု အလုပ်ထဲကနေ ပို့စ်ရေးနေတာ။ မန်နေဂျာ ခိုင်းထားတဲ့ အလုပ် မပြီးလို့ အလုပ်ဖြူတ်လိုက်ရင် အသက်ပဲ ခေါ်ကျွေးထားရမယ်..ဟဲဟဲ။ ဘယ်သူ့ကို မှလဲ လက်မလွှဲတော့ဘူး ။ အာလုံးလဲ ကုန်သလောက်ရှိပီ။

11 comments:

သက်ပိုင်သူ said...

ဖြူမတဲ့ ...
ငယ်ငယ်တုန်းက မွေးထားတဲ့ ကြောင်မကြီးကို
သတိရလိုက်တာ
သူ့ကို ဖြူမလို့ခေါ်တယ်..
ကလေးတွေလည်း အများကြီး မွေးပေးတယ်
ဟီးဟီး

Taungoo said...

ထန်းပင်ကြီး ဆိုတာ ကျန်သေးတယ်။
နာမည်နဲ့ လူနဲ့ မလိုက်အောင် ဖြူပါပေတယ်။ အဲ.. မဖြူပါပေတယ်ကွယ်။

Sein Lyan Tun said...

မိဖြူ ကွေးကွေး
လှဘူး
ဖြူကွေး
လှတယ်
နာမည်သစ်ပေးမယ်
ဖြူကွေး
ချစ်ခင်စွာဖြင့်
ဖိုးစိန်

မိုးခါး said...

း)
ကိုဖိုးစိန်က နာမည်သစ်ပေးသွားပြန်ရော :D

Anonymous said...

သြော် နာမည်အရင်းက ဖိုးဆိတ်ဖြူကိုး....

Rita said...

ပုဖြူလုကွေး
:D

WWKM said...

ဟတ်ဟတ်..
အစ်မဆီ ဖြူနာမည်နဲ့ မေးလ်ဝင်လာတုန်းက အစ်မက
မိန်းကလေးထင်နေခဲ့တာလေ... ဒါပေမယ့်မှန်သွားလို့
မုန့်စားလိုက်ရတယ်..း))))) သိုင်းကျူး

mabaydar said...

ကိုပုလုက သယ်ရင်း သယ်ရင်းသာပြောတယ်.. အချစ်ဆုံးသူမ အကြောင်းဆို အမြဲ အရေးတယူရေးတယ်နော်.. သူမအကြောင်းရေးတဲ့ စာသားလေးတွေများ ဖတ်လိုက်ရရင်... ကိုပုလုကွေး ရေးစဉ်တုန်းက မျက်လုံးက တောက်ပပြီး ပြုံးပြီး ရေးနေမယ်လို့ ခံစားရတယ်... ဟုတ်တယ်ဟုတ်... အဲလိုရေးခဲ့တယ်ဟုတ်.. ကိုယ့်ကိုကိုယ်မသိရင် သတိထားကြည့်..

ကိုလူထွေး said...

အခုမှရောက်ဘူးတာ...
ဖတ်ရတာ ခင်ဖို့ကောင်းတယ်...
နောက်လဲ လာခဲ့ဦးမယ်...
ကွတ်ကြီး... ဟီးဟီး

flowerworld said...

ကိုကိုကွေးရေ ဟိဟိ
တော်ကြာကွေးကောက်ကုန်နေဦးမယ် ဟတ်ဟတ်

Anonymous said...

သားကြီး.. သားကြီး သိပ်မခေါ်နဲ့ အင်းစိန်ဘက်မှာ အဲဒီနာမည်က ဘာဆိုလား မသိဘူး ကြားဖူးတာပဲဗျ ဟီးဟီးဟီး